စီးပွားရေး



သင်အိပ်မောကျမနေနှင့်ငွေရှာကျရအောင်!

  • ၀ိဝ်ဆိုဒ်၊ ဘလော့သမား နှင့် နာမည်တအားကြီးတဲ့ ဖေ့ဘွတ်အသင်းဝင် တွေတော်တော်များများ အွန်လိုင်း ပေါ်မှာ မိမိရဲ့ ၀ိဝ်ဆိုဒ်၊ ဘလော့တွေမှာ ဘယ်လိုဝင် ငွေရှာ ရမလဲဆိုတာ မသိကျ ကျပါဘူး၊  ဒါကြောင့်အသိပညာပေးအနေနှင့် ရေးလိုက်ပါတယ်၊ အိမ်မှာနေရင်း အားလပ်တဲ့အချိန်ပိုင်းနှင့်လဲ အလုပ် လုပ်လို့ရတာကိုတွေ့ရလို့ ရေးလိုက်ရတာပါ၊ တော်တော်အကျိုးရှိပါလိမ့်မယ်၊
  • ဒါပေမဲ့ သတိထားကျရမဲ့  အရေးကြီးတဲ့အချက်က အစပိုင်းမှာ အလကားပေးထားပြီးနောက်ပိုင်း အဓိကကသော အရေးကြီးတဲ့နေရာကိုရောက်ရင် ပိုက်ဆံပေးရတဲ့ ၀ိဝ်ဆိုဒ်တွေလဲ အများကြီးပါ၊ ကျော်ငြာကောင်းလွန်းလို့ ချက်ချင်းဘဲ ၀င် ငွေ ရတော့မလိုနှင့်ကလိမ်လုပ်တဲ့နည်းတွေက လည်း  အများကြီးပါ၊စီးပွားရေးလုပ်နေကျတာကိုး! ဘယ်အရာမှလွယ်လွယ်နှင့်တော့ ဘာမှာမရပါဘူး?
  • အဲ!အလကားပေးထားတဲ့ ၀ိဝ်ဆိုဒ်တွေလဲအများကြီးပါ၊ များလွန်းလို့ ဘယ်ဝိ၀်ဆိုဒ်တွေက ဘယ်လိုပညာပေးထားတယ်ဆိုတာ ရေးဖို့များလွန်းလို့အခန်းဆက်တွေနှင့် အပိုင်းတွေခွဲပြီး တောက်လျှောက်ရေးသားပေးမှ ရမှာဖြစ်ပါတယ်၊
  • အဆင့်တိုင်းရှင်းပြမှာတော့မဟုတ်ပါဘူး၊ ဘာလို့ဆိုတော့ ၀ိဝ်ဆိုဒ်သမားတွေဆိုတော့ နဲနဲနည်းလမ်း ပြရင်ရင် အဆင်လော့ပြီထင်တယ်၊ အဲ! မြန်မာစာတွေကိုတော့ လက်ခံတဲ့ ဆိုဒ်ရှားပါသေးတယ်နော်!
“ငွေဆိုတာနှင့် လူတော်တော်များများစိတ်ဝင်စားကျမယ်ထင်တယ်”
  • အခုဒီ၀၀်ဆိုဒ်က အလကားပေးထားသောဆိုဒ်ဖြစ်ပြီး မိမိရဲ့ဝိ၀်ဆိုဒ်တွေမှာကျော်ငြာထည့်ရင် ၀င်ငွေ ပေးတဲ့ ဆိုဒ်လေးတခုဘဲ၊ အဲ! မိမိရဲ့ကုန်ပစ္စည်းတွေကိုလဲ ကျော်ငြာလို့ရှိရင်တော့ ကျော်ငြာခပေးရမှပါ၊ Generate codeတွေကို  မိမိရဲ့သက်ဆိုင်သောဝိ၀်ဆိုဒ်ရဲ့ HMTL တွေမှာထည့်ပေးလိုက်ယုံဘဲ၊ ဆိုဒ်အများကြီးရှိရင်တော့ ဆိုဒ်တခုချင်းစီမှာ codeထည့်ရပါတယ်၊
  • စိတ်ဝင်စားရင်တော့….ဒီမှာယူပါကလစ်နှိပ်လိမ့်ပါ>>
Website owners and Bloggers
Put your website traffic to work for you!

WEBSITE OWNERS & BLOGGERS:

Make money while you sleep!
AdHitz can turn your website or blog into a cash generating machine!

If you own a website or blog to which you have access to edit the HTML, you simply add our script code.
Our code allows advertisers to display their ads on your website, thus turning your website into a cash generating machine!

Register your FREE account and monetize your website and traffic now!

ADVERTISERS:

Reaching your target audience?
With AdHitz you could be receiving millions of ad impressions every day!
Let’s face it, advertising is a numbers game. The more your ad is shown, the higher percentage of click-throughs and sales you will convert. With AdHitz, you only pay for impressions that convert to click-throughs. Stop wasting your money on traffic that doesn’t convert!
Turn your advertising budget into sales with AdHitz!

သင်အိပ်မောကျမနေနှင့်ငွေရှာကျရအောင်!
သင်ဘာလိုနည်းနှင့် အွန်လိုင်းပေါ်မှာငွေရှာရမလဲ?
  • တော်တော်များ အွန်လိုင်းငွေရှာ နည်း တွေက Network commissions နည်းတွေနှင့် နက်ဝေါပ် အစုရှယ်ကော်မရှင် ပေးပါ တယ်။  ဒါပေမဲ့ တော်တော်များများနည်း တွေက အစပထမမှဘဲ Free အလကား ပေး ထားပြီးနောက်ပိုင်း တကယ်အရေးပါတဲ့နေရာရောက်ရင် ပိုက်ဆံပေးဝယ်မှ ၀င် ပြီးငွေရှာလို့ရတာကိုတွေ့ရတတ်ပါတယ်၊ ၀င်ငွေဘယ်လောက်ရတယ် ဆိုတဲ့ အဲဒီစာသားတွေကို ကြည့်လိုက်ပါ…   အများကြီးရှိပါတယ်….ဒီမှာ  နမူနာ Link>>>howtomakemoney.sg

  • Are You Looking For A Source of Income,

    Part Time , From Home or Online ?

  •  
  • Amzon,ebay,adsene(google)တွေက နာမည်ကြီးအွန်လိုင်းဈေးရောင်းတဲ့အစုံရောင်းဈေးဆိုင် တွေပါ၊ အဲဒီဆိုဒ်တွေမှာ ၀င်ပြီးဈေးရောင်းလို့ရတာကို သိတဲ့သူတွေနည်းပါတယ်၊ ဒါကြောင့် အသိပေးရတာပါ၊
  1. ကျွှန်တော်သိတလောက် Amazon ကတော့ အသင်းဝင်ပြီးသူရဲ့ Widget Code ခေါ်တဲ့ ကုဒ်ကို မိမိကြိုက်သလိုယူရင်ရပြီ မိမိရဲ့ မြန်မာ၊ အင်္ဂလိပ် ဘလော့မှာထဲ့လိုက်ရုံဘဲ၊ ဘာမှာမခက်လို အသေးစိတ်ရေးမပေးတော့ပါဘူး၊ စမ်းကြည့်လိုက်ပါ၊…                                                             ဒီမှာLink: >>>Amazon  နမူနာ Link>>>ကျွှန်တော်ရဲ့ Amzzon Associate Store! 
  2.  ebay ကတော့ Widget ကုဒ်တွေကို လစဉ်ကြေးပေးရပါတယ၊ ဈေးက Basic $15,95, Premium $49.95 and Anchor $299.95 တွေနှင့် မိမိရဲ့အရောင်းအိုင်ဒီတွေဖွင့်ပြီးမှ နောက်ပြီး မိမိလိုသလို ပြင်ဆင်ပြီးမှ မိမိရဲ့ဘလော့တွေထဲ့  မှရပါတယ်၊ …. ဒီမှာLink:>>>ebay
  3. adsene-Google ကတော့ မိမိရဲ့အင်္ဂလိပ်ဘလော့ မှာဘဲ ပေးထားတာတွေ့ရပါတယ်၊
  4. အခုဒီဝပ်ဆိုဒ်က ကျော်ငြာနည်းလမ်းနှင့် အွန်လိုင်းဝင်ငွေရှာနည်းလေးတခုကိုတွေ့မိလို့ရေးတင်လိုက် ပါတယ်၊ အခုဝပ်ဆိုဒ်က(Free) အလကားပေးထားတာတွေ့ရတယ်၊ အဲ! အားလုံးတော့ အလကားမရ ပါဘူး  ဘာဖြစ်လို့လဲဆိုတော့သူလဲ စီးပွားရှာနေတာကိုး! ပိုက်ဆံယူမှ ရတော့မှာပေါ့၊
    နည်းလမ်းတွေက ဒီလင့်လေးတွေမှာကြည့်လိုက်ပါ….
    1. ဒါက ကျော်ငြာနည်းလေးနှင့် ၀င်ငွေရှာနည်းလေး-Make Money! Part (1)
    2. ဒါက Socical Affiliate Marking နည်းလေး-Make Money! Part (2)
    3. ဒါက Game ကစားနည်းနှင့် ငွေရှာနည်းလေး-Make Money! Part (3)

လွတ်လပ်ခွင့်တွေ ရလာတဲ့ မြန်မာ့စီးပွားရေးမှာ စိမ်ခေါ်မှုတွေလည်း အမြောက်အများ ရှိနေပါတယ်။
var trkcid=150219515;var partnerID=650149; var _hb=1; window.onerror=function(){clickURL=document.location.href;return true;} if(!self.clickURL) clickURL=parent.location.href;
ဓာတ်ပုံ – အေပီ
“တကယ်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက အကန့်အသတ်နဲ့ပဲ ရှိနေတာပါ။”
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရင်း ပံ့ပိုးကြရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ပေးလာရာက ပြည်ပလုပ်ငန်းရှင်တွေ ကိုယ်တိုင်လည်း ၀င်ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အခြေအနေရော ရှိနေပါပြီလား? ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အရေးယူ ဒဏ်ခတ် ထားတာတွေ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံ သာယာဝပြောရေး၊ အခွင့်အလန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာစေရေး အတွက် တိုင်းပြည်မှာ ခိုင်မာ အားကောင်းတဲ့ ဈေးကွက်တွေ ပေါ်ပေါက်ဖို့ လိုနေပြီး၊ ဒါကိုလည်း ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေနဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ခရီးစဉ် အဆုံးမသတ်မီ တွေ့ဆုံခဲ့တဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောသွားတာပါ။
ဓာတ်ပုံ – အေပီ
ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် ပြည်ပက ရင်းနှီးမြုပ်နှံကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခရီးစဉ်အတွင်း တိုက်တွန်းသွားပါတယ်။
ဒီအတွက်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပံ့ပိုးပေးသွားဖို့ လိုမယ်လို့လည်း ပြောပါတယ်။
“နိုင်ငံတကာ မိသားစုနဲ့ ကုလသမဂ္ဂတို့ အနေနဲ့ မြန်မာနိုင်ငံမှာ ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ အပြည့်အ၀ အားပေးသင့်ပါတယ်။ ဒီအတွက်လည်း တတ်နိုင်သလောက် ကျနော်တို့ အနေနဲ့ အဆင့်တိုင်းမှာ အကူအညီ ပေးသွားနိုင်ဖို့ ကျနော် ကတိပေးခဲ့တာပါ။ နိုင်ငံတကာက ပံ့ပိုးမှုတွေ ရဖို့အတွက်လည်း ကျနော် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံလိုပဲ တချိန်က အပြောင်းအလဲတွေ ကြုံခဲ့ရဖူးတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ကြီးပြင်းခဲ့ဖူးသူ အဖြစ်နဲ့လည်း ပြင်ပက အကူအညီတွေ အပေါ် အားထားခဲ့ရတဲ့ အခြေအနေကနေ ကမ္ဘာ့စီးပွားရေးမှာ ရင်ဘောင်တန်းနိုင်တဲ့ အသွင်ကူးပြောင်းမှုမျိုးဟာ မဖြစ်နိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသွားတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ the Economist ရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) ကတော့ မြန်မာနိုင်ငံ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ဧပြီလမှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
ကုန်ထုတ်လုပ်မှုမှာ လိုအပ်တဲ့ အခြေခံတွေ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် စီးပွားရေး အားကောင်း လာနိုင်တယ်လို့လည်း EIU ရဲ့ အာရှရေးရာ အယ်ဒီတာ မိုက် ဂျိတ်ခ်မန်း (Mike Jakeman) က ပြောပါတယ်။
“နိုင်ငံရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး အပိုင်းတွေမှာ တိုးတက်အောင် လုပ်နိုင်မယ် ဆိုရင်တော့၊ အလားအလာကောင်းတွေ အကြီးအကျယ် ရှိနေတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ လူဦးရေ အားဖြင့် သန်း ၆၀ လောက်အထိ ရှိနေပြီး လုပ်သားအင်အား ကြီးကြီးမားမား ရှိနေသလို၊ လုပ်အားခလည်း ဈေးချိုနေလို့ပါ။ မြန်မာနိုင်ငံထဲမှာ ၀င်ငွေ တိုးလာတာနဲ့အမျှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာလည်း ၀ယ်လိုအားတွေ တက်လာမှာ ဖြစ်ပါတယ်။”
ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားမယ် ဆိုရင်တော့ စီးပွားရေး အားကောင်းလာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၈ လအတွင်း မြန်မာနိုင်ငံမှာ တွေ့လာရတဲ့ အပြောင်းအလဲ တချို့ဟာ အပေါ်ယံသာ ရှိနေသေးတာမို့ အဆောင်အယောင် သဘောသာ ဖြစ်မလား၊ တကယ်အားကောင်းတဲ့ စီးပွားရေး ဖြစ်မလား ဆိုတာကို ဆင်ဖြူတော်လား၊ နောက်ထပ် ကျားတကောင်လား ဆိုတဲ့ ခေါင်းစဉ်နဲ့ EIU ရဲ့ အစီရင်ခံစာက မေးခွန်းထုတ် ထားတာပါ။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အန္တာရာယ် ကြီးကြီးမားမား ရှိနေတာတွေကတော့ မူဝါဒရေးရာ ချမှတ်ရာမှာ အားနည်းချက်တွေ၊ အရည်အသွေး မပြည့်ဝတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေမှာ ဘက်မညီမျှမှုတွေ ရှိနေတာ၊ အစိုးရပိုင် ကဏ္ဍတွေ အတွက် ငွေကြေး သုံးစွဲမှုတွေမှာ အားနည်းချက်တွေကြောင့် အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစားရိတ်မှာ လိုငွေပြနေတာတွေကိုလည်း EIU အဖွဲ့ရဲ့ အစီရင်ခံစာက သတိပေး ထားပါတယ်။
တချိန်တည်းမှာပဲ လစ်ဟာမှုတွေ ရှိနေလင့်ကစား ပါတီစုံ ဒီမိုကရေစီ စနစ်တရပ် အမြစ်တွယ်လာရာက နိုင်ငံရေးမှာ တိုးတက်မှုတွေနဲ့အတူ စီးပွားရေး အားကောင်းလာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆန်းစစ်ထားတာပါ။ ဒါပေမဲ့လည်း လက်ရှိ မြန်မာအစိုးရကို ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို နေရာပေးလာနေတာကို သူ့ကိုထောက်ခံသူတွေက ဘယ်လောက် အထိ လက်ခံမယ်ဆိုတာ တတ်အပ် မပြောနိုင်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် အတိအကျ ဟောကိန်းထုတ်ဖို့ မလွယ်ဘူးလို့လည်း ဖော်ပြပါတယ်။
နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် ပေးခဲ့တာတွေ သက်တမ်း နုနယ်နေသေးတာ၊ အချိန်မရွေး နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အခြေအနေ တချို့လည်း ရှိနေသေးတာမို့ စိတ်ချလက်ချ မပြောနိုင်တာလို့ EIU အယ်ဒီတာ ဂျိတ်ခ်မန်း ကပြောပါတယ်။
“လောလောဆယ် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ကျနော်တို့ အနေနဲ့ နည်းနည်းတော့ သတိထားတုန်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အခြေအနေနဲ့ စီးပွားရေးကြား နီးနီးစပ်စပ် ဆက်နွယ်နေလို့ပါ။ သတင်းမီဒီယာတွေမှာ အစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဖော်ပြနေတာတွေကြောင့်လည်း လတ်တလော မြန်မာနိုင်ငံကို စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက အကန့်အသတ်နဲ့ပဲ ရှိနေတာပါ။”
ဓာတ်ပုံ – အေပီ
အခြေခံ အဆောက်အအုံ အားနည်းချက်တွေကလည်း မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုတခုပါ။
ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေကတော့ အရင်းအမြစ်နဲ့ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်လာကြတာမို့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ ပိုပြီး အားကောင်း လာမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံကြမယ့် သူတွေအဖို့ လတ်တလော အခြေအနေမှာ အခွင့်အလန်းထက် စိမ်ခေါ်မှုတွေနဲ့ ကြုံနေကြရတာပါ။
EIU အဖွဲ့ရဲ့ အာရှရေးရာ အယ်ဒီတာ ဂျိတ်ခ်မန်း ကတော့ စီးပွားရေး အတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းစရာ အများအပြား ရှိနေသေးတယ်လို့ သုံးသပ်ထားပါတယ်။
“ငွေပင်ငွေရင်းတွေကို တနေရာက တနေရာ လွှဲပြောင်းရာမှာ အကြီးအကျယ် ကန့်သတ်ထားတာတွေ ရှိပါတယ်။ စိတ်ချလက်ချ ငွေအရင်းအနှီး မတည်ဖို့ ငွေကြေး လွှဲပြောင်းဖို့လည်း မလွယ်ပါဘူး။ ကုန်စည် စီးဆင်းမှုအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတာ၊ အားကိုးလောက်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ မရှိတာတွေလို ပြဿနာတွေကလည်း စိတ်ပျက်မယ်ဆိုရင် စိတ်ပျက်စရာတွေပါ။ ဒါကြောင့်လည်း လုပ်စရာတွေကတော့ အများကြီး ရှိနေပါတယ်။”
မကြာခင်နှစ်တွေအတွင်း မြန်မာ့စီးပွားရေး အလားအလာတွေအဖြစ် EIU ရဲ့ အစီရင်ခံစာက ခန့်မှန်းရာမှာတော့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ အခင်းအကျင်း တခုအဖြစ်၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေပေမဲ့ အခြေခံကျကျ စစ်မှန်တဲ့ အပြောင်းအလဲတွေ အနည်းအကျဉ်းလောက်သာ ရှိနိုင်မယ်လို့ ဖော်ပြပါတယ်။ ဒီဖြစ်နိုင်ချေပေါ်မှာ ဖွံ့ဖြိုးနိုင်တဲ့ ပမာဏကို တွက်ချက် ထားရာမှာတော့ ဒီနှစ် ၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ၇.၇ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
ဓာတ်ပုံ – ရိုက်တာစ်
ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်တွင်း ရောက်လာပေမဲ့ နိုင်ငံရေးအရ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပါ။
ဒုတိယ ဖြစ်နိုင်ချေအားဖြင့် ၂၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ကောင်းကောင်းနဲ့ လုပ်လာမယ့် အလားအလာရှိတဲ့ ရွှေခေတ် တခေတ်လည်း ဖြစ်နိုင်တယ်လို့ EIU က သုံးသပ်ပါတယ်။ ဒီလို ဖြစ်လာမယ် ဆိုရင်တော့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၂ ဘဏ္ဍာနှစ်မှာ ၅ ရာခိုင်နှုန်း၊ ဒီနောက်မှာတော့ ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ၈.၅ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
ဖြစ်နိုင်ချေအားဖြင့် အနည်းဆုံးအဖြစ် ၁၅ ရာခိုင်နှုန်းရှိတဲ့ နောက်ဆုံး အလားအလာ တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန်ပြီး၊ စစ်တပ်က ပြန်လည်လွှမ်းမိုးလာမယ့် အခြေအနေလို့ ဆိုပါတယ်။ ဒီလို အခြေအနေကို ရောက်သွားမယ် ဆိုရင်တော့ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ ဖွံ့ဖြိုးမှု ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း ၄.၄ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ကျဆင်းနိုင်တဲ့ အဖြစ်နဲ့ ရင်ဆိုင်ရမယ်လို့ the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) က မြန်မာနိုင်ငံ စီးပွားရေး ဆန်းစစ်ချက်အဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
Ref:voaburmese

သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း

ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ – ဧရာဝတီ)
   ၂၀၀၈ ခုနှစ် မေလတွင် နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဦးဆုံးအကြိမ်အဖြစ် သဘောတူခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ယခုအခါ တဝက်တပျက် ဖြစ်တော့မည်လော။
ရေနံတင်သဘောင်္များအတွက် ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ရေနံဓာတုပစ္စည်းစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများအပါအ၀င် အဆိုပါ လုပ်ငန်းစီမံချက်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရက အပြောင်းအလဲများ မလုပ်သည့်အချိန်အထိ တိုးတက်မှုတစုံတရာ မရှိခဲ့ပေ။ အပြောင်းအလဲများလုပ်ခဲ့သည့် နောက်ပိုင်းများတွင်သာ တတိယကြားခံ အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့များ ရလာနိုင်သော အလားအလာ မြင့်တက်လာခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အဓိကလိုင်စင်ရ လုပ်ငန်းရှင်တခုဖြစ်သော ဘန်ကောက်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း အီတလီ-ထိုင်း ဆောက်လုပ်ရေးကုမ္ဗဏီ (Italian-Thai Development – ITD) က အမေရိကန်ဒေါ်လာ ဘီဘီယံ ၅၀ တန် စီမံကိန်းကြီးကို ထုတ်ဖော်ပြသလိုက်ပြီး PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးကုမ္ပဏီကြီးများ အပါအ၀င် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကို စတင်ဆွဲဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အိပ်မောကျနေသော အရှေ့တောင်ပိုင်းကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးရေးမှုကို အစဖော်ပေးနိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ခြေမြန်လက်မြန်ဖြင့် အကောင်အထည် ဖော်မည့်ပုံ ရှိခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလမှစ၍ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
ဂျပန် စက်မှုလုပ်ငန်းကုမ္ပဏီကြီးများသည် ရုတ်ချည်းဆိုသကဲ့သို့ ရန်ကုန်အနီးတွင် တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်း လုပ်ငန်းကို ပိုစိတ်ဝင်စားဟန်ပေါ်နေသည်။
တချိန်တည်းတွင် ထိုင်းအစိုးရသည် ထားဝယ်မြို့တောင်ဘက်ရှိ ပက်ဘရာ (Pak Bara) တံငါရွာလေးအနီး၊ ထိုင်းနိုင်ငံရေပိုင်နက် အက်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းတခုတည်ဆောက်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က သဘောတူခွင့်ပြုခဲ့သည်။
အဆိုပါ မမျှော်လင့်သည့် အံ့အားသင့်စရာ အစီအစဉ်သစ်ကို ဗြိတိန်နိုင်ငံမှ Port Strategy မဂ္ဂဇင်းကြီးက ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဒုဝန်ကြီး ချက်ချာ့တ် စစ်တီပန့် (Chadchart Sittipunt) ကို ကိုးကား၍ ဖော်ထုတ်ရေးသားခဲ့သည်။
“ပက်ဘရာတွင် တည်ဆောက်ရန် ဆုံးဖြတ်ချက်ကို တွန်းအားဖြစ်စေသည့်အချက်သည် မြန်မာနိုင်ငံတွင် ထားဝယ်ဆိပ်ကမ်းလုပ်ငန်းစီမံကိန်းအတွက် မရေရာမှုများ များလာနေခြင်းကြောင့်ဖြစ်သည်” ဟု Port Strategy မဂ္ဂဇင်းကြီးတွင် ရေးသားထားသည်။
“အကယ်၍ ထားဝယ်စီမံကိန်း ဆက်ဖြစ်သည်ဆိုပါက ပက်ဘရာဆိပ်ကမ်းကို အရန်လုပ်ငန်းတခုအဖြစ် ဆက်ထားပြီး အကယ်၍ ထားဝယ်စီမံကိန်း လုံးဝမဖြစ်တော့ပါက ကုန်းတွင်းပိုင်း အကန့်အသတ်ရှိသည့်တိုင် ပက်ဘရာဆိပ်ကမ်းသည် ထိုင်းနိုင်ငံအတွက် အသုံးဝင်သော ဆိပ်ကမ်းတခု ဖြစ်လာမည်ဟု ဒုဝန်ကြီး စစ်တီပန့်က ကောက်ချက်ချပြောဆိုခဲ့သည်” ဟု အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
ထားဝယ်စီမံကိန်း လုပ်ငန်းက ယခုအခါ မြန်မာအစိုးရ မူဝါဒ အပြောင်းအလဲများကြောင့် လတ်တလောတွင် ရပ်ဆိုင်းထားရပြီး လုပ်ငန်းတည်ဆောက်သူများကလည်း ရင်းနှီးမြုပ်နှံလိုသူများ ရှာနေကြောင်း မဂ္ဂဇင်းတွင် ဆက်လက် ရေးသားထားသည်။
အီတလီ-ထိုင်းကုမ္ပဏီသည် ထားဝယ်လုပ်ငန်း စတင်ရန်အတွက် ငွေရှာနေသည့်အချိန်တွင် ထိုင်းအစိုးရနှင့် ပုဂ္ဂလိကဏ္ဍ လုပ်ငန်းရှင်များကမူ စောင့်ကြည်သည့်နည်းလမ်းနှင့် ချဉ်းကပ်နေကြောင်း မဂ္ဂဇင်းတွင် ဒုဝန်ကြီး စစ်တီပန့်ကို ကိုးကား ဖော်ပြထားသည်။
ထားဝယ်လုပ်ငန်း စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားရသည့် အကြောင်းရင်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အကြောင်းပြချက်ဖြင့် အီတလီ-ထိုင်း ကုမ္ပဏီက တည်ဆောက်မည့် မီဂ္ဂါဝပ် ၄၀၀၀ ထုတ်ပေးနိုင်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံအား မြန်မာအစိုးရက ပိတ်ပင်ခဲ့သည့် အချက်တချက်လည်း ပါဝင်နိုင်သည်။ ကျောက်မီးသွေးစက်ရုံက ထုတ်မည့် လျှပ်စစ်ဓာတ်အား အများစုကို မြန်မာနိုင်ငံ အရှေ့တောင် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများထက် ထိုင်းနိုင်ငံသို့ ရောင်းချရန် ရည်ရွယ်ထားသည်ဟု နောက်ပိုင်းတွင် သိရှိခဲ့ရသည်။
မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်အတွင်း ရန်ကုန်မြို့ပြင်ရှိ သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးအတွက် ကုမ္ပဏီကြီးများကို သမ္မတက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့သဖြင့် အီတလီ-ထိုင်းကုမ္ပဏီ၏ ဆိပ်ကမ်းတည်ဆောက်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ပို၍ မျှော်လင့်ချက် မဲ့သွားရသည်။
သမ္မတ ဦးသိန်းစိန်သည် ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ အီတိုချုနှင့် မာရူဘေနီ ကုမ္ပဏီများမှ ဝါရင့် စီမံခန့်ခွဲသူများနှင့် တွေ့ဆုံခဲ့သည်။ ယခုအချိန်တွင် မာရူဘေနီနှင့် ဆူမီတိုမို ကုမ္ပဏီများမှ ပညာရှင်များသည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ် ပိုကောင်းလာစေရေးနှင့် သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် နည်းပညာအစီရင်ခံစာ ရေးဆွဲရာတွင် ပါဝင်ကူညီပေးရန် ရှိသည်။
“ဖြစ်နိုင်တာက မြန်မာနိုင်ငံရဲ့ အရှေ့တောင် ကမ်းရိုးတန်းဒေသကနေ တချို့ အကျိုးအမြတ်တွေ ရနေသည့်တိုင် ထားဝယ်စီမံကိန်း တည်ဆောက်ခြင်းက ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်အများကြီး ရှိနိုင်တယ်ဆိုတာ (မြန်မာအစိုးရက) သိသွားတာလည်း ဖြစ်ကောင်းနိုင်တယ်” ဟု ဘန်ကောက်အခြေစိုက် စွမ်းအင်လုပ်ငန်းအကြံပေး ကော်လင်းရီနယ်က ဧပြီလ ၂၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့ ဧရာဝတီမြစ်ရိုးတလျှောက် စက်မှုလုပ်ငန်းတွေက ထိုင်းနဲ့ အရမ်းဝေးလွန်းတယ်။ ထားဝယ်ကျတော့ ဘန်ကောက် ကုန်သွယ်ရေးဇုန်နဲ့ တော်တော်နီးတယ်။ ထိုင်းကမ်းရိုးတန်း တောင်ဖက်စွန်းမှာ နောက်ထပ် ဆိပ်ကမ်းတခု ထပ်တည်မယ်ဆိုတဲ့ ထိုင်းရဲ့အစီအစဉ်က မဟာဗျူဟာအရတော့ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဖြစ်နိုင်တာက ကျောက်မီးသွေးလောင်စာ ဓာတ်အားပေးစက်ရုံမျိုး မရှိရဆိုတဲ့ ကန့်သတ်ချက်မျိုးကို မြန်မာက ဖယ်ပေးအောင်လုပ်တဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်။ သီလ၀ါ ရင်းနှီးမြုပ်နှံမှုကတော မြန်မာနိုင်ငံအတွက် လုံးဝ အဓိပ္ပာယ်အရှိဆုံး လုပ်ငန်းဖြစ်တာတော့ ကျိန်းသေပေါက်ပဲ” ဟု ကော်လင်းရီနယ်က ပြောသည်။
စီးပွားရေးပညာရှင်များစွာ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်လာမည်ဆိုပါက သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို မြှင့်တင်ရန်အတွက် ခေတ်မီဆိပ်ကမ်းများ လိုအပ်လာပေမည်။ လက်ရှိအခြေအနေတွင် ကွန်တိန်နာအကြီး အနည်းငယ်သာ လက်ခံနိုင်သေးသည်။
ဘင်္ဂလားပင်လယ်အော်တွင် တည်ဆောက်ဆဲ ဆိပ်ကမ်းနှစ်ခုသည်လည်း အကန့်အသတ်ရှိ၍ အလွန် ဝေးကွာလွန်းသည်။ ထိုနှစ်ခုမှာ ဘင်္ဂလားဒေ့ရှ်အနီး စစ်တွေနှင့် ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူတို့တွင် ဖြစ်သည်။
ထားဝယ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံတွက် အကျိုးကျေးဇူး ပိုဖြစ်နိုင်သကဲ့သို့ စစ်တွေဆိပ်ကမ်းသည်လည်း အိန္ဒိယ၏ ကုန်တွင်းပိတ်အရှေ့မြောက် ပြည်နယ်များတွင် ပင်လယ်နှင့် ချိတ်ဆက်ရန် လိုနေသည့်အတွက် အိန္ဒိယအတွက် ပိုအသုံးဝင်သည်။ လက်ရှိအချိန်တွင် အိန္ဒိယကုမ္ပဏီများသည် ဆန်တင်ပို့သော ဆိပ်ကမ်းဟောင်းကို ပြန်လည် ပြုပြင်ရေးအတွက် ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံထားကြသည်။
ကျောက်ဖြူဆိပ်ကမ်း ဆိုသည်မှာလည်း တရုတ်နိုင်ငံက သူ၏ ကုန်တွင်းပိတ် အနောက်တောင်ဒေသများဆီသို့ အိန္ဒိယသမုဒ္ဒရာအားဖြတ်၍ မြန်မာနိုင်ငံကို ပိုက်လိုင်းချိတ်ဆက်အဖြစ် အသုံးပြုကာ ရေနံတင်ပို့လိုသော တရုတ်အစိုးရ၏ ဆန္ဒရင်းအမှန်သာ ဖြစ်သည်။
“အတိအကျပြောရရင် ထားဝယ်ဆိုတာ ထိုင်းဇတ်လမ်းတပုဒ်ဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီအတွက် စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် ဒီလုပ်ငန်းဟာ ဆက်ရှိနေဖို့ အကြောင်းမရှိတော့ဘူး” ဟု သြစတေးလျနိုင်ငံ မက်ကွာရေးတက္ကသိုလ်မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ပါမေက္ခ ရှောင် တာနယ်က ဧပြီလ ၃၀ ရက်နေ့က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
သို့သော် ထားဝယ်ဒေသအား ဒေသတွင်းဆုံရပ်တခုအဖြစ်သို့ ရောက်ရှိရန် ရည်ရွယ်ထားပြီး ထိုမှတဆင့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကူးသန်းရောင်ဝယ်မှု ကွန်ရက်အတွင်းသို့ အလိုက်သင့်ပါဝင်သွားနိုင်သည်ဟု ထိုင်းများက အခိုင်အမာ ပြောနေဆဲဖြစ်သည်။
ထားဝယ်တွင် အကြီးစားဆိပ်ကမ်းတခု ရှိနေခြင်းသည် မဲခေါင်ဒေသ စီးပွားရေးကုန်သွယ်မှုလမ်းကြောင်းများ ပေါ်ပေါက်ရေး အစီအစဉ်နှင့် အလွန်လိုက်ဖက်သည်ဟု ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ ပြောဆိုသည်။
အိပ်ပျော်နေသော ထားဝယ်မြိုနှင့် ထိုင်းဘက်မှ ကန်ချရဘူရီသို့ ဆက်သွယ်ပေးထားသော အသစ်စက်စက် လမ်းတခု ဖောက်လုပ်ပြီးသွားပြီဖြစ်သည်။ သို့သော် အီတလီ-ထိုင်းကုမ္ပဏီ အကြီးအကဲ ပရမ်ချိုင်း ကန်နဆူတ မျှော်မှန်းထားသည့်အတိုင်း ရှစ်လမ်းသွား အဝေးပြေးလမ်းမနှင့် အမြန်မောင်း မီးရထားလမ်း ဖြစ်ရန်အတွက်မူ ဖြစ်နိုင်ခြေ အလွန်နည်းနေသည်။
အစိုးရပိုင် ရေနံလုပ်ငန်း ကုမ္ပဏီကြီး PTT အုပ်စု၊ ထိုင်းအစိုးရက ၄၅ ရာခိုင်နှုန်းပိုင်သော ရပ်ခ်ျဘူရီ လျှပ်စစ်ထုတ်လုပ်ရေးဦးပိုင် အပါအ၀င် အီတလီ-ထိုင်းကုမ္ပဏီနှင့် ၎င်း၏ ထိုင်းစီးပွားဖက် ကုမ္ပဏီများက မေလ သို့မဟုတ် ဇွန်လတွင် ပြန်လည်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်များကို လူသိရှင်ကြား ထုတ်ဖော်မည်ဟု ပြောဆိုထားသည်။
WILLIAM BOOT ၏ Dawei in Doubt as Thai Port Talk Grows ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Ref:irrwaddyburnese

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂၀၀၇ ခုနှစ် မော်ဒယ်အထက် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် မော်တော်ယာဉ် တစီးစီ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မေလ ၇ ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက လူတထောင်လျှင် ကား ခုနှစ်စီးနှုန်းခန့်သာ ရှိတဲ့အတွက် ကိုယ်ပိုင်ကား စီးနိုင်တဲ့သူ အရေအတွက် ပိုမိုများပြားလာအောင် နိုင်ငံသားတိုင်း နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ကာ တဦးလျှင် တစီးစီ သွင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်’’ ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာမှာ အဆမတန် မြင့်တက်လျက်ရှိသော ကားဈေးနှုန်းများကြောင့် ကိုယ်ပိုင်ကား စီးနိုင်သူ အရေအတွက် နည်းပါးရခြင်းပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကားတင်သွင်းခွင့် ဥပဒေများကို ထပ်မံလျှော့ပေါ့ပေးခြင်း ဖြစ်ကြောင်း ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။
၂ဝဝ၇ ခုနှစ် မိုဒယ်နှင့်အထက် ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်း၊ ညာမောင်း နှစ်မျိုးစလုံး တင်သွင်းခွင့် ပြုမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသွားသည်။
နိုင်ငံခြားငွေ ဘဏ်စာရင်းဟုဆိုရာတွင် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူသန်း ရောင်းဝယ်ရေးဘဏ် Myanmar Investment and Commercial Bank နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် Myanmar Foreign Trade Bank သို့မဟုတ် နိုင်ငံခြား ဘဏ်တခုခုဖြင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကဘဏ်တခုခုတွင် ငွေစာရင်းဖွင့် လှစ်ထားသည့် ငွေစာရင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး ငွေစာရင်းတွင် တင်သွင်းမည့် ကားတန်ဖိုး ပမာဏသာ ရှိဖို့လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်။
ယခု ခွင့်ပြုလိုက်သည့် ကားတင်သွင်းခွင့်ပါမစ် လျှောက်ထားခြင်းကို မေလ ၉ ရက်မှ စတင်၍ စီးပွားကူးသန်း ဝန်ကြီးဋ္ဌာနမှ ဆောင်ရွက်ပေးသွားမည်ဟုလည်း ဝန်ကြီးက ပြောဆိုသွားသည်။
အဆိုပါ ခွင့်ပြုယာဉ်များကို ရန်ကုန် ဆိပ်ကမ်း အရောက်တန်ဖိုး (CIF) အမေရိကန်ဒေါ်လာ ၅,၀၀၀ သတ်မှတ်ကာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။
ကားတင်သွင်းခွင့်များကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလက စတင်ကာ နှစ်ပေါင်း ၄၀ ကျော်၊ ၃ဝ ကျော်နှင့် နှစ် ၂ဝ ကျော် ယာဉ်ဟောင်းပိုင်ရှင်များကို ယာဉ်ဟောင်း အပ်နှံကာ ကားတင်သွင်းခွင့်များကို ခွင့်ပြုလျက်ရှိရာ ၂ဝ၁၂ ဧပြီလအထိ မော်တော်ယာဉ် စုစုပေါင်း ၄၈,ဝဝဝ ကျော် တင်သွင်းခွင့် ပြုပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကားဟောင်းအပ်နှံရေး အစီအစဉ်အရ ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာ အထိ ယာဉ်ဟောင်း ပိုင်ရှင်များကို ကားတင်သွင်းခွင့်
ပေးသည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ‘န’ နှင့် ‘ပ’ အက္ခရာ ယာဉ်များ အပ်နှံသည့် အစီအစဉ်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂ဝ၁၁ ခုနှစ် စက်တင်္ဘာလမှ စတင်ကာ ယဉ်ဟောင်းပိုင်ရှင်များကို ၁၉၉၅ ခုနှစ်မှ ၂ဝဝ၂ ခုနှစ် မော်ဒယ်အထိ ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ပြီး ၂ဝ၁၂ ဇန်နဝါရီလမှ စပြီး ၁၉၉၆ ခုနှစ် မှ၂ဝဝ၆ ခုနှစ်မော်ဒယ်အထိ တင်သွင်းခွင့် မှုဝါဒချမှတ်ခဲ့ပြီး ထပ်မံ ဖြေလျော့ပေးခဲ့သည်။
ယဉ်ဟောင်း အစားထိုးတင်သွင်းခွင့် အစီအစဉ်နှင့်အတူ နောက်ပိုင်းတွင် နိုင်ငံခြား ဘဏ်စာရင်း ရှိပြီး အခွန်ဆောင် ထားသော နိုင်ငံခြား သင်္ဘောသားများနှင့် ပင်လယ်ရပ်ခြားတွင် အလုပ်လုပ်ကိုင်ဖူးသော နိုင်ငံသားများကို ၂ဝဝ၇ ခုနှစ်မော်ဒယ်မှ ၂ဝ၁၁ ခုနှစ် မော်ဒယ်အထိ ကားများကို တင်သွင်းခွင့် ပြုခဲ့သည်။
ထိုကဲ့သို့ အဆင့်ဆင့် ကားတင်သွင်းခွင့်များကြောင့် ဈေးကွက်အတွင်းရှိ ကားဈေးနှုန်းများ နှစ်ဆမှ သုံးဆအထိ ကျဆင်းသွားခဲ့သည်။ သို့သော် ကားဟောင်း လဲလှယ်ရေး အစီအစဉ်အတွက် ကားတင်သွင်းခွင့် ပါမစ်များမှာ ကျပ် သိန်း ၁ဝဝ မှ ၁၅ဝ အထိ မြင့်တက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်နှင့် အထက်မော်ဒယ် ကားတင်သွင်းခွင့်ပါမစ်များမှာ ကျပ် သိန်း ၇ဝ မှ ၈ဝ အထိ မြင့်တက်ခဲ့ရာ ကားဈေးနှုန်းများမှာ ဆက်လက်မြင့်မားဆဲဖြစ်ပြီး ဈေးကွက်အတွင်း ကားဟောင်း လဲလှယ်ရေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိသေးသော ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ် မော်ဒယ်နှင့် အထက် အိမ်စီးကားများမှာ ကျပ်သိန်း ၁ဝဝ ကျော် ဈေး ရှိခဲ့သည်။
“အခုလို ကားတင်သွင်းခွင့် ဥပဒေတွေကို ဖြေလျှော့ပေးလိုက်တာ ကားဈေးနှုန်းတွေ ပိုကျသွားပြီး ငွေကြေး သိပ်မတတ်နိုင်တဲ့ လူတွေလည်း ကားဝယ်စီးနိုင်တော့မှာပါ။ အရင်ကဆို ကျပ် သိန်း ၁၀၀ လောက်တောင် ကားကောင်းတစီး မရနိုင်ပါဘူး” ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ် ရပ်ကွက်တခုတွင် နေထိုင်သော ဦးသက်နိုင်က ဆိုသည်။
မော်တော်ကားများမှာ ရန်ကုန်မြို့လည်အတွင်းတွင်သာ များပြီး ဒဂုန်မြို့သစ်ကဲ့သို့ နယ်မြို့များတွင် သိပ်မရှိလှကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထို့ပြင် လမ်းများကို ကောင်းမွန်စွာ ပြုပြင်ပေးစေလိုကြောင်း ဦးသက်နိုင်က မဇ္ဈိမကို
ပြောဆိုသွားသည်။
Ref:mizizmaburmese

နောက်ဆက်တွဲသတင်း–

ပြည်ပရောက် မြန်မာလုပ်သားများ မော်ဒယ်မြင့်ကား တင်သွင်းခွင့် ရမည်
ရန်ကုန်၊ ဇန်နဝါရီ ၉
ဝင်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်စာရင်းတွင်ကန်ဒေါ်လာ တစ်သောင်းနှင့် အထက်တွင်ရှိသော ပြည်ပထွက်ခွာ မြန်မာအလုပ် သမားများအနေဖြင့် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ထုတ်လုပ် ထားသော မော်ဒယ်မြင့်မော်တော်ယာဉ်များ တင်သွင်းခွင့်ရရှိမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သတင်းတစ်ရပ် ထုတ်ပြန်ထားသည်။ ပြည်ပရောက် မြန်မာ အလုပ် သမားများကို အထက်ပါ သက် တမ်းကာလရှိ လူစီးကားများကို တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး တင်သွင်း လိုသူများ အနေဖြင့် ယင်းဌာနသို့ လျှောက်ထားနိုင်ကြောင်း ယင်း သတင်းထုတ်ပြန်ချက်များအရ ဖော်ပြထားသည်။ ယင်းကြေညာချက်တွင် ပြည်ပရောက် မြန်မာ အလုပ်သမားကိုယ်တိုင် လက်ဗွေနှိပ် ၍ လျှောက်ထားရမည်ဖြစ်ပြီး ပြည်ပတွင် တရားဝင်အလုပ် လုပ် ကိုင်နေကြောင်း အထောက်အထား၊ မြန်မာနိုင်ငံဘဏ် နိုင်ငံခြား ငွေစာရင်း ဖွင့်ထားသော ဘဏ်စာအုပ်၊ မှတ် ပုံတင်ခြင်းအတွက် FEC 100 ပေးသွင်းပြီးသည့် ချလန် အထောက် အထား ပါရှိရမည်ဖြစ်ကြောင်း ပါ ရှိသည်။
မော်တော်ယာဉ် လျှောက် ထားလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသား များသည် ၂ဝ၁၂ ခု နှစ် ဇန်နဝါရီလ မတိုင်မီကပင် ပြည် ပတွင် အလုပ်လုပ်ကိုင်နေသူ တစ် ဦး ဖြစ်ရမည်ဟု ယင်းဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကားသွင်းနိုင်ရန် အခွင့်အရေး ပေးထားသော်လည်း လူနည်းစုသာ သွင်းနိုင်မည် ဖြစ်ကြောင်း၊ ပြည်ပ ရောက် မြန်မာလုပ်သား အများစု မှာ ဘဏ်စာရင်း ဖွင့်ထားခြင်း မရှိ သည့်အပြင် မိသားစုထံသို့ ပြန် လည်ပေးပို့နေရသည့် ငွေပမာဏလည်း ကျန်ရှိနေသေး သောကြောင့် အရင်းအနှီးရှိ၍ စီးပွားရေးအရ လုပ် ကိုင်နိုင်သော သူများအတွက်သာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ကို ရီးယားနိုင်ငံတွင် ခြောက်နှစ်ကြာ နေထိုင် အလုပ် လုပ်ကိုင်လာသည့် မြန်မာ အလုပ်သမားတစ်ဦးက ဆိုသည်။
နိုင်လင်း-popularmyanmar


  • စကာင်္ပူကအင်တာနက်ပေါ်က  ပစ္စည်းအစုံတွေကို ပရိုမိုးရှင်း(၃၀ ကနေ ၉၀ %နှုန်း)ထိ ပေးထားသောဈေးဆိုင် များကိုတွေ့လို့၊
  • ebay နှင့် Amazon လိုမျိုးဆိုင်ကလေးပါ၊  Amazon ဆိုရင်ကျွှန်တော်ရဲ့blog’s မှာလဲ ၀ယ်ယူ အားပေးလို့ရပါတယ်၊ “ဟဲဟဲ”
  • ဒါပေမဲ့ အစားအသောက်ပါရောင်းတာတွေ့လို့ အလွယ်တကူ အော်ဒါမှာလို့ရတယ်ကိုလဲတွေ့ရပါတယ်၊ တကိုယ်တော်နေနေတဲ့သူတွေအတွက် အဆင်ပြေပါလိုက်ပါမယ်!
  • အခုနောက်ပိုင်း ခေတ်စားလာသော ဖုန်းနှင့်ဈေးဝယ်နည်းတွေဖြစ်တဲ့ iphone, Android Moblie Application တွေလဲရှိတော့ တော်တော်အဆင်ပြေတာတွေ့ရပါတယ်၊ အဲ! Credit cardဆိုတဲ့ ခရစ်ဒတ်ကဒ်မှာ ပိုက်ဆံတော့ ရှိလိုတယ်နော်! နောက်တာပါ! အော်ဒါ ရောက်မှရှင်းလဲရပါတယ်!
  • ပေါချောင်ကောင်းလိုချင်တဲ့သူငယ်ချင်းတွေ အတွက်တင်ပေးလိုက်ပါတယ်!
  • ကဲစမ်းပြီး အော်ဒါမှာပြီး ၀ယ်ကြည့်လိုက်ပါအုံး!

>>>alldealsasia.com/our_deals/singapore
>>>www.deal.com.sg/deals/singapore
 င်္ဒီ Website ကတော့ အစားအသောက်အစုံပါအော်ဒါမှာလို့ရပါတယ်


Cheaply online books shop!

       Online ကနေ ဈေးပေါတဲ့ စာအုပ်လေးတွေကို လမ်းညွှန့်လိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကထုတ်တဲ့ မူရင်းစာအုပ်ကောင်းတွေက ဈေးက အားကြီးလွန်းလို့ $ ဂကဏာန်း ၃ လုံး အနည်းဆုံး ရှိလို့ တော်ရုံတန်ရုံနှင့် မ၀ယ်ယူနိုင်ကျပါ ဘူး! ဒါကြောင့် လိုချင်တဲ့ သူငယ်ချင်းတွေ ၀ယ်ချင်ရင်ဈေးသက်သက်သာသာနှင့် အဆင်ပြေ အောင်လို့ အသိပေးရတာပါ၊
ဘာဖြစ်လို့ဒီလောက်ပြောနေရလဲဆိုတော့ နိုင်ငံခြားမှာနေပြီး စာတွေမဖတ် ဘာမှဆက်မလေ့လာရင် ခေတ်နောက်ကျကျန်ခဲ့မှာဖြစ်တဲ့ အတွက်ကြောင့်ပါဘဲ၊ အဓိက IT ပညာရှင်တွေဆိုပိုဆိုးပါတယ် နှစ်တိုင်း နည်းပညာတွေ အသစ်တွေတောက်လျှောက်ထွက်တော့ ဘာမှဆက်ပြီးမလေ့လာရင် ပြတ်ကျန်ခဲ့တာတွေ့ရပါတယ်၊ New Version တောက်လျှောက်ဆိုတလို ထွက်နေတာပါဘဲ! စီးပွားရေးအရပြိုင်နေသလို အဲ ထွက်လိုက်တာမှ ဟိုကဒီက…….
ဒီလိုထွက်တိုင်းလေ့လာဝယ်ဖတ်ရရင် မူရင်းစာအုပ်ဖိုးနှင့် မွဲနိုင်ပါတယ်! ဒါကြောင့်ဈေးသက်သက်သာသာ နှင့်ရနိုင်သော အခု Website တွေက အပေါင်းသင်းတွေအတွက်အကျိုးရှိလိမ့်မယ်တင်တယ်နော်!

အဲ!အရေးကြီးတာမေ့နေလို့? အော်ဒါမှာတာ Credit Card နှင့်ဘဲပါတယ်ဆိုတာဘဲ?

အဲ! နောက်ပြီးကိုယ်မှာရှိတဲ့မလိုတော့တဲ့စာအုပ်အဟောင်းတွေကိုလဲ ပြန်ရောင်းလို့တယ်နော်! မမေ့ပါနှင့်?
     စာအုပ်ဈေးတွေကတော့ အသစ်ဈေးနှင့် အဟောင်းဈေးဆိုပြီး ၂ မျိုးရှိပါတယ်၊ အဟောင်းတွေဆိုပေမဲ့ တော်တော်ကို သစ်လွင်နေသေးတာတွေ့ရပါတယ်၊ ဆုတ်ပြတ်နေတာမရှိပါဘူး ဆိုတာဘဲ! ရောင်းဈေးတွေက သူဟာသူ ဈေးချပြီးရောင်းပေးနေတာကိုတွေ့ရပါလိမ့်မယ်၊

Money Saving Tips from FreeShipping.org Using coupon codes and free shipping offers on your everyday purchases is just the tip of the money-saving iceberg. When you want to dig deeper into the ways you can keep more cash in your pocket, just read through a few of the posts below. The FreeShipping.org Blog is filled with helpful tips and tricks for cutting costs on everything from groceries to gifts.
      Better World Books Free Shipping Codes Find fabulous savings while helping a world cause with Better World Books free shipping. Better World Books is an online book merchant that collects and sells an extensive selection of titles. Every book you buy at BetterWorldBooks.com helps fund literacy initiatives worldwide. Browse below for free shipping or coupon codes to apply at checkout.
ဒါကစကာင်္ပူက စာအုပ်အဟောင်းဈေးကွက်နေရာနှင့် Websiteတွေဘဲ….

       While a recent post about whether Singapore is an expensive city concluded with a resounding yes, one exception is used books. The supply of used English-language books greatly outweighs the demand (thanks iPhones!) which translates to dirt-cheap prices — from S$2 a book.

Used books: the only thing not cheaper in Thailand.

While you won’t find a cheap bookstore in any of the shiny malls on Orchard Road, you don’t need to go too far out of your way to find this good deal– the best of Singapore’s used bookstores are clustered in the Bras Basah Complex near the Raffles Hotel. It seems like oddly prime real estate for just books, but this area was a traditional location for book shops and the address stuck.
By my count the Bras Basah Complex is home to at least 20 bookstores. Most sell a mix of new and used books, but my top pick for used fiction is Evernew Bookstore on the ground level where you can get 3 books for S$5. With prices that low you’d assume they’re crap books no one wants, but I’ve found everything from Kurt Vonnegut to Bill Bryson to Shakespeare in the ‘bargain bin’ and always in very good condition.
The Bras Basah bookstores also sell used children’s books, magazines, textbooks, art books, graphic novels, and travel guides. My most recent find was a used but current edition of Lonely Planet Japan for just S$19.90 – the full price was S$55!
If you need a break from the book shelves the Bras Basah Complex also has stationery stores, jewellery shops, an internet cafe, hair salons, money changers, and a cheap food court. It’s a five-minute walk from City Hall, Bugis, or Bras Basah MRT stations.

If you can read it, you can buy it here.

Bras Basah Complex
231 Bain Street (between Victoria Street and North Bridge Road)
bras-basah-complex.com.sg
Open: 10:00–21:00 (hours vary by shop)

Link>>>http://www.travelfish.org/blogs/singapore/2011/05/25/shopping-for-used-books-at-the-bras-basah-complex/

Next Page »