နည်းပညာ



မိမိရဲ့ facebook နောက်ခံဒီဇိုင်းတွေကို မိမိကြိုက်တဲ့ရုပ်ပုံတွေထည့်ပြီး လှပအောင် ဘယ်လိုလုပ်ရမလဲ?မသိကြသေးသူများအတွက် ရေးလိုက်ရပါတယ်၊ စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်…

  • Page Rage ဆိုတဲ့ Website ကို ၀င်ပြီး Member အဖြစ်အသင်းဝင်ရပါတယ်၊  free and Premium ဆိုပြီး ၂မျိုးရှိပါတယ်၊ ကြိုက်တာယူလို့ရပါတယ်၊
  • ဆော့ဝဲတွေကို IE သို့ Chrome တွေမှာ install လုပ်လို့ရပါတယ်၊ install လုပ်နေချိန်မှာတော့ ကျန်တဲ့ တက်နေတဲ့တခြား  internet Explorer တွေပိတ်ထားဖို့လိုပါလိမ့်မယ်၊ တခါတရံ Chrome မှာ Error တက်နေတတ်တာကြောင့်ပါ၊ ဒါပေမဲ့ အားလုံးကိုတော့ install လုပ်စရာမလိုပါဘူး၊  မကြိုက်တတ်တဲ့ တချို့ဟာတွေကို ဥပမာ- Toolbar တွေကို Install လုပ်စရာမလိုပါဘူး၊
  • ပထမဦးဆုံး Create  you own မှာ ကာလာရွှေးရပါတယ်၊ ကာလာတွေကိုမကြိုက်ရင် ပေးထားသော Browse ဆိုတဲ့ နောက်ခံဒီဇိုင်းပုံအစုံတွေ(Car,Animal,fashion, Cute, Love, Floral, Emo, Holiday,Militry,Music,NatureMoive,Motocycle,Food,Catoon, Dark,Color, Custom, Anime…. အစရှိသော Layout များနှင့် မိမိရဲ့စိတ်ကြိုက်ဒီဇိုင်းပုံတွေလဲ ရွှေးလဲရပါတယ်၊ ပြီးရင် မိမိရွှေးထား သောနောက်ခံပုံတွေကို intsall လုပ်ပေးရပါတယ်၊ မကြိုက်သေးရင်လဲပြန်ဖျက်ပြီး ကြိုက်ရာချိန်းလို့ရပါတယ်၊ ဘာမှမခက်ပါဘူး?

  • ဒါကကျွှန်တော်ရဲ့စိတ်ကြိုက် Piglet ပုံတွေပါ၊(မှတ်ချက်-ကျွှတ်တော်ရဲ့နောက်ခံပုံတွေ တော်တော်များ Piglet ပတ်သက်တဲ့ ပုံတွေဘဲ တင်ပါတယ်၊ သားက၀က်နှစ်မှာမွှေးလို့လေ..ဟဲဟဲ!)

  • ကဲ! စမ်းကြည့်လိုက်ပါအုံးနော်! ဘယ်တွေလဲဆိုတာကို ဒီမှာဝင်ကြည့်လိုက်ပါအုံး>>>Page Rage Installer
Advertisements

သင်အိပ်မောကျမနေနှင့်ငွေရှာကျရအောင်!
သင်ဘာလိုနည်းနှင့် အွန်လိုင်းပေါ်မှာငွေရှာရမလဲ?
  • တော်တော်များ အွန်လိုင်းငွေရှာ နည်း တွေက Network commissions နည်းတွေနှင့် နက်ဝေါပ် အစုရှယ်ကော်မရှင် ပေးပါ တယ်။  ဒါပေမဲ့ တော်တော်များများနည်း တွေက အစပထမမှဘဲ Free အလကား ပေး ထားပြီးနောက်ပိုင်း တကယ်အရေးပါတဲ့နေရာရောက်ရင် ပိုက်ဆံပေးဝယ်မှ ၀င် ပြီးငွေရှာလို့ရတာကိုတွေ့ရတတ်ပါတယ်၊ ၀င်ငွေဘယ်လောက်ရတယ် ဆိုတဲ့ အဲဒီစာသားတွေကို ကြည့်လိုက်ပါ…   အများကြီးရှိပါတယ်….ဒီမှာ  နမူနာ Link>>>howtomakemoney.sg

  • Are You Looking For A Source of Income,

    Part Time , From Home or Online ?

  •  
  • Amzon,ebay,adsene(google)တွေက နာမည်ကြီးအွန်လိုင်းဈေးရောင်းတဲ့အစုံရောင်းဈေးဆိုင် တွေပါ၊ အဲဒီဆိုဒ်တွေမှာ ၀င်ပြီးဈေးရောင်းလို့ရတာကို သိတဲ့သူတွေနည်းပါတယ်၊ ဒါကြောင့် အသိပေးရတာပါ၊
  1. ကျွှန်တော်သိတလောက် Amazon ကတော့ အသင်းဝင်ပြီးသူရဲ့ Widget Code ခေါ်တဲ့ ကုဒ်ကို မိမိကြိုက်သလိုယူရင်ရပြီ မိမိရဲ့ မြန်မာ၊ အင်္ဂလိပ် ဘလော့မှာထဲ့လိုက်ရုံဘဲ၊ ဘာမှာမခက်လို အသေးစိတ်ရေးမပေးတော့ပါဘူး၊ စမ်းကြည့်လိုက်ပါ၊…                                                             ဒီမှာLink: >>>Amazon  နမူနာ Link>>>ကျွှန်တော်ရဲ့ Amzzon Associate Store! 
  2.  ebay ကတော့ Widget ကုဒ်တွေကို လစဉ်ကြေးပေးရပါတယ၊ ဈေးက Basic $15,95, Premium $49.95 and Anchor $299.95 တွေနှင့် မိမိရဲ့အရောင်းအိုင်ဒီတွေဖွင့်ပြီးမှ နောက်ပြီး မိမိလိုသလို ပြင်ဆင်ပြီးမှ မိမိရဲ့ဘလော့တွေထဲ့  မှရပါတယ်၊ …. ဒီမှာLink:>>>ebay
  3. adsene-Google ကတော့ မိမိရဲ့အင်္ဂလိပ်ဘလော့ မှာဘဲ ပေးထားတာတွေ့ရပါတယ်၊
  4. အခုဒီဝပ်ဆိုဒ်က ကျော်ငြာနည်းလမ်းနှင့် အွန်လိုင်းဝင်ငွေရှာနည်းလေးတခုကိုတွေ့မိလို့ရေးတင်လိုက် ပါတယ်၊ အခုဝပ်ဆိုဒ်က(Free) အလကားပေးထားတာတွေ့ရတယ်၊ အဲ! အားလုံးတော့ အလကားမရ ပါဘူး  ဘာဖြစ်လို့လဲဆိုတော့သူလဲ စီးပွားရှာနေတာကိုး! ပိုက်ဆံယူမှ ရတော့မှာပေါ့၊
    နည်းလမ်းတွေက ဒီလင့်လေးတွေမှာကြည့်လိုက်ပါ….
    1. ဒါက ကျော်ငြာနည်းလေးနှင့် ၀င်ငွေရှာနည်းလေး-Make Money! Part (1)
    2. ဒါက Socical Affiliate Marking နည်းလေး-Make Money! Part (2)
    3. ဒါက Game ကစားနည်းနှင့် ငွေရှာနည်းလေး-Make Money! Part (3)

USB ကိုအသုံးပြုပြီး ၀င်းဒိုးအားလုံးကိုဖြတ်ကျော်၍ရသောဆော့ဝဲ(လျှို့ဝှတ် စကားဝှတ်တွေကိုထိုးဖောက်၍)
ကွန်ပျူတာအသုံးပြုသူတွေ မကြာခဏ လျှို့ဝှတ်စကားဝှတ်တွေမေ့တတ်သောကြောင့် ဒီဆော့ဝဲလေးကိုသုံး ကြည့်လိုက်ပါ၊ အဆင်ပြေပါလိုက်မယ်…

KonBoot v 1.1 32 & 64 bit

ရည်ညွှန်းချက်-
Kon Boot ဟာ USB flask drive,CD-ROM or Floppy diskette တွေကိုအသုံးပြုပြီး ၀င်းဒိုးရဲ့လျှို့ဝှတ် စကားဝှတ်တွေကိုဖြတ်ကျော်၍ ၀င်းဒိုးအားလုံးကိုဝင်လို့ရတဲ့ ဆော့ဝဲလေးဘဲ၊
အသုံးပြုနည်းကတော့ ဘာမှခက်ပါဘူး ရိုးရိုးလေးပါ၊
  1. ပထမဦးဆုံး သင့်ရဲ့ CD, USB Flash or Floppy disk တွေကို သင့်ရဲ့ကွန်ပျူတာတွေနှင့်   ချိတ်ဆက်လိုက်ရုံပါဘဲ
  2. ဘာလျှို့ဝှတ် စကားဝှတ်တွေမလိုဘဲ ၀င်းဒိုးကိုဖြတ်ကျော်၍ Kon Boot က ၀င်းဒိုးကိုအနားပေး လုပ်ပေးပါလိုက်မယ်၊
  3. ကွန်ပျူတာအသုံးပြုသူတွေ မကြာခဏ လျှို့ဝှတ်စကားဝှတ်တွေမေ့တတ်သောကြောင့် ဒီဆော့ဝဲဟာ  မူင်းဖိုင်တွေ ဘာမှဒုက္ခမပေးပါဘဲ ကျွှမ်းသူတွေရော မကျွှမ်းကျင်သူတွေပါ အသုံးပြုလို့ရပါတယ်၊
Method: Download Link– ဒီ၀၀်ဆိုဒ်က free 10GBထိဒေါင်းလိုပ်လို့ရပါတယ်

သတင်းအစုံပါသော အွန်လိုင်းမြန်မာ၀၀်ဆိုဒ် !

  • မသိသေးသောသူတွေအတွက်ပါ၊
  • နာမည်ကြီးမြန်မာ ဂျာနယ်၊ မဂ္ဂဇင်း၊ Website တွေရဲ့သတင်း၊ ဆောင်းပါးတွေတော်တော်များကို တင်ထား သော myanmar online website လေးဘဲ၊ တော်တော်စုံပါတယ်၊ ၀င်ပြီးဖတ်ကြည့် သင့်တဲ့ Website ဖြစ်လို့လမ်းညွှန်ပါတယ်!

Cheaply online books shop!

       Online ကနေ ဈေးပေါတဲ့ စာအုပ်လေးတွေကို လမ်းညွှန့်လိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကထုတ်တဲ့ မူရင်းစာအုပ်ကောင်းတွေက ဈေးက အားကြီးလွန်းလို့ $ ဂကဏာန်း ၃ လုံး အနည်းဆုံး ရှိလို့ တော်ရုံတန်ရုံနှင့် မ၀ယ်ယူနိုင်ကျပါ ဘူး! ဒါကြောင့် လိုချင်တဲ့ သူငယ်ချင်းတွေ ၀ယ်ချင်ရင်ဈေးသက်သက်သာသာနှင့် အဆင်ပြေ အောင်လို့ အသိပေးရတာပါ၊
ဘာဖြစ်လို့ဒီလောက်ပြောနေရလဲဆိုတော့ နိုင်ငံခြားမှာနေပြီး စာတွေမဖတ် ဘာမှဆက်မလေ့လာရင် ခေတ်နောက်ကျကျန်ခဲ့မှာဖြစ်တဲ့ အတွက်ကြောင့်ပါဘဲ၊ အဓိက IT ပညာရှင်တွေဆိုပိုဆိုးပါတယ် နှစ်တိုင်း နည်းပညာတွေ အသစ်တွေတောက်လျှောက်ထွက်တော့ ဘာမှဆက်ပြီးမလေ့လာရင် ပြတ်ကျန်ခဲ့တာတွေ့ရပါတယ်၊ New Version တောက်လျှောက်ဆိုတလို ထွက်နေတာပါဘဲ! စီးပွားရေးအရပြိုင်နေသလို အဲ ထွက်လိုက်တာမှ ဟိုကဒီက…….
ဒီလိုထွက်တိုင်းလေ့လာဝယ်ဖတ်ရရင် မူရင်းစာအုပ်ဖိုးနှင့် မွဲနိုင်ပါတယ်! ဒါကြောင့်ဈေးသက်သက်သာသာ နှင့်ရနိုင်သော အခု Website တွေက အပေါင်းသင်းတွေအတွက်အကျိုးရှိလိမ့်မယ်တင်တယ်နော်!

အဲ!အရေးကြီးတာမေ့နေလို့? အော်ဒါမှာတာ Credit Card နှင့်ဘဲပါတယ်ဆိုတာဘဲ?

အဲ! နောက်ပြီးကိုယ်မှာရှိတဲ့မလိုတော့တဲ့စာအုပ်အဟောင်းတွေကိုလဲ ပြန်ရောင်းလို့တယ်နော်! မမေ့ပါနှင့်?
     စာအုပ်ဈေးတွေကတော့ အသစ်ဈေးနှင့် အဟောင်းဈေးဆိုပြီး ၂ မျိုးရှိပါတယ်၊ အဟောင်းတွေဆိုပေမဲ့ တော်တော်ကို သစ်လွင်နေသေးတာတွေ့ရပါတယ်၊ ဆုတ်ပြတ်နေတာမရှိပါဘူး ဆိုတာဘဲ! ရောင်းဈေးတွေက သူဟာသူ ဈေးချပြီးရောင်းပေးနေတာကိုတွေ့ရပါလိမ့်မယ်၊

Money Saving Tips from FreeShipping.org Using coupon codes and free shipping offers on your everyday purchases is just the tip of the money-saving iceberg. When you want to dig deeper into the ways you can keep more cash in your pocket, just read through a few of the posts below. The FreeShipping.org Blog is filled with helpful tips and tricks for cutting costs on everything from groceries to gifts.
      Better World Books Free Shipping Codes Find fabulous savings while helping a world cause with Better World Books free shipping. Better World Books is an online book merchant that collects and sells an extensive selection of titles. Every book you buy at BetterWorldBooks.com helps fund literacy initiatives worldwide. Browse below for free shipping or coupon codes to apply at checkout.
ဒါကစကာင်္ပူက စာအုပ်အဟောင်းဈေးကွက်နေရာနှင့် Websiteတွေဘဲ….

       While a recent post about whether Singapore is an expensive city concluded with a resounding yes, one exception is used books. The supply of used English-language books greatly outweighs the demand (thanks iPhones!) which translates to dirt-cheap prices — from S$2 a book.

Used books: the only thing not cheaper in Thailand.

While you won’t find a cheap bookstore in any of the shiny malls on Orchard Road, you don’t need to go too far out of your way to find this good deal– the best of Singapore’s used bookstores are clustered in the Bras Basah Complex near the Raffles Hotel. It seems like oddly prime real estate for just books, but this area was a traditional location for book shops and the address stuck.
By my count the Bras Basah Complex is home to at least 20 bookstores. Most sell a mix of new and used books, but my top pick for used fiction is Evernew Bookstore on the ground level where you can get 3 books for S$5. With prices that low you’d assume they’re crap books no one wants, but I’ve found everything from Kurt Vonnegut to Bill Bryson to Shakespeare in the ‘bargain bin’ and always in very good condition.
The Bras Basah bookstores also sell used children’s books, magazines, textbooks, art books, graphic novels, and travel guides. My most recent find was a used but current edition of Lonely Planet Japan for just S$19.90 – the full price was S$55!
If you need a break from the book shelves the Bras Basah Complex also has stationery stores, jewellery shops, an internet cafe, hair salons, money changers, and a cheap food court. It’s a five-minute walk from City Hall, Bugis, or Bras Basah MRT stations.

If you can read it, you can buy it here.

Bras Basah Complex
231 Bain Street (between Victoria Street and North Bridge Road)
bras-basah-complex.com.sg
Open: 10:00–21:00 (hours vary by shop)

Link>>>http://www.travelfish.org/blogs/singapore/2011/05/25/shopping-for-used-books-at-the-bras-basah-complex/


Rare Earth Elements ဆိုသည်မှာ
Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စုစုပေါင်း ၁၇ မျိုးရှိတယ် ၊ သဘာဝမှာတော့ ဒီ Elements တွေကို အခြားဒြပ်စင်တွေနဲ့ပေါင်းပြီး အောက်ဆိုဒ်တွေ အဖြစ်နဲ့ တွေ့ရများတယ် စာတွေမှာတွေ့ရတဲ့ RE , REE ,REM စတာတွေဟာ ဒီရှားပါးသတ္တုတွေကို အတိုခေါ်ကြတာပါဘဲ!
  • RE = rare earth
  • REM = rare earth metals
  • REE = rare earth elements
  • REO = rare earth oxides
  • REY = rare earth elements and yttrium
  • LREE = light rare earth elements
  • HREE = heavy rare earth elements
Rare Earth ၏အစနှင့် စိတ်ဝင်စားဘွယ်အမည်များ
ဖင်လန်နိုင်ငံသား ဓါတုဗေဒ နဲ့ တွင်းထွက်ဗေဒ ပညာရှင် Johan Gadolin ဟာ ၁၈၀၀ ခုနှစ်လောက်က သူ့နိုင်ငံ ထဲက Ytterby ဆိုတဲ့ရွာကလေး ( ယနေ့တွင် အဆိုပါရွာလေးသည် ဆွီဒင်နိုင်ငံ ပိုင်နက်ထဲတွင်ရှိပါသည် ) မှာ ဒီနေ့အခေါ် gadolinite ခေါ်တဲ့ တွင်းထွက်တစ်မျိုးကို စတွေ့ခဲ့တာကနေ ဒီနေ့ Rare Earth ရဲ့ သမိုင်းက စတယ်လို့ ပြောရမယ် သူ့အရင်တွေ့တဲ့လူအချို့ရှိပေမယ့် သူ့လို သိပ္ပံနည်းကျ မဖေါ်ထုတ်နိုင်ခဲ့ဘူး ။ဒီ Ytterby ဆိုတဲ့ရွာလေးဟာ rare earth သမိုင်းမှာ အတော်အရေးပါတယ် ဘာလို့လဲဆိုတော့ ရှားပါးသတ္တုဒြပ်စဉ် ၁၇ မျိုးထဲက Yttrium ,Gadolinium , Terbium Ytterbium ဒြပ်စဉ်တွေဟာ ဒီရွာလေးကနေစတွေ့တာ ဖြစ်နေလို့ပါဘဲ ။
Rare Earth တွေရဲ့အမည်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ဥပမာ အနေနဲ့ ပြောရရင် Yttrium , Ytterbium ဆိုတဲ့ elements တွေရဲ့ အမည်တွေဟာ ကို သူတို့ကို စပြီး တွေ့ခဲ့တဲ့ Ytterby ဆိုတဲ့ရွာကလေး အမည်ကို အစွဲပြုပြီးခေါ်ထားတာ Gadolinium ဆိုရင်လဲ ဒီလိုပါဘဲ သူ့ကို အရင်က Ytterby ရွာကလေးကတွေ့လို့ Ytterbite လို့ခေါ်ခဲ့ပြီးမှ နောက်ပိုင်းမှ သိပ္ပံ ပညာရှင်ကြီး Johan Gadolin ကိုဂုဏ်ပြုတဲ့အနေနဲ့ Gadolinium လို့ ပြောင်းခေါ်ခဲ့တာ ၊ Lanthanum ဆိုတဲ့ element ရဲ့ အမည်ကတော့ တစ်မျိုး ဖြစ်တယ် သူက ဂရိဘာသာစကား “lanthanein” ကနေလာတာ အင်္ဂလိပ်လိုတော့ Hidden လို့ အဓိပ္ပါယ်ရတယ် ။ Lutetium ဆိုတဲ့ရှားပါး Elements ကတော့ သူ့ကိုစတင်တွေ့ရှိရတဲ့ Lutetia ဆိုတဲ့ မြို့ကို အစွဲပြုပြီးခေါ်တာ အဲဒီ Lutetia ဆိုတဲ့မြို့ဟာ ဒီနေ့ ကမ္ဘာကျော်ပဲရစ်မြို့ကြီးပေါ့ ။ကျန်တဲ့ elements တွေမှာလည်း ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အမည်ဖြစ်ပေါ်လာပုံလေးတွေ ရှိသေးတယ် ။
Rare Earth ၏အသုံးဝင်ပုံများ
Rare Earth ရဲ့အသုံးဝင်ပုံတွေကို ပြောရမယ်ဆိုရင် များလွန်းလို့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို ဖြစ်နေမှာမို့ အကျဉ်းလောက် ပြောချင်တယ် … ၊ ဥပမာအနေနဲကပြောရရင် aerospace components လို့ခေါ်တဲ့ အာကသ သိပ္ပံဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ aluminium-scandium alloy လို့ခေါ်တဲ့ သတ္တုစပ်တစ်မျိုးရဘို့ Scandium ဆိုတဲ့ Rare Earth Elements ဟာ မရှိမဖြစ်လိုတယ် ၊အလားတူပဲ နေ့စဉ်အများပြည်သူသုံးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပြူတာ memory တွေ ၊ Chip set တွေ ၊ DVD လေဆာ ပြားတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ စမတ်ဖုန်းတွေရဲ့ Touch Screen တွေ LED TV တွေ နာမည်ကျော် ipad တို့လို Tablet တွေ ကင်မရာ LENS တွေ ကျန်းမာရေးကုထုံးတွေမှာ လိုတဲ့ လေဆာရောင်ခြည်ထုတ်လုပ်ရေးတွေ မှာ ဒီ Rare Earth Elements တွေဟာ တစ်ခုမဟုတ် တစ်ခု အဓိကလိုအပ်နေတယ် ။ Rare Earth Elements တွေမရှိရင် ဒါတွေမရှိတော့ဘူးပေါ့ ဒါဆိုရင် ကမ္ဘာသူကမ္ဘာသားတွေရဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေ အားလုံးကို ရိုက်ခတ်လာတော့မယ် ။
ဒါ့အပြင် Rare Earth Elements စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေးတွေမှာလည်း မရှိမဖြစ်လိုနေတယ်Lanthanum ဟာ night-vision goggles လို့ခေါ်တဲ့ ညကြည့်မှန်ပြောင်းတွေ ၊ Neodymium လို့ခေါ်တဲ့ Rare Earth Elements ဟာ laser range-finders( လေဆာရောင်ခြည်သုံးပစ်မှတ်ရှာဖွေရေးစံနစ်), guidance systems (ဒုံးများကို ပစ်မှတ်ထိရောက်စေရန် လမ်းညွှန်ထိန်းချုပ်စံနစ် ), အခြားစစ်ဘက်သုံး အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ မှာ သူမပါရင် မဖြစ်တော့ဘူး ၊ အလားတူပဲ ပစ်မှတ်ကို အထူးတိတိကျကျ ထိရောက်အောင်ပစ်နိုင်တဲ့ precision-guided weapons တွေ အမေရိကန်တို့ရဲ့ နာမည်ကျော် ကိုယ်ပျောက်နည်းပညာ stealth technology တွေမှာ မဖြစ်မနေလိုအပ်တဲ့ “white noise” production တွေမှာ Samarium လို့ခေါ်တဲ့ Rare Earth Elements မပါရင် ဖြစ်ကိုမဖြစ်နိုင်လောက်အောင်ကို ဒီ Rare Earth Elements တွေဟာ အရေးပါ အရာရောက်နေကြတယ် ။
Want to see Link: >>>what-are-rare-earth-elements(1)
                          >>>rare-earth-metals-new-oil(2)
ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း
  “အခု သမ္မတကြီးရဲ့ ဂျပန်ခရီးစဉ်ကတော့ဖြင့် နိုင်ငံအတွက် သတင်းကောင်းတွေ ဆက်တိုက်ကြားနေရတယ် ဆရာ ODA တွေပြန်ပေးမယ် ရန်ကုန်မြို့ပြန်လည်တည်ထောင်ရေးကိစ္စတွေ ဖြစ်တဲ့ ရေပေးဝေရေး ၊ရေဆိုးထုတ်ရေး ၊ လျှပ်စစ်ဖြန့်ဝေရေးတွေမှာ ဂျပန်က အကူညီတွေပေးမယ် ၊ ကြွေး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျော်ပေးမယ် ၊ အုပ်ချုပ်ရေးအတွက် ၀န်ထမ်းတွေသင်တန်းပေးဘို့ ယန်း သန်း၂၀၀ ပေးမယ် ၊ အိုင်စီတီကဏ္ဍတွေမှာ နည်းပညာကူညီမယ် ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မယ် …စုံနေတာပါဘဲဆရာရယ်…တိုင်းပြည်အတွက် ၀မ်းသာစရာတွေ မဟုတ်လား ”
     “ပြည်တွင်းပြည်ပ သတင်းတွေမှာလည်း ဒီလိုပဲဖေါ်ပြကြတယ် ဂျပန်က မြန်မာကို ကူညီတယ်ပေါ့ ဒါပေမယ့် ဂျပန်နိုင်ငံအ ခုလိုအထောက်အပံ့တွေ ပြန်ပေး ကြွေးတွေလျော် လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလည်း တစ်ခုထဲကြောင့်တော့မဟုတ်ဘူး ဂျပန်က မြန်မာဆီက ပြန်ယူမယ့်ဟာတွေလည်း ရှိနေတယ် ဆိုတာကို သိထားရမယ် မောင်ရင်တင်မဟုတ်ဘူး မြန်မာပြည်သူတွေအားလုံးလည်းသိထားသင့်တယ် ၊ သိအောင်လုပ်ပေးဘို့လဲ မီဒီယာတွေမှာတာဝန်ရှိတယ် ၊ ဒီလိုမဟုတ်ရင် ဂျပန်ကပေးတာတွေ ပဲဗမာက ရပြီး တို့ကဘာမှပြန်မပေးရဘူးလို့ ကမ္ဘာက အထင်ရောက်နေရင် တို့မြန်မာတွေဘက်က တစ်ပန်းရှုံးတာပေါ့ကွာ”….
       ကမ္ဘာပေါ်မှာ rare earth လို့ခေါ်တဲ့ ရှားပါးသတ္တုတွေဟာ ဒီဘက်ခေတ်မှာ သိပ်ပြီး အသုံးဝင်လာတယ် ၊ ရှားပါးသတ္တုဆိုတဲ့အတိုင်း ရှားပါးလိုက်တာကလည်း မပြောနဲ့မောင်ရေ… အပုံတစ်သန်းမှာ ဒီရှားပါးသတ္တုလေးတွေ ၈၀ ပုံလောက်ပါရင်ကိုပဲ ၀မ်းသာနေရတဲ့အဖြစ်မျိုး ကွ ၊ ဒီရှားပါးသတ္တုတွေကလည်း ကမ္ဘာပေါ်မှာ တရုတ်ပြည်က အများဆုံးထွက်တယ် ၊ ကမ္ဘာ့ ရှားပါးသတ္တု ဈေးကွက်ထဲက ၈၀%ကျော်ဟာ တရုတ်ပြည်က ထုတ်ရောင်းနေတာ ၊ ဒီလိုအခြေအနေကနေ မနှစ်ကတော့ တရုတ်ပြည်ဟာ သူ့ပြည်တွင်းလိုအပ်ချက်တွေ ရှိနေလို့ပါဆိုပြီးတော့ ဒီရှားပါးသတ္တုတွေ ပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းပစ်လိုက်တယ်၊ အရင်စာချုပ် လက်ကျန်လေးတွေ ဆက်ပို့ပြီးရင် ဒါ တင်ပို့မှုကို လုံးဝ ရပ်ပစ်လိုက်တော့မယ်လို့ ဆိုတယ် ”
“ဟာဒါဆိုရင် ကျန်တဲ့ လိုနေတဲ့နိုင်ငံတွေတော့ ဒုက္ခပေါ့နော် “
ဒါပေါ့မောင်ရင်ရာ… ဒီအထဲမှာ ဂျပန်နိုင်ငံဟာလည်း ထိပ်ဆုံးက ပါနေတာပေါ့ကွာ… ဂျပန်ဟာ ဒီရှားပါးသတ္တုမရရင် ပြဿနာတွေ အများကြီး ရှိတယ် ၊ ဆိုပါတော့ ipad တို့လို Tablet PC တွေ smart phone တွေ နောက်ပြီး ကွန်ပြူတာအစိတ်အပိုင်းတွေ နောက်ပြီး အာကာသဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ ဒီ rare earth တွေဟာ မရှိမဖြစ်လိုအပ်တယ် ဒါမရှိရင် အဆင့်မြင့်မြင့်ထုတ်လို့ကိုမရဘူး ၊ ခုကမ္ဘာ့ဈေးကွက်ရဲ့ ၈၀ % ကျော်ထုတ်လုပ်နေတဲ့ တရုတ်က မရောင်းတော့ဘူးဆိုတော့ ဒီပစ္စည်းတွေ ထုတ်နေတဲ့ စက်ရုံတွေ ၊ နိုင်ငံတွေ ၊ ကုမ္မဏီတွေဟာ အတော်ကို ခေါင်းရှုပ်နေရတဲ့အဖြစ်မျိုးကိုရောက်နေတယ် ။
ကဲ! ဒီလောက်ဆိုရင် သဘောပေါ့ပြီပေါ့နော် ! ဂျပန်ဘာကြောင့် အကြွေးတွေလျှော်ပစ်ရတဲ့ အကြောင်းရင်းလဲ?
Ref:Drsatephwar

iPay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ

စကြားကြားချင်းကတော့ အတော့်ကို အားတက်စရာ သတင်းပါဘဲ… ကျနော်တို့ဆီမှာလည်း အများနည်းတူ ကဒ်စံနစ်ဖြစ်ပြီပေါ့။ အဓိပတိအပြာလိုင်းမှာဘဲစမ်းသပ်တပ်ဆင်မယ်ဆိုတော့ အားမလိုအားမရဖြစ်မိတယ်။ ဘာလို့ရှိသမျှ မ.ထ.သ လိုင်းအားလုံးတစ်ပြေးညီ မတပ်ဆင်တာလဲလို့….
ညက youtube က MRTV4 channel မှာ ကြည့်ရတော့မှ တော်တော်စိတ်ပျက်သွားတယ်။သူတို့လုပ်မယ့်စက်က ဒီလိုဟာမျိုးတဲ့ဗျာ..ဒီလို စက်မျိုးသာသုံးမယ်ဆိုရင်တော့ ကားစံပါယ်ယာတွေ တော်တော်ဒုက္ခရောက်မယ့်အမျိုး…ကဒ်ကို လုပ်နေတာနဲ့တင် မှတ်တိုင်တစ်ခုတစ်ခုကနေ ဘယ်လိုထွက်တော့မတုန်း.? အထူးသဖြင့် busy hour (ရုံးဆင်းရုံးတက်ချိန်မှာ)
သူများတွေဆီမှာက အဆင်ပြေအောင်လို့ RFID( radio frequency identification ) contactless စံနစ်၊ ဒီ iPay ဆိုတာက contact စံနစ် 
ကဲ ကြည့်လိုက်ပါအုံး တော်တော်ကောင်းတဲ့နည်းပညာVideoလေး– ဟီးဟီး!

ဒါကSingapore က ဘတ်ခ်ကားကဒ်လေးပါ–


ဘတ်စကားပေါ်မှ အဆင်း အောက်နားရှိ အဖြူရောင်ပုံးငယ်မှာ အကြွေစေ့ထည့်စီးသူများ၏ လက်မှတ်ဖြတ်ပိုင်းစွန့်ပစ်ရန်ပုံးဖြစ်သည်။
နတ်ပိုက်ဆံဟု ထူးထူးဆန်းဆန်း အမည်မှည့်ခေါ်ထားသော iPay ကဒ်ဖတ်စက်။ ကျသင့်သည့်ပမာဏကို စက်တွင်ပုံပါအတိုင်းရိုက်ထည့်ပြီး၊ စက်ညာဖက်မှ မြောင်းတွင် ကဒ်၏ magnet line အားပွတ်ဆွဲ၍ ကျသင့်ငွေအားနှုတ်သောစံနစ်ဖြစ်သည်။ များသောအားဖြင့် ဈေးဝယ်သည့်နေရာ၊ တက္ကစီခရှင်းသည့်နေရာတို့တွင်သုံးသည်။

ဘတ်စကားခပေးကဒ်ဆိုတာ ဒီလိုမျိုးမှ မဟုတ်ပဲဗျာ…. အခုဟာက ဈေးဝယ်ကဒ်လိုမျိုးကဒ် ။ မနက်၊ညနေ busy hour မှာဆိုရင် ဘယ်လိုလုပ်မလဲ ? မ.ထ.သ နဲ့ ဦးပိုင်က ပုဂိုလ်တွေ တကယ်ဘဲ မသိတာလား…သိလျက်သားနဲ့ ခွင်ရိုက်တာဘဲလား…. ဒါမှမဟုတ် နားမလည်ပါးမလည် ခွင်ထဲဝင်လာတဲ့ သူကို ရိုက်စားလုပ်တာလား…မေးခွန်းတွေ တသီတတန်းနဲ့ ဒီပို့စ်ကို မနေနိုင် မထိုင်နိုင် တင်လိုက်ပါတယ်။ ထိုဂွင်ထဲမှာ ပါဝင်ပါတ်သက်နေသော လူကြီးမင်းအပေါင်း..ကျနော့်အား စိတ်ရှိလက်ရှိမုန်းကြပါကုန်….

Bus ကားခကို ကောက်ခံသည့်စက်


ဘတ်စကားပေါ်သို့ အတက် ပိုက်ဆံအိတ်(သို့) လက်ကိုင်အိတ်ထဲတွင်ထည့်ထားသော်လည်း စက်ကို အိတ်နှင့်ကပ်သည်နှင့် စက်ကသိရှိမှတ်သားနိုင်သည်။
ဘတ်(စ)ကားပေါ်ကို လူတက်တာနဲ့ ကဒ်ကို ပုံပါအတိုင်း စက်တွင်ကပ်လိုက်ရသည်။ ထိုအခါ စက်ကလက်ရှိတည်နေရာကိုမှတ်သားသည်။ LCD မော်နီတာအောက်တွင် အချက်ပြမီး (၃)ခုရှိသည်။
ကဒ်တွင်ငွေအလုံအလောက်ရှိပါက ကဒ်ကို မှတ်သားပြီးသည်နှင့် အသံတစ်ချက် မြည်ကာ မီးစိမ်းသွားမည်ဖြစ်သည်။
သင်၏ကဒ်တွင် ပိုက်ဆံလက်ကျန်နည်းနေပါက အ၀ါရောင်မီးပြကာ မြည်သံ(၃)ချက်ပေးသည်။ မော်နီတာပေါ်တွင်လည်း Top up your card (ငွေထပ်ဖြည့်ပါ) ဟု စာသားပေါ်မည်။
သင်၏ကဒ်တွင်ရှိသော ပိုက်ဆံသည် ယခုသင်စတက်သောနေရာမှ ခရီးစဉ်အဆုံးထိ စီးနင်းရန်မလုံလောက်လျှင် မီးနီလင်းကာ အချက်ပေးသံ(၅)ချက် ထပ်ပေးလိမ့်မည်။ ထိုအခါ ယာဉ်မောင်းမှ သင့်အား ငွေမလုံလောက်ကြောင်း၊ ပိုက်ဆံပေးစီးရန် အကြံပြုလိမ့်မည်။ သွားမည့်ခရီးကို ယာဉ်မောင်း(Bus Captain) အားပြောပါ။ ကျသင့်ငွေကို တွက်ပေးလိမ့်မည်။ ထိုအခါ ကျသင့်ငွေကို အကြွေစေ့ထည့်စက်သို့ထည့်ပါ။ သင့်အား စလစ်ထုတ်ပေးလိမ့်မည်။ ထိုလက်မှတ်ခဖြတ်ပိုင်းအား ကားပေါ်မှ မဆင်းမချင်း ထိန်းသိမ်းထားပါ။ လက်မှတ်စစ်တက်လာလျှင် ထိုဖြတ်ပိုင်းအားပြပါ။

ကားပေါ်မှဆင်းသည့်အခါ အဆင်းပေါက်(နောက်ဘက်အပေါက်)တွင် ကဒ်အားစက်တွင် ကပ်ရပါမည်။ ထိုအခါ စက်မှ ကျသင့်ငွေအား နှုတ်ပြီး မော်နီတာပေါ်တွင် လက်ကျန်ပမာဏအား ပြသပေးမည်ဖြစ်ပါသည်။ အဆင်းတွင်ကဒ်ရိုက်ရန်မေ့လျှင် သိပ်ပြဿနာ မရှိပါ။ ခရီးစဉ်အဆုံးမှတ်တိုင်အထိတွက်ပြီး ငွေဖြတ်ပါလိမ့်မည်။

စွယ်စုံသုံး


စားသောက်ဆိုင်များတွင် ဘတ်(စ)ကားစီးသည့်ကဒ်ဖြင့် ငွေရှင်းနေစဉ်
ထိုကဒ်အား ဘတ်(စ)ကားခ ပေးရာတွင်သုံးနိုင်သလို ရထားခပေးရာတွင်လည်း သုံးနိုင်ပါသည်။ စင်္ကာပူ ဟောင်ကောင်တို့တွင် ဘတ်(စ)ကား နှင့် ရထားမှာ operator (ကိုင်တွယ်စီမံခန့်ခွဲသူ) တစ်ဦးတည်းဖြစ်ရာ ရထားနှင့်ကားကို ဆက်တိုက်ပြောင်း၍ စီးသွားလျှင် ကနဦးကျသင့်ငွေကို စုစုပေါင်းတွင်ပြန်နှုတ်ပေးပါသည်။ ကိုရီးယားတွင်လည်းထို့အတူပင်ဟု သိရပါသည်။
ထိုကဒ်ကိုပင် taxi ခပေးရာတွင်အသုံးပြုနိုင်ပါသည်။ 7-11 stores တွင်လည်းဈေးဝယ်နိုင်ပါသည်။
ယခုအခါ ထိုကဒ်ကိုပင် အလိုအလျောက်အခပေး ကားပါကင်များတွင်လည်းကောင်း၊ ERP (electronic road payment) ဟုခေါ်သော ကားကျပ်သည့်နေရာများတွင် လမ်းအသုံးပြုခကောက်ခံသည့်စံနစ် တွင်လည်းကောင်း ၊ ကုန်တိုက်ကြီးများရှိ ကင်တန်း များတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ERP (လမ်းအသုံးပြုခကောက်ခံသည့်စက်တွင် တပ်ဆင်ထားသော ဘတ်စကားကဒ်၊ ထိုစက်၊ထိုကဒ်ဖြင့် အလိုအလျောက် ကားခပေး ပါကင်များတွင်လည်း သုံးနိုင်ပါသည်။

ငွေဖြည့်တင်းသည့် စံနစ်


Top-up Kiorsk…ငွေပြန်လည်ဖြည့်တင်းသည့်စက်

ထိုကဒ်အား အထက်ဖော်ပြပါ ရထားဆိပ် ၊ ကားဂိတ်များရှိ top-up kiorsk များတွင်လည်းကောင်း၊ ခရီးသည်ဝန်ဆောင်မှုဌာနများ၊ မြို့တော်တွင်းနေရာအနှံ့တွင်ရှိသော 7-11 stores များ၊ ATM ငွေထုတ်စက်များ၊ smart phone များမှသော်လည်းကောင်း၊ ငွေပြန်လည် ဖြည့်တင်းနိုင်ပါသည်။ Online မှဖြည့်တင်း၍ ရသည်ဟုလည်း ဆိုပါသည်။( ကျနော်တော့ မလုပ်ဘူးပါ။)
Ref;thithtoolwin

Next Page »