ပညာရေး



မိမိရဲ့ facebook နောက်ခံဒီဇိုင်းတွေကို မိမိကြိုက်တဲ့ရုပ်ပုံတွေထည့်ပြီး လှပအောင် ဘယ်လိုလုပ်ရမလဲ?မသိကြသေးသူများအတွက် ရေးလိုက်ရပါတယ်၊ စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်…

  • Page Rage ဆိုတဲ့ Website ကို ၀င်ပြီး Member အဖြစ်အသင်းဝင်ရပါတယ်၊  free and Premium ဆိုပြီး ၂မျိုးရှိပါတယ်၊ ကြိုက်တာယူလို့ရပါတယ်၊
  • ဆော့ဝဲတွေကို IE သို့ Chrome တွေမှာ install လုပ်လို့ရပါတယ်၊ install လုပ်နေချိန်မှာတော့ ကျန်တဲ့ တက်နေတဲ့တခြား  internet Explorer တွေပိတ်ထားဖို့လိုပါလိမ့်မယ်၊ တခါတရံ Chrome မှာ Error တက်နေတတ်တာကြောင့်ပါ၊ ဒါပေမဲ့ အားလုံးကိုတော့ install လုပ်စရာမလိုပါဘူး၊  မကြိုက်တတ်တဲ့ တချို့ဟာတွေကို ဥပမာ- Toolbar တွေကို Install လုပ်စရာမလိုပါဘူး၊
  • ပထမဦးဆုံး Create  you own မှာ ကာလာရွှေးရပါတယ်၊ ကာလာတွေကိုမကြိုက်ရင် ပေးထားသော Browse ဆိုတဲ့ နောက်ခံဒီဇိုင်းပုံအစုံတွေ(Car,Animal,fashion, Cute, Love, Floral, Emo, Holiday,Militry,Music,NatureMoive,Motocycle,Food,Catoon, Dark,Color, Custom, Anime…. အစရှိသော Layout များနှင့် မိမိရဲ့စိတ်ကြိုက်ဒီဇိုင်းပုံတွေလဲ ရွှေးလဲရပါတယ်၊ ပြီးရင် မိမိရွှေးထား သောနောက်ခံပုံတွေကို intsall လုပ်ပေးရပါတယ်၊ မကြိုက်သေးရင်လဲပြန်ဖျက်ပြီး ကြိုက်ရာချိန်းလို့ရပါတယ်၊ ဘာမှမခက်ပါဘူး?

  • ဒါကကျွှန်တော်ရဲ့စိတ်ကြိုက် Piglet ပုံတွေပါ၊(မှတ်ချက်-ကျွှတ်တော်ရဲ့နောက်ခံပုံတွေ တော်တော်များ Piglet ပတ်သက်တဲ့ ပုံတွေဘဲ တင်ပါတယ်၊ သားက၀က်နှစ်မှာမွှေးလို့လေ..ဟဲဟဲ!)

  • ကဲ! စမ်းကြည့်လိုက်ပါအုံးနော်! ဘယ်တွေလဲဆိုတာကို ဒီမှာဝင်ကြည့်လိုက်ပါအုံး>>>Page Rage Installer
Advertisements

မောက္ခနိုင်ငံတကာသတင်း-Wednesday, 09 May 2012 10:18 -၀င့်ထန်း 


အင်္ဂလန် ၀င်ချက်စတာမြို့မှ ဟိုက်ဒီ ဟန်ကင်းစ် (Heidi Hankins) အမည်ရှိ ၄ နှစ်သမီးလေးရဲ့ ဉာဏ်ရည်ပြကိန်း (IQ) မှာ ၁၅၉ ရှိပြီး ရူပဗေဒအကျော်အမော် အဲလ်ဘတ် အိုင်စတိုင်းနှင့် စတီဖင်ဟောကင်း တို့ထက် ၁ မှတ်သာ နိမ့်ကြောင်း တွေ့ရသည်။
ဟိုက်ဒီ ဟန်ကင်းစ် ကို အင်္ဂလန်ရှိ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ Mensa International က ဉာဏ်ရည်မြင့် ကလေးအဖြစ် အတည်ပြုပြီး အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်သည်။
ဟိုက်ဒီ က အသက် ၂ နှစ်အရွယ်မှာပင် အသက် ၈ နှစ် အရွယ်တွေ ဖတ်သော စာများကို ဖတ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးများကို အိုင်ကျူ စနစ်တကျ စမ်းသပ်မှု လုပ်လေ့မရှိသော်လည်း၊ ယခု Mensa အဖွဲ့က စိတ်ပိုင်းဆိုင်ရာ မေးခွန်းများ မေးခြင်းဖြင့် ဟိုက်ဒီ ဟန်ကင်းစ် ရဲ့ အိုင်ကျူကို အတည်ပြုခဲ့ကြသည်။
“ဟိုက်ဒီ က အချိန်တွေ၊ နေရာတွေ၊ သာမန်လူတွေ သတိမထားမိတဲ့ ဖြစ်ရပ်တွေကို မှတ်မိလွယ်တယ်၊ မှတ်ဉာဏ်အရမ်း ကေင်းတယ်” ဟု သူ့ဖခင်က the Star သတင်းစာကို ပြောပြသည်။
ဟိုက်ဒီ တစ်ဦးထဲသာ အိုင်ကျူမြင့်သူ မဟုတ်။ ၂၀၀၉ ခုနှစ်ကလည်း Oscar Wrigly ဆိုသည့်ကလေးသည် အသက် ၂ နှစ်အရွယ်မှာ အိုင်ကျူ ၁၆၀ ရှိခဲ့ပြီး Mensa အဖွဲ့တွင် အသက် အငယ်ဆုံးဖြင့် ကမ္ဘာ့အိုင်ကျူ အမြင့်ဆုံး စံချိန်ချိုးခဲ့သည်။
သာမန်လူတွေရဲ့ ပျမ်းမျှ အိုင်ကျူမှာ ၁၀၀ ခန့် ရှိသည်ဟု Mensa International ဉာဏ်ကြီးရှင် အဖွဲ့က ဆိုသည်။


ဝင့်ထန်း-maukkha
Source: Time & Huffington post


  • Scholarships စကောလားရှစ် နှင့်ပတ်သက်သောဝိပ်ဆိုဒ်လေးတခုကိုတွေ့မိလို့ ငယ်ရွယ်သောလူငယ်တွေအတွက် အလွန်အရေးကြီးတာကြောင့် တင်ပေးလိုက်ပါတယ်၊
  • ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူတော်တော်များမသိကျသေးတာတွေ့ရလို့ပါ၊ အသိတယောက်ရဲ့သမီးတယောက်နှင့်တခြားမြန်မာ လူငယ်တွေ အနည်းငယ်တွေ့ Scholarships စကောလားရှစ်တွေ ရနေပြီဆိုကိုလဲတွေ့ရလို့ဘဲ၊ မြန်မာလူငယ်တွေက စာကျက်အားသာနေသာကိုး!ဒါကလူငယ်တွေရဲ့ဘာဝတသက်လုံးနှင့်ဆိုင်တဲ့အတွက်ဘဲ! ကျောင်းအတွက် ငွေကြေး ထောက်ပံ့ ပေးထား တော့ မြန်မာလူငယ်တွေ အဆင်ပြေနေကျတာတွေရပါတယ်!
  • ကဲ! စိတ်ဝင်စားရင် ကြိုးစားကြည့်လိုက်ပါအုံးမြန်မာ့လူငယ်တွေ?
  • Link:>>>myanmarstudyabroad.org/

Welcome to Myanmar Study Abroad (MSA)

Myanmar Study Abroad - the World in your handsThis website provides information about scholarships, universities, and recommended courses for students from Myanmar (Burma) who aspire to study at a university abroad.

Chat anonymously with Student Support – Click the link below!


Getting started
Advice and Assistance

Latest News

Take a look at the links below which contain new, updated, or other important information.

  • APPLY NOW FOR THE HEINRICH BOLL STIFTUNG SCHOLARSHIP
  • Posted 25 Jan 2012
  • The Heinrich Boll Stiftung Southeast Asia scholarship is now accepting applications from students from Myanmar (Burma) to pursue Master’s degrees at selected universities in Thailand! Please click the link above for more information about the programs available and the eligibility requirements. The application deadline is 31 Jan 2012 or 31 Mar 2012, depending on where you intend to study.
  • APPLY NOW FOR THE CHEVENING SCHOLARSHIP
  • Posted 17 Jan 2012
  • The Chevening scholarship from the British government is now accepting applications from students from Myanmar (Burma) to pursue Master’s degrees at universities in the United Kingdom! Please click the link above for more information about the eligibility criteria, application procedure, etc. The application deadline is 17 Feb 2012.
  • APPLY NOW FOR THE PROSPECT BURMA (PB) SCHOLARSHIP
  • Posted 3 Jan 2012
  • The Prospect Burma (PB) scholarship is now accepting applications. The eligibility criteria can be found within the application form and guidance notes, but the scholarship can be used by students from Myanmar (Burma) to pursue Bachelor’s, Master’s, or PhD degrees at universities around the world! The application deadline is 15 Mar 2012.
  • APPLY NOW FOR THE SUPPLEMENTARY GRANT PROGRAM ASIA (SGPA) SCHOLARSHIP
  • Posted 18 Nov 2011
  • The Supplementary Grant Program Asia (SGPA) scholarship is now accepting applications. The eligibility criteria can be found within the application form, but the scholarship can be used by students from Myanmar (Burma) to pursue Bachelor’s, Master’s, or PhD degrees at universities around the world! The application deadline is 15 Mar 2012 or 15 May 2012, depending upon where you intend to study.
  • EXAM PREPARATION OUTREACH PROGRAM (EPOP) »
  • Posted 11 Aug 2011
  • Do you need help studying and preparing for university entrance exams such as TOEFL, IELTS, and GED? Check out EPOP for free diagnostic testing, exam preparation, and more!.
  • SPOTLIGHT ON ASIA »
  • Posted 19 Jan 2011
  • Find out why studying in Asia may be the smartest choice you make! Here are some great reasons why you should consider Asia first.
  • TIPS FOR SUCCESS »
  • Posted 19 Jan 2011
  • How will you be evaluated while studying abroad? What is academic misconduct? What is “culture shock”? Learn the answers to these questions and more, and you’ll become a more successful student at university!

Cheaply online books shop!

       Online ကနေ ဈေးပေါတဲ့ စာအုပ်လေးတွေကို လမ်းညွှန့်လိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကထုတ်တဲ့ မူရင်းစာအုပ်ကောင်းတွေက ဈေးက အားကြီးလွန်းလို့ $ ဂကဏာန်း ၃ လုံး အနည်းဆုံး ရှိလို့ တော်ရုံတန်ရုံနှင့် မ၀ယ်ယူနိုင်ကျပါ ဘူး! ဒါကြောင့် လိုချင်တဲ့ သူငယ်ချင်းတွေ ၀ယ်ချင်ရင်ဈေးသက်သက်သာသာနှင့် အဆင်ပြေ အောင်လို့ အသိပေးရတာပါ၊
ဘာဖြစ်လို့ဒီလောက်ပြောနေရလဲဆိုတော့ နိုင်ငံခြားမှာနေပြီး စာတွေမဖတ် ဘာမှဆက်မလေ့လာရင် ခေတ်နောက်ကျကျန်ခဲ့မှာဖြစ်တဲ့ အတွက်ကြောင့်ပါဘဲ၊ အဓိက IT ပညာရှင်တွေဆိုပိုဆိုးပါတယ် နှစ်တိုင်း နည်းပညာတွေ အသစ်တွေတောက်လျှောက်ထွက်တော့ ဘာမှဆက်ပြီးမလေ့လာရင် ပြတ်ကျန်ခဲ့တာတွေ့ရပါတယ်၊ New Version တောက်လျှောက်ဆိုတလို ထွက်နေတာပါဘဲ! စီးပွားရေးအရပြိုင်နေသလို အဲ ထွက်လိုက်တာမှ ဟိုကဒီက…….
ဒီလိုထွက်တိုင်းလေ့လာဝယ်ဖတ်ရရင် မူရင်းစာအုပ်ဖိုးနှင့် မွဲနိုင်ပါတယ်! ဒါကြောင့်ဈေးသက်သက်သာသာ နှင့်ရနိုင်သော အခု Website တွေက အပေါင်းသင်းတွေအတွက်အကျိုးရှိလိမ့်မယ်တင်တယ်နော်!

အဲ!အရေးကြီးတာမေ့နေလို့? အော်ဒါမှာတာ Credit Card နှင့်ဘဲပါတယ်ဆိုတာဘဲ?

အဲ! နောက်ပြီးကိုယ်မှာရှိတဲ့မလိုတော့တဲ့စာအုပ်အဟောင်းတွေကိုလဲ ပြန်ရောင်းလို့တယ်နော်! မမေ့ပါနှင့်?
     စာအုပ်ဈေးတွေကတော့ အသစ်ဈေးနှင့် အဟောင်းဈေးဆိုပြီး ၂ မျိုးရှိပါတယ်၊ အဟောင်းတွေဆိုပေမဲ့ တော်တော်ကို သစ်လွင်နေသေးတာတွေ့ရပါတယ်၊ ဆုတ်ပြတ်နေတာမရှိပါဘူး ဆိုတာဘဲ! ရောင်းဈေးတွေက သူဟာသူ ဈေးချပြီးရောင်းပေးနေတာကိုတွေ့ရပါလိမ့်မယ်၊

Money Saving Tips from FreeShipping.org Using coupon codes and free shipping offers on your everyday purchases is just the tip of the money-saving iceberg. When you want to dig deeper into the ways you can keep more cash in your pocket, just read through a few of the posts below. The FreeShipping.org Blog is filled with helpful tips and tricks for cutting costs on everything from groceries to gifts.
      Better World Books Free Shipping Codes Find fabulous savings while helping a world cause with Better World Books free shipping. Better World Books is an online book merchant that collects and sells an extensive selection of titles. Every book you buy at BetterWorldBooks.com helps fund literacy initiatives worldwide. Browse below for free shipping or coupon codes to apply at checkout.
ဒါကစကာင်္ပူက စာအုပ်အဟောင်းဈေးကွက်နေရာနှင့် Websiteတွေဘဲ….

       While a recent post about whether Singapore is an expensive city concluded with a resounding yes, one exception is used books. The supply of used English-language books greatly outweighs the demand (thanks iPhones!) which translates to dirt-cheap prices — from S$2 a book.

Used books: the only thing not cheaper in Thailand.

While you won’t find a cheap bookstore in any of the shiny malls on Orchard Road, you don’t need to go too far out of your way to find this good deal– the best of Singapore’s used bookstores are clustered in the Bras Basah Complex near the Raffles Hotel. It seems like oddly prime real estate for just books, but this area was a traditional location for book shops and the address stuck.
By my count the Bras Basah Complex is home to at least 20 bookstores. Most sell a mix of new and used books, but my top pick for used fiction is Evernew Bookstore on the ground level where you can get 3 books for S$5. With prices that low you’d assume they’re crap books no one wants, but I’ve found everything from Kurt Vonnegut to Bill Bryson to Shakespeare in the ‘bargain bin’ and always in very good condition.
The Bras Basah bookstores also sell used children’s books, magazines, textbooks, art books, graphic novels, and travel guides. My most recent find was a used but current edition of Lonely Planet Japan for just S$19.90 – the full price was S$55!
If you need a break from the book shelves the Bras Basah Complex also has stationery stores, jewellery shops, an internet cafe, hair salons, money changers, and a cheap food court. It’s a five-minute walk from City Hall, Bugis, or Bras Basah MRT stations.

If you can read it, you can buy it here.

Bras Basah Complex
231 Bain Street (between Victoria Street and North Bridge Road)
bras-basah-complex.com.sg
Open: 10:00–21:00 (hours vary by shop)

Link>>>http://www.travelfish.org/blogs/singapore/2011/05/25/shopping-for-used-books-at-the-bras-basah-complex/


Thursday, 29 March 2012 07:51- တင်ညွန့်

၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ MIT တက္ကသိုလ်ကနေ OCW ဆိုပြီးစတင် လွှင့်တင်ထားတယ်။ အလားတူ Yale, Machigan တက္ကသိုလ်နဲ့ California Berkely တက္ကသိုလ်တွေမှာလည်း OCW စနစ်ကို ကျင့်သုံးနိုင်ဖို့ MIT က အကူအညီတွေ အများကြီးပေးခဲ့တယ်။
MIT အနေနဲ့ OCW နောက်မှာ ရပ်တည်နေရတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှာမှီးလိုသူတွေ အွန်လိုင်း ကတစ်ဆင့် ပညာဗဟုသုတရရှိစေရန်ဆိုပြီး ရည်ရွယ်ခဲ့တယ်။ အွန်လိုင်းမှာ မိမိသိချင်တာ၊ တတ်ချင်တာကို ရှာဖွေလေ့လာနိုင်ခြင်းဖြင့် မိမိလက်ရှိ သင်ကြားနေတဲ့ ပညာရေးကို အထောက်အကူ ပြုစေရန်ဆိုတာ MIT ရဲ့ OCW အပေါ်ထား တဲ့ စေတနာလို့ပဲဆိုရမယ်။ နောက်ပိုင်း MIT ရဲ့ ပုံစံအတိုင်း တက္ကသိုလ်အတော်များများက အတုယူပြီး လိုက်လုပ်လာပါတယ်။ အဲဒီလို အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ဖို့ OCW လုပ်ငန်းတွေကို William and Flora Hewlett Foundation ကနေ အထောက်အကူ ပေးနေတယ်။
ပညာရေးမှာ နည်းပညာက အများကြီး အထောက်အကူတွေပေးလာတယ်။ ပညာသင်ကြားရေးမှာ သတင်း အချက်ရရှိရေးဟာ အရေးကြီးပါတယ်။ မျက်မှောက်ခေတ်မှာ အင်တာနက်ဆိုတာ သတင်းအချက်အလက် အများဆုံးရရှိနိုင်တဲ့၊ အမြန်ဆုံးရရှိနိုင်တဲ့နေရာတစ်နေရာဖြစ်တယ်။ ဟားဗတ်နဲ့ MIT တက္ကသိုလ်ကြီးတွေမှာ တံခါးတွေဖွင့်ထားတာကြောင့် ဝင်သွားဖို့ သိပ်မခက်တော့ပါဘူး။
ပညာရေးဆိုတာ စာသင်ခန်းထဲမှာ ပိတ်လှောင်ထားပြီး “ကျက်မှတ်သင်အံ” ဆိုတဲ့ အဆင့်ကနေ အင်တာနက် မှာ “တွေ့မြင်ခံစား လက်တွေ့လေ့လာ” ဆိုတဲ့အဆင့်ကိုရောက်လာတယ်။ အသိဉာဏ်တံခါးကို ဖွင့်သူတွေက ဖွင့်လိုက်တယ်။ သတ္တိရှိရှိ ဝင်ရဲဖို့လိုတယ်။ တစ်ခုတော့ရှိတယ် အဲဒီ တံခါးဆီကို အရောက်သွားရမယ်။ စေ့ထား တဲ့တံခါးကို တွန်းဖွင့်ရဲရမယ်။
အွန်လိုင်းပေါ်မှာ အကောင်းဆုံး OCW တံခါးပေါက် ၁၅ နေရာကို ဖော်ပြလိုက်ပါတယ်။

1. MIT
(http://ocw.mit.edu/index.htm)
MIT ဆိုတာ Massachusetts Institute of Technology ရဲ့ အတိုကောက်ပါ။ ကမ္ဘာ့ အကောင်းဆုံး OCW စာရင်းမှာပါတယ်။ ခေတ်ဦးကိုမီခဲ့တာကြောင့် စုဆောင်းထားသမျှ အတော်လေးစုံတယ်။ ခုမှ စတင်လေ့ လာချင်သူတွေအတွက် အကောင်းဆုံးနေရာ တစ်ခုအနေနဲ့ ညွှန်းချင်တယ်။


2. iTunes U
(http://www.apple.com/education/itunes-u/)
Audio နဲ့ video ဖိုင်တွေ အများကြီးတင်ထားပေးတယ်။ သင်ကြားပို့ချချက်ပေါင်း ၃၅၀၀၀၀ လောက်ရှိတယ်။ ကမ္ဘာအနှံ့ ကျောင်းသင်ခန်းစာတွေဖြစ်ပါတယ်။ Standford နဲ့ Harvard တက္ကသိုလ်က ပို့ချမှုတွေပါ ရနိုင်တယ်။


3. UC Berkeley
(http://webcast.berkeley.edu/)
အွန်လိုင်းအသံလွှင့်ပို့ချချက် (webcasts) တွေကို အများကြီးတင်ထားပေးတယ်။ ရိုးရိုး ပုံမှန် သင်ရိုးတွေအပြင်၊ အထူးပို့ချချက်တွေလည်း ထည့်သွင်းထားတယ်။


4. The Open University
(http://open.ac.uk/)
ဗြိတိန်အခြေစိုက် အွန်လိုင်းတက္ကသိုလ်တစ်ခုပါ။ ရွေးချယ်စရာတွေများတယ်။ စိတ်ပညာကနေ ရူပဗေဒ ဘာသာရပ်အထိ စိတ်ဝင်စားဖွယ် ပို့ချချက်တွေရှိတယ်။


5. YouTube EDU
(http://www.youtube.com/education?b=400)
တရားဝင် ပို့ချချက်တွေကိုပဲတင်ထားတယ်။ မဟုတ်တရုတ် ဗီဒီယိုတွေ၊ အသံလွှင့်ချက်တွေလုံးဝ မတင်ထား ဘူး။ ပို့ချချက်တွေမှာ UCLA, Standford, Purdue, Auburn စတဲ့ နာမည်ကျော် တက္ကသိုလ် ကြီးတွေပါတယ်။


6. Khan Academy
(http://www.khanacademy.org/)
နောက်ပိုင်းပေါ်ထွက်လာတဲ့ ခေတ်မီအတိုးတက်ဆုံး site တစ်ခုဖြစ်ပါတယ်။ ဘာသာရပ်ပေါင်းစုံ၊ အတွေး အမြင်ပေါင်းစုံနဲ့ ပတ်သက်တဲ့ ဗီဒီယိုဆွေးနွေးချက် သင်ခန်းစာတွေ အများကြီးတင်ထားတယ်။ လေ့ကျင့်ခန်း တွေကိုလည်း ကိုယ်တိုင်လိုက်လုပ်နိုင်အောင် စီစဉ်ပေးထားတယ်။ ဒီ site ရဲ့ နောက်ကွယ်မှာ အထောက် အပံ့အများဆုံး ပေးနေသူကတော့ ဘေ ဂိတ်စ် ဖြစ်တယ်။


7. Connexions
(http://cnx.org/)
Rice တက္ကသိုလ်ရဲ့ ပို့ချချက်တွေကို စုဆောင်းတင်ပြပေးထားတယ်။ ဘာသာရပ်မျိုးစုံကို လေ့လာနိုင်တယ်။ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်၊ ကိုယ်လေ့လာသုတေသနပြုထားတာတွေကိုလည်း သူတို့ဆီကတစ်ဆင့် share ပြန်လုပ်နိုင်တယ်။


8. Columbia Interactive
(http://ci.columbia.edu/ci/)
ဒီ site ထဲကို ဝင်လိုက်ရင် တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်တာတွေ၊ သင်ပေးနေတဲ့ ပို့ချချက်တွေ၊ ဘာသာရပ်ပေါင်းစုံဆွေးနွေးချက်တွေ၊ သင်ထောက်ကူပစ္စည်းတွေကို စုံလင်အောင်တွေ့ရပါလိမ့်မယ်။ လေ့လာချင်သူတွေအတွက် အများကြီးအထောက်အကူ ပေးနိုင်တယ်။


9. John Hopkins University Bloomberg School of Public Health
(http://ocw.jhsph.edu/)
ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ site ကအများကြီး အထောက် အကူပေးနိုင်တယ်။


10. MyCourses
(http://mycourses.med.harvard.edu/public/)
Harvard တက္ကသိုလ်ကနေ အခြား လူချမ်းသာ သားသမီးတွေတက်တဲ့ ကျောင်းတွေအတွက် အထူး စီစဉ်ပေးထားတဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးထားတာ ကြောင့် များများစားစားတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်ကောင်းတဲ့ ပို့ချချက်တွေပါ။


11. Academic Earth
(http://academicearth.org)
အွန်လိုင်းသင်ခန်းစာ အတော်များများကို စုဆောင်းတင်ပြထားတယ်။ ကမ္ဘာအနှံ့ ထူးခြားတဲ့ ဟောပြော ပို့ချချက်တွေကို ဒီမှာ လေ့လာနိုင်တယ်။


12. BBC-Languages
(http://www.bbc.co.uk/languages/)
တကယ့်ကို ထူးထူးခြားခြား စီစဉ်ပေးထားပါတယ်။ အခမဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင် ပို့ချချက်တွေကိုရရှိနိုင်ပါတယ်။ ဘာသာစကားမျိုးစုံနဲ့ ရရှိနိုင်အောင်လည်း စီစဉ်ပေးထားတယ်။ ပြင်သစ်၊ စပိန်၊ ဂျာမန်၊ အီတလီ၊ တရုတ် ဘာသာတွေနဲ့ လေ့လာနိုင်အောင် စီစဉ်ပေးထားတယ်။


13. Einztein
(http://einztein.com/)
ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်ပေမယ့် သင်ယူမှု ဆိုင်ရာအထူးစီစဉ်ထားတဲ့ site တစ်ခုဖြစ်တယ်။ ကမ္ဘာအနှံ့ သင်ကြားပို့ချချက်တွေကို ရရှိနိုင်တယ်။ အခမဲ့အွန်လိုင်းအတော်များများနဲ့လည်း ချိတ်ဆက်ပေးထားတယ်။


14. OCW Consortium
(http://www.ocwconsortium.org/)
အွန်လိုင်းပို့ချချက်အတော်များများကို တင်ထားပေးတယ်။ အကောင်းဆုံးကျောင်းတွေက၊ အတော်ဆုံး ဆရာတွေရဲ့ သင်ကြားမှုတွေကို လေ့လာနိုင်တယ်။


15. Open Culture
(http://www.openculture.com)
ပညာရပ်ဆိုင်ရာ ရင်းမြစ်တွေကို အခမဲ့ရနိုင်အောင် စီစဉ်ပေးထားတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ၊ ရေဒီယို အသံလွှင့်ချက်တွေကို အများကြီးရနိုင်တယ်။
Ref:Maukka.org


မချာရဲ့ဗဟုသုတ ခရီးသွားမှတ်တမ်းလေးမှ ဘိန်းပန်းလေးတွေ လှသတလောက်အဆိပ်လဲပြင်းတဲ့ဘိန်အကြောင်းလေးပါ..စိတ်ဝင်စားစရာကောင်းလွန်းလို့ကူးယူဖော်ပြလိုက်တာပါ—-

ငရဲပန်းတို့ရဲ့ အလယ်မှာnday, February 27, 2012 

တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်ပြီးနောက် ငရဲပန်းလို့ခေါ်တဲ့ ဘိန်းစိုက်ခင်းတွေကို ကျွန်မ ရောက်သွား တဲ့ အချိန်မှာ အချို့ခြံတွေက အပွင့်တွေပွင့်ရုံမက အသီးပါ သီးနေပြီ ဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ ဘိန်းခင်းတွေ ဟာ အများအားဖြင့် အပွင့်အဖြူရောင်တွေ များပါတယ်။ အပင် စိမ်းစိမ်း အပွင့် အဖြူဖြူလေးတွေဟာ ကြည့်ရတာ မျက်စိပသာဒ အလွန်ရှိလှပါတယ်။ ဘိန်းပင်ပေါက်ကာစ အပင်ပေါက်လေးတွေကို မုန်ညင်းလို ဟင်းချိုချက်သောက်ရင် အလွန်ချိုတယ်လို့ ချက်စားဖူးသူတွေ ပြောသံကြားဖူးလို့ အပင်ပေါက်လေးတွေ များ တွေ့မလား လိုက်ရှာပေမဲ့ အားလုံးဟာ အပင်ကြီးဖြစ်နေပါပြီ။ ဒါကြောင့် မချောတစ်ယောက် ဟင်းချက်စားဖို့ ဘိန်းပင်ပေါက်လေးတွေ ခူးမလာခဲ့ရပါဘူး။ 🙂 ကင်မရာတစ်လက်နဲ့ ဘိန်းခင်းနား ကို ယောင်လည်လည် လုပ်နေတဲ့ ကျွန်မကို မသိသူတွေကတော့ ဘာလိုလို ထင်နေကြပါလိမ့်မယ်။ ဘာမှ မဟုတ်တဲ့ ကျွန်မဟာ ခြံတစ်ခြံကို အနားကပ်သွားပြီး လှလှ ပပ ဖူးပွင့်နေတဲ့ ပန်းကလေးတွေကို ဓာတ်ပုံ ရိုက်မိပါတယ်။ အဲဒီခြံမှာ လူရိပ်လူခြေတော့ မတွေ့ရပါဘူး။ အပင်တွေကလည်း အပွင့်ဖြူဖြူ လေးတွေသာ ရှိပါသေးတယ်။ ဓာတ်ပုံရိုက်နေရင်း လူရိပ် လူခြေများတွေ့လေ မလားလို့ ရှာကြည့်မိ ပါတယ်။ တွေ့ခဲ့ရင် ကျွန်မ မေးချင်တဲ့ မေးခွန်းလေးတွေ ရှိတာကြောင့် အခင်းပိုင်ရှင် (သို့) ခြံစောင့်ကို လိုက်ရှာမိတာပါ။ ဒါပေမဲ့ တစ်ယောက်မှ မတွေ့တဲ့ အဆုံး ဓာတ်ပုံ ရိုက်ပြီးနောက် အခြားသော ခြံဘက်ကို ထွက်ခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
နောက်တစ်ခြံမှာတော့ ခြံအပြင်ကနေ အတွင်းဘက်ကို ချောင်းကြည့်တော့ လူရိပ်လူခြေ တွေ့ရပါ တယ်။ ခြံကြီးကတော့ ကျယ်ဝန်းလှပြီး ပန်းတွေကလည်း အစီအရီ ပွင့်လို့နေပါပြီ။ ပထမ ခြံထက်လည်း ပိုလှပြီး ပိုလည်း ကျယ်ဝန်းပါတယ်။ ဒါနဲ့ ကင်မရာလေးကိုင်ပြီး ခြံအပြင်ကနေ အထဲကို ချောင်းကြည့်မိတော့ ခြံထဲက အသံတစ်သံ ထွက်လာပါတယ်။ ဘာကိစ္စ ရှိသလဲလို့ မေးတာပါ။ ဒါပေမဲ့ မေးတဲ့ စကားက မြန်မာစကား မဟုတ်ပါဘူး။ ဒါနဲ့ ကျွန်မတို့ကို လိုက်ပို့တဲ့သူက အဲဒီ ဘာသာ စကားနဲ့ ပြန်ဖြေ ပါတယ်။ ပန်းတွေ ပွင့်နေတာ ဓာတ်ပုံ ရိုက်ချင်လို့ ၊ ဘာညာနဲ့ ပြောပြတော့ အထဲက အသက်ကြီးကြီး အဖွားအိုတစ်ယောက် ထွက်လာပြီး “လာပါ လာပါ ”လို့ သူတို့ဘာသာ စကားနဲ့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း အားရဝမ်းသာ အပြေး အလွှားလေး ခြံထဲကို ဝင်လိုက် ကြပါတော့ တယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
အဲဒီခြံထဲရောက်ချိန်မှာတော့ တစ်ခြံလုံး လှလှပပ ပွင့်နေတဲ့ အပွင့်များသာမက အသီးများကိုပါ တွေ့ရ ပါတယ်။ ပြီးတော့လည်း အခြားခြံထဲက ပန်းပွင့်တွေမှာ အဖြူရောင် သီးသန့်သာ ဖြစ်သော်လည်း ယခုခြံထဲမှာတော့ အနီ၊ ခရမ်း၊ ပန်းရောင်များ ကိုပါ တွေ့မြင်ရပါတယ်။

Image Hosted by PicturePush - Photo Sharing
ချစ်စရာခရမ်းရောင်

Image Hosted by PicturePush - Photo Sharing

ပန်းရောင်

Image Hosted by PicturePush - Photo Sharing



ဘိန်းဖြစ်လာဖို့ အဆင့်ဆင့်ကို လေ့လာကြည့်မယ်ဆိုရင် အသီးမဖြစ်ခင် အပွင့်အနေအထား အရင်ဆုံး ဖြစ်လာပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြီးတော့မှ အပွင့်ရဲ့အတွင်းမှာ ခုလို အသီးလေးတွေ စပြီး ဖြစ်တည်လာတာပါ။

Image Hosted by PicturePush - Photo Sharing

အသီးတဖြေးဖြေး ကြီးထွားလာတဲ့အခါ အပြင်က ပွင့်ချပ်လေးတွေ ကြွေသွားပြီးနောက် ခုလို အသီးချည်း ကျန်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အသီးဒီအရွယ်လောက် ရောက်ချိန်မှာ အစေးခြစ်လို့ရပါပြီ။ ဓားလေးနဲ့ အရာပေးပြီး ထွက်လာတဲ့ အစေးတွေကို ခြစ်ယူကြတာပါ။

Image Hosted by PicturePush - Photo Sharing

ဘိန်းသီးခြစ်တဲ့ဓါး


ခြံအတွင်းမှာ အဖွားအို တစ်ဦး၊ မိန်းမငယ် နှစ်ဦးတို့ အပင်တွေကြားမှာ အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ သူတို့တွေရဲ့ အနားကို သွားကြည့် မိပါတော့တယ်။ ကျွန်မမြင်ခဲ့ရတဲ့ ဘိန်းစေးခြစ်ယူပုံကို ဗဟုသုတနေနဲ့ ပြန်ပြောပြရရင် မိန်းကလေး တစ်ဦးက ဘိန်းပင်ပေါ်ရှိ အသီးများကို အထူးပြုလုပ်ထားတဲ့ ဓားလေးတွေနဲ့ ခြစ်နေတာကို တွေ့ရပြီး အဲလိုခြစ်ပြီးတဲ့ ဘိန်းသီးလေးတွေကနေ မကြာခင်မှာပဲ အစေးဖြူဖြူလေးတွေ ထွက်လာပါတယ်။ အပေါ်ကမြင်ရတဲ့ ဓားလေးက ဘိန်းသီးကိုခြစ်ဖို့ ပြုလုပ်ထားတဲ့ ဓားပါ။ အဖျားချွန်ပြီး ပါးပါးလေးဖြစ်နေတဲ့ ဓားလေးချောင်းကို စုစည်း ထားတာပါ။ အဲဒီဓားကိုလည်း ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ယူလာတာပါ။

အဲဒီဓားနဲ့ ဘိန်းသီးတွေကိုခြစ်ထားတာ အခုဆို အသီးပေါ်မှာ ခြစ်ရာလေးတွေ မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အသီးကို ဓားလေးနဲ့ အသားခပ်ဖွဖွ ခြစ်လိုက်ပြီး မကြာခင်မှာဘဲ ခုလို အစေးဖြူဖြူလေးတွေ စိမ့်ထွက် လာတာ မြင်ရပါတော့တယ်။ အသီးကို ပတ်လည် ၂နေရာလောက်မှာ တစ်ခါ ခြစ်ပါ တယ်. နောက် တစ်ပတ်လောက် ကြာချိန်ကျတော့မှာ ပထမခြစ်ပြီးတဲ့ အသီးရဲ့ ဘေးနား က နေရာလွတ်မှာတစ်ခါ ထပ်ခြစ်ပါတယ်။ ထိုနည်းနဲ့ အသီးတစ်လုံးကို အကြိမ် ၃ကြိမ်ခန့်လောက် ခြစ်ယူကြတာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အစေးဖြူဖြူတွေဟာ ခုလို တဖြည်းဖြည်း အညိုရောင်သန်းလာပါတယ်
Image Hosted by PicturePush - Photo Sharing
နောက်ဆုံးမှာ ခုလို ညိုသွားပါတော့တယ်

Image Hosted by PicturePush - Photo Sharing



ညိုပြီး ခြောက်လာတဲ့ အစေးတွေကိုမှ ခုလို သံပြားလေးနဲ့ လိုက်လံစုဆောင်းရပါတယ်။ အဲဒီ အနေအထား ကတော့ ဘိန်းစိမ်းလို့ခေါ်တဲ့ Opium ကိုရပါပြီ။ ဘိန်းသီးကို အစေးထွက်လာအောင်ခြစ်ပြီးတာနဲ့ ချက်ခြင်း လိုက်စုတာ မဟုတ်ဘဲ နောက်တစ်နေ့လောက်မှ လိုက်ပြီး စုဆောင်းတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မသိသေးတာ သိခဲ့ရတာ တစ်ခုက ဘိန်းကို အစေးခြစ်တယ်ဆိုတာ ဘိန်းသီးမှာသာ ခြစ်တာ မဟုတ်ဘဲ ပင်စည်မှာပါ ခြစ်လို့ရတယ်ဆိုတာ သိခဲ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing


ဒီလိုပါ… ဘိန်းပင်ရဲ့ ပင်စည်ပေါ်ရှိ အကိုင်းရဲ့ အရွက်ရင်းနေရာကို ဓားပါးပါး ချွန်ချွန်လေး တစ်လက်နဲ့ လှီးခြစ်နေတာ တွေ့ရပါတယ်။ ပင်စည်ပေါ်မှာ မခြစ်ရပါဘူး.. ပင်စည်ကို ခြစ်လိုက်ရင် အစေးထွက်လာပေမဲ့ အပင်က ဝါလာပြီး သေသွားတတ်ပါတယ်။ ခုလို ပင်စည်မဟုတ်တဲ့ အရွက်လေးတွေရဲ့ အရင်းကို ချွန်ချွန်ပါးပါး ဓားအဖျားလေးနဲ့ ခြစ်လိုက်ရင်လည်း အစေးတွေ ထွက်လာပါတော့တယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



ဒါက ဓားဖျားလေးနဲ့ခြစ်လိုက်တာနဲ့ ထွက်လာတဲ့ အစေးတွေပါ။



Image Hosted by PicturePush - Photo Sharing


ထွက်စမှာ ဖြူပေမဲ့ အချိန်ကြာတဲ့အခါ ခုလို ညိုသွားတာပါ။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

အစောကလိုဘဲ ဘိန်းသီးပေါ်က အစေးတွေကို စုသလို၊ အရွက်ရင်းပေါ်က အစေးတွေကိုလည်း လိုက်လံ စုဆောင်းကြပါတယ်။ အစေးခြစ်ယူပြီးတဲ့ အရွက်ဟာ မကြာခင်မှာ ဝါပြီး ခြောက်သွေ့လာပါတယ်။ အပင်နဲ့ အသီးပေါ်က အစေးလေးတွေကို အနံ့ခံကြည့်တဲ့အခါ စိမ်းရွှေရွှေ အနံ့မျိုးကို ခံစားရပြီး လျှာဖျားပေါ် တင်ကြည့်တဲ့ အခါမှာတော့ ပြင်းထန် ခါးသက်တဲ့ အရသာကို ခံစားရပါတယ်။

Image Hosted by PicturePush - Photo Sharing
အစေးခြစ်ပြီးတဲ့ ဘိန်းသီးတွေက ခုလို အညိုအမည်း ဒဏ်ရာတွေ စွဲလို့ပေါ့။

Image Hosted by PicturePush - Photo Sharing
ဘိန်းစိမ်းများ

ဒီအနေအထားဖြစ်နေတဲ့ ဘိန်းစိမ်းဟာ လမ်းကြောင်း ၂ခုကို ရွေးချယ်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လမ်းကြောင်း ၂ခုဆိုတာ ကောင်းတဲ့ လမ်းကြောင်းနှင့် ဆိုးတဲ့လမ်းကြောင်းပါ။ ဘိန်းလို့ ဆိုလိုက်ရင် မကောင်းတာကိုဘဲ အရင်ပြေးမြင်လိုက်ကြပါလိမ့်မယ်။ ဘိန်းဆိုတာဟာလည်း တကယ်တမ်းတော့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ပြောရင် အံ့သြကြမယ် ထင်ပါတယ်။ အချို့သော လူမျိုးတွေဟာ ဘိန်းကို ရိုးရာ တိုင်းရင်းဆေး အနေနဲ့ အသုံးပြုကြပါတယ်။ ကျွန်မတို့ အရပ်မှာလည်း နေမကောင်းတဲ့အခါ၊ ဝမ်းအပြင်းအထန် သွားတဲ့အခါတွေမှာ ဘိန်းကို ဆေးဝါးအနေနဲ့ အသုံးချတာကို တွေ့ရ ပါတယ်။ ရောဂါတစ်ချို့ကို တကယ်လဲ သက်သာပျောက်ကင်းနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဆေးလောကမှာ ဘိန်းကနေ ထုတ်လုပ်ထားတဲ့ Opiates ခေါ်တဲ့ ဆေးတွေ အများအပြားရှိပါတယ်။ ဥပမာ မော်ဖိန်း (Morphine)၊ ကိုဒင်း(Codeine)တို့လို ဆေးတွေက ဆေးလောကအတွက် မရှိမဖြစ် အရာတွေ ဖြစ်နေလို့ပါဘဲ။ ဘိန်းကနေ ထုတ်တဲ့ဆေး တစ်ချို့ကို ထုံဆေး၊ မေ့ဆေးအဖြစ် အသုံးပြုကြ သလို စိတ်ဝေဒနာရှင်တွေ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာလည်း အသုံးပြု ပါတယ်။ ဘိန်းရဲ့ မူလ အစွမ်းသတ္တိဖြစ်တဲ့ စွဲလန်းစေတဲ့ အာနိသင်ကို လျော့ပါးအောင် ပြုလုပ်ပြီး အနောက်တိုင်းဆေးတွေ ဖော်စပ် အသုံးပြုကြပါတယ်။ ဒါကတော့ ဘိန်းရဲ့ အင်မတန် ကောင်းမွန် တဲ့ အသုံးဝင်ပုံ တစ်ချို့ပါ။

Image Hosted by PicturePush - Photo Sharing

ဘိန်းရှုရန် ပြုလုပ်ပုံအဆင့်

ဘိန်းစိမ်းကနေ ခတ်ပုံ၊ ခခူး၊ (ကချင်ပြည်နယ် အခေါ်) ပြောင်းချေး၊ ဘိန်းမည်း စသဖြင့် အဆင့်ဆင့် ချက်လုပ်ပြီး မူးယစ်စွဲလန်းကာ မသုံးစွဲရ မနေနိုင်အောင် လုပ်ထားတဲ့ အရာတွေကတော့ လူတွေကို ဆိုးကျိုးပေးနိုင်တဲ့ မူးယစ်ဆေး စာရင်းထဲကို ဝင်လာပါပြီ။ ဘိန်းစိမ်းကို ချက်ပြီး အပေါ်က ပုံထဲကလို ငှက်ပျောရွက်အနုကို ပါးပါးလှီး အခြောက်လှမ်းပြီး ဘိန်းဆီနဲ့ ရောကာ အလုံးလေးများပြုလုပ်ပြီး အဲဒီအလုံးလေးကို မီးရှို့ကာ အငွေ့ကို ရှုရှိုက်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဘိန်းကို သုံးစွဲပုံတွေကတော့ အများအပြားရှိပါတယ်။ ဓာတုဗေဒဆေးများနဲ့ ရောနှောပေါင်းစပ်ပြီး အမည်းရောင် ဘိန်းမည်းကနေ အဖြူရောင်အမှုန့်လေးတွေ အဖြစ် အဆင့်ဆင့် ပြုလုပ်ပြီး လေးဆင့်မြောက်မှာ ရရှိတဲ့ ဟီးရိုးအင်းခေါ် နံပါတ်ဖိုးဘိန်းဖြူကတော့ အဆင့် အမြင့်ဆုံးနဲ့ လူသိအများဆုံး၊ လူသားတို့အတွက် အန္တာရယ် အကြီးဆုံး မူးယစ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံ တကာမှာ မူးယစ်ဆေးဂိုဏ်းတွေ နဲ့ မှောင်ခို ရောင်းဝယ်ဖောက်ကားကြတာ ဒီ ဘိန်းဖြူ အဆင့်ဆိုတာ အားလုံး သိကြပါတယ်။ ဈေးလည်း အကြီးဆုံးဖြစ်သလို သုံးစွဲသူတွေရဲ့ အသက် အန္တရာယ်ကိုလည်း အခြိမ်းခြောက်နိုင်ဆုံးသော အဆင့်ဖြစ်ပါပြီ။
မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရသူတွေ၊ ဘဝပျက်ရသူတွေ၊ ရောဂါရကြသူတွေ ရေတွက် မကုန်နိုင်အောင် များပြားလှတာမို့ မူးယစ်ဆေးဆိုရင် လူတိုင်းက နှာခေါင်းရှုံ့ကြ၊ အပြင်းအထန် ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ၊ တိုက်ဖျက်ကြ အဲဒီလိုလုပ်နေကြတာ အားလုံးလည်း အသိပါ။ ကျွန်မသည်လည်း ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေနဲ့ လူသားတွေကို အန္တရာယ်ပေးနေတဲ့ မူးယစ်ဆေးကို အတွင်းစိတ်ထဲကနေ ခါးခါးသီးသီး စက်ဆုတ်ရွံရှာမိပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေးဖြစ်လာမဲ့ ဒီဘိန်းတွေကို ဘယ်လိုလူတွေက စိုက်ကြတယ် ဆိုတာ သိချင်စိတ် သိပ်ပြင်းပြခဲ့တာကြောင့် ဒီလောက်ဝေးလံတဲ့ တောင်ပေါ် ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်မရောက်နေတဲ့ ဘိန်းစိုက်ခင်း ကို စိုက်သူတွေဟာ ဘယ်လို လူမျိုးတွေလဲ ဆိုတာ စပြီး လေ့လာ ကြည့်ပါမယ်နော်။
ခြံထဲကို မရောက်ခင် ခြံအပြင်ကနေ ချောင်းကြည့်နေကြတဲ့ ကျွန်မတို့ကို အထဲဝင်လာဖို့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပြီး ဓာတ်ပုံရိုက်တာကိုပါ ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ အခင်းပိုင်ရှင်ဖြစ်ဟန်ရှိတဲ့ အဖွားအိုဟာ မြန်မာ စကား လုံးဝ မတတ်ပါဘူး။ ပြီးတော့ သူ့ခြံထဲကို တစိမ်းသူတွေဝင်တာ၊ ဓာတ်ပုံရိုက်တာတို့အတွက် ထိတ် လန့်ရကောင်းမှန်း၊ ပူပင်ရကောင်းမှန်းပင် သိပုံမရပါ။ ခြံထဲမှာ ရှိနေတဲ့ အခြားသော မိန်းခလေး ၂ယောက် တို့မှာလည်း အဖွားအိုလိုပါဘဲ။ ပညာလည်း တတ်ပုံမပေါ်ပါ။။ ရိုးအေးတဲ့ မျက်ဝန်းတွေနဲ့ ဖြူစင်တဲ့ စိတ်သဘောထား ရှိကြပါတယ်။ ကျွန်မ သိချင်တဲ့ မေးခွန်းတွေကိုလည်း ဘာသာ စကား တတ်သူကနေ တစ်ဆင့် စိတ်ပါလက်ပါ ဖြေကြပါတယ်။ သူတို့တွေဟာ သူတို့စိုက်နေတဲ့ အပင်တွေကနေ အင်မတန် အန္တရာယ် ကြီးမားစေတဲ့ မူးယစ်ဆေးတွေပါ ရယ်လို့တောင် ခံစားမိဟန် မပေါ်ပါ။ သာမန် ရိုးရိုးသားသား ခြံစိုက်နေကြတယ်လို့သာ ထင်ပုံရှိပါတယ်။

ဘိန်းတွေ လိုက်သိမ်းနေတဲ့ အဖွားအိုဟာ သူ့လက်ထဲက ဘိန်းတွေကို ကျွန်မရှေ့ ထိုးပြပြီး “စမ်းကြည့်ပါ လား။ အရမ်းကောင်းတယ်”လို့ ကျွန်မကို ပြောလာတာမို့ ရီဘဲရီရမလား၊ သူတို့ကိုဘဲ သနားရတော့မလား မသိတတ်အောင် ဖြစ်ခဲ့ရပါသေးတယ်။ ဒီဘိန်းတွေဟာ မကောင်းတဲ့ဆိုးကျိုးတွေကို ဖြစ်စေတယ်ရယ်လို့မှ သူတို့မှာ ခံစားမိရလား မတွေးတတ်အောင်ပါဘဲ။

Image Hosted by PicturePush - Photo Sharing
လှလွန်းအားကြီးတဲ့ ပန်းပွင့်များ
ဘယ်လိုလူမျိုးတွေများ ဒီလိုမူးယစ်ပင်တွေ စိုက်ပါလိမ့်လို့ ကြိုတင် စိတ်ဝင်စားခဲ့မိတဲ့ ကျွန်မဟာ ရိုးသားဖြူစင်နေတဲ့ သူတို့မျက်နှာကိုကြည့်ပြီး ရည်ရွယ်ချက် ဆိုးတွေနဲ့ ဒီအပင်ကို စိုက်ကြတယ်လို့ကို ဘယ်လိုမှ မထင်မိတော့ပါဘူး။ သူတို့တွေဟာ တစ်ကမ္ဘာလုံးကို ခြောက်ခြား တုန်လှုပ်စေနိုင်တဲ့ ဒီဘိန်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တကယ်မသိလို့ စိုက်တာလား၊ သိရက်နဲ့ စိုက်တာလားလို့ တွေးမိရပြန် ပါတယ်။ ဘိန်းစိုက်သူတွေရဲ့ ဘဝကို တစေ့တစောင်း ကြည့်မယ်ဆိုရင် တကယ်တမ်း ဘိန်းစိုက်တာဟာ တစ်ဧကကို အနည်းဆုံး တစ်ပိဿာကနေ သုံးပိဿာ လေးပိဿာအထိ ထွက်နိုင်ပါတယ်။ ဟုတ်ကဲ့.. ဘိန်းအစိမ်း တစ်ပိဿာဈေးနှုန်းကို ကိုးသိန်း ဆယ်သိန်းပေါက်ပါတယ်။ ဒီထက် ပိုအဆင့်မြင့်သွားရင် ဒီထက် ပိုပြီး ဈေးကောင်းရလေ ဖြစ်ပါတယ်။ အပင်ဖြစ်ထွန်းတဲ့ တစ်ဧကကို အနည်းဆုံး သိန်း ၃ဝ ပြေးမလွတ်ပါဘူး။
ဒီတော့ အခြားသီးနှံစိုက်ပျိုးရင် ဒီလို သိန်းဆယ်ချီတဲ့ငွေမျိုး ရဖို့ဆိုတာ တကယ်ကို မလွယ်တဲ့အတွက် ပိုက်ဆံများများရတဲ့ ဘိန်းစိုက်တဲ့ အလုပ်ကို လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘိန်းစိုက်တာ ပိုက်ဆံ များများရတယ် ဆိုပြီး ကျွန်မတို့၊ အခုစာဖတ်နေတဲ့သူတို့ကို ဘိန်းစိုက်မလားလို့ မေးလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြပါမလဲ? ကျွန်မရဲ့ အဖြေကတော့ မစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘိန်းကနေ ထွက်လာမဲ့ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဘိန်းဖြူ စသည်တို့ဟာ လူသားတွေရဲ့ ဘဝတွေကို ပြောပြလို့ မရနိုင်လောက်အောင် ဆိုးဝါး ပျက်စီးစေနိုင်လို့ပါဘဲ။ ဒါကြောင့် ဘိန်းစိုက်တာဟာ မကောင်းမှုလို့ ကျွန်မတို့အနေနဲ့ ခံယူကြပါတယ်။ အခြားသော စာဖတ်သူတို့လည်း ဒီိလိုဘဲ ခံယူမယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ကျွန်မတို့တွေရဲ့ အသိစိတ်မှာ ဘိန်းရဲ့ ဆိုးကျိုးတွေ၊ မကောင်းမှုတွေကို နားလည် လက်ခံထားပြီး ဖြစ်တာကြောင့် ဘိန်းစိုက် တဲ့ အလုပ်ဟာ ပိုက်ဆံ ဘယ်လောက် ရသည်ဖြစ်စေ မလုပ်သင့်တဲ့ အလုပ်လို့ နားလည်ထားခဲ့ကြတယ် မဟုတ်ပါလား။

Image Hosted by PicturePush - Photo Sharing
ဒီလိုဆိုရင်ဖြင့် ကျွန်မတို့က ဘိန်းဆိုတာ မကောင်းဘူး၊ ဘိန်းကြောင့် လူသားတွေရဲ့ ဘဝတွေကို လူညွန့်တုံးစေနိုင်တဲ့ အထိဖြစ်စေတယ်၊ ဘိန်းစိုက်ခြင်းဟာလည်း သမာအာဇီဝကျတဲ့ အလုပ်တစ်ခု မဟုတ်ဘူးရယ်လို့ ထင်မြင်သလို ဝေးလံသီခေါင်တဲ့ ဟိုးတောင်ပေါ်နေရာတွေမှာ စိုက်ပျိုးနေကြတဲ့ ဘိန်းစိုက်သူတွေကိုလည်း ဒီလို အသိမျိုးကို သဘောပေါက် လက်ခံလာနိုင်ဖို့အတွက် တစ်ကယ့်ကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့၊ လှုံ့ဆော်ဖို့ လိုအပ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့လည်း ဘိန်းအစား အခြားသော သီးနှံများကို စိုက်ပျိုးဖို့၊ သူတို့ရဲ့ ကျန်းမာရေး ၊ ပညာရေး အဆင့်အတန်းတွေ မြင့်မားအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ငွေကြေးကအစ ထိရောက် တဲ့ ကူညီထောက်ပံ့မှုမျိုးတွေ လုပ်ပေးဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်ကတော့ ဘိန်းစိုက်ပျိုးခြင်းကို အသွေးထဲ၊ အသားထဲကကို ရွံရှာမုန်းတီးတဲ့ စိတ်မျိုး အဲဒီ တောသူတောင်သားတွေရဲ့ စိတ်ထဲကို ရိုက်သွင်းပေးနိုင်ဖို့ အလိုအပ်ဆုံးပါ။ ဒီအပင်ကနေ ထွက်လာတဲ့ ဘိန်းတွေဟာ အခြားသော ဝိသမစီးပွားရေး သမားများ စတဲ့ လူတွေလက်ထဲ ရောက်ရှိသွားပြီးနောက် လွဲမှားစွာ လက်ခံသုံးစွဲတဲ့ လူအတွက်ရော၊ သူနဲ့ ဆက်ဆံပတ်သက်နေတဲ့ ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ ဘယ်လိုအင်အားကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တယ်ဆိုတာ ထဲထဲဝင်ဝင် သိလာအောင် ထိထိရောက်ရောက် ပညာပေးဖို့၊ အသိပေးဖို့၊ ပြောပြဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီလို တရားမဝင် မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဝိသမစီးပွားရေး သမားများ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ငန်းရှင်ကြီးများကိုလည်း ဥပဒေဘောင်ထဲကနေ ထိထိရောက် အပြစ်ပေး၊ အရေးယူနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေတင်မက ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကပါ အသိစိတ်ရှိရှိ၊ တာဝန်သိသိနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။

Image Hosted by PicturePush - Photo Sharing

လယ်စောင့်တဲ မဟုတ်သော ဘိန်းခင်းစောင့်တဲ လို့သာ ကဗျာမဆန် နာမည်ပေးလိုက်ပါရစေတော့။
သို့သော်လည်း ကျွန်မတို့မြန်မာစကားပုံမှာ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားကလည်း ရှိလေတော့ ဘိန်းရဲ့ ဆိုးကျိုးတွေကို သိပင်သိသော်ငြား၊ နားပင် လည်သော်ငြားလည်း စီးပွားရေး အဆင်မပြေလို့၊ သားရေးသမီးရေး၊ မိသားစုဝမ်းစာရေး၊ ကျန်းမာရေး၊ ချမ်းသာရေး၊ ဘဝရဲ့အရေး၊ အရေး ကိစ္စ အထွေထွေတို့အတွက် မစိုက်မဖြစ်လို့ စိုက်ပျိုးရပါတယ်ဆိုတဲ့ ဆင်ခြေမျိုး အပေါ်က အမေအိုတို့လို ဘိန်းစိုက်တဲ့ တောသူတောင်သားတွေက တစ်ကယ့်ကို ရိုးရိုးသားသားနဲ့ ပေးလာမယ်ဆိုရင်တော့ အဲဒီပြဿနာတွေ အတွက်ကို ကျန်တဲ့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းက လူတွေအနေနဲ့ ဘယ်လို ဖြေရှင်းဖို့ ကူညီပေးနိုင်မလဲ၊ ဘာတွေ သူတို့အတွက် လုပ်ပေးဖို့ လိုအပ်မလဲ ဆိုတဲ့ အကြောင်းစတာတွေနဲ့ တကယ့်တကယ်တန်း လက်တွေ့ အခြေအနေမှာ အဲဒီလို ငရဲပန်းတွေက သီးပွင့်လာတဲ့ အသီးအပွင့်တွေနဲ့ ဘီလီယံချီတဲ့ ပိုင်ဆိုင်မှု ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ပြီး လူသားတွေရဲ့ အသက်ပေါင်း များစွာနဲ့ ရင်းနှီးထားရဲ့ စည်းစိမ်တွေကို ယစ်မူး သာယာနေကြသူတွေ အကြောင်း စတဲ့ အတွေးပေါင်းစုံတို့ကို အပြန်ပြန် အလှန်အလှန်၊ အထပ်ထပ် အခါအခါ ခေါင်းခြောက်မတတ် တွေးတောရင်း၊ စဉ်းစားမိရင်း ငရဲပန်းတွေ ဖူးပွင့်ဝေဆာနေတဲ့ တောင်ပေါ်ကနေ လေးလံတဲ့စိတ်၊ နွမ်းနယ်တဲ့ ခန္ဓာကိုယ်ကို သယ်ပိုးရင်း တရွေ့ရွေ့ ပြန်ဆင်းခဲ့ မိပါတော့တယ်။

ဒီငရဲပန်းတွေလို ဒီကမ္ဘာမြေကြီးရဲ့ တစ်နေရာ ၊ တစ်နေရာစီမှာ ဖူးပွင့်ဝေဆာနေတဲ့ ငရဲပန်းတွေတိုင်းဟာ လူသားတွေကို ဆိုးကျိုးတွေ ဖြစ်စေတဲ့၊ လူညွှန့်တုံးစေတဲ့၊ လူသားတွေရဲ့ ဘဝတွေကို စောစော စီးစီး နေဝင်သွားစေနိုင်တဲ့ နေရာတွေကို ရောက်မသွားဘဲ ကောင်းကျိုးဖြစ်ထွန်းစေတဲ့၊ လူသားတွေ အတွက် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးပြုနိုင်တဲ့၊ ကောင်းမွန်သော လမ်းကြောင်းတွေဆီ ရောက်သွားတဲ့ တန်ဖိုးရှိတဲ့ ပန်းတွေသာ ဖြစ်ပါစေတော့လို့လည်း ပါးလှပ်လှပ် မျှော်လင့်ချက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အထပ်ထပ် ဆုတောင်းမိခဲ့ ပါတော့ တယ်။

စာရှုသူ မိတ်ဆွေများအားလုံး မူးယစ်ဆေး အန္တာရာယ်မှ ကင်းဝေးကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေလို့လည်း အလေးအနက် ဆုတောင်းပေးလိုက်ရပါတယ်ရှင်။

ဘိန်းကနေထုတ်လုပ်သော ဆေးဝါးများအကြောင်း ရှင်းပြပေးသော ဒေါက်တာ မောင်ဟန်၊ ဒီပိုစ့်ဖြစ်မြောက် ရန် အတွက် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့သော ကိုသားကြီး၊ လွန်ခဲ့တဲ့ နှစ်များဆီက တောင်ပေါ် ရွာလေးကို ရောက်ခဲ့စဉ် ကျွန်မ သွားချင်တဲ့ ဘိန်းစိုက်ခင်းကိုရောက်ရန် အင်မတန်ကြမ်းတမ်းတဲ့ ခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသော မိတ်ဆွေ၂-ဦးနဲ့တကွ ညီမငယ် တစ်ဦး၊ ဒီပိုစ့် မတိုင်ခင် ပထမ ပိုစ့်တစ်ပုဒ်ဖြစ်သော ငရဲပန်းများဆီသို့ ပိုစ့်ကို စရေးကတည်းက စိတ်ပူပြီး သတိပေးကြတဲ့ အဝေးက မိတ်ဆွေများ အားလုံးတို့ကို အထူးကျေးဇူး တင်ရှိပါတယ် လို့ ကျေးဇူးစကား ပြောကြားပါရစေရှင်။

 manawphyulay

၁။ ITPEC ဆိုတာ ဘာလဲ?
 ITPEC = Information Technology Professional Examination Council မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် (၇) နိုင်ငံပါဝင်တဲ့ IT Professional ဆိုင်ရာ Skill များ သတ်မှတ်ပြီး စာမေးပွဲများ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းပါ။
ITPEC မှာ မြန်မာနိုင်ငံက MCF (မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊ မလေးရှားက (METEOR)၊ မွန်ဂိုလီးယားက (NITP)၊ ထိုင်းက (NECTEC)၊ ဂျပန်က(IPA)၊ ဗီယက်နမ်က (VITEC)၊ ဖိလစ်ပိုင်က (PhiINITS) စတဲ့ အဖွဲ့တွေပါဝင်ပါတယ်။
၂။ ITPEC Exam ဆိုတာ ဘာလဲ?
ITPEC က စစ်ဆေးတဲ့ စာမေးပွဲတွေပါ။ Exam Category (၁၄) မျိုး ရှိပါတယ်။
1) An: Systems Analyst Examination
2) PM: Project Manager Examination
3) AE: Application Systems Engineer Examination
4) SW: Software Design & Development Engineer Examination
5) NW: Network Systems Engineer Examination
6) DB: Database Systems Engineer Examination
7) SM: Systems Management Engineer Examination
8) ES: Embedded Systems Development Engineer Examination
9) SV: Information Security Engineer Examination
10) SU: Information Systems Security Administrator Examination
11) SD: Senior Systems Administrator Examination
12) AD: Systems Administrator Examination
13) AU: Systems Auditor Examination
14) FE: Fundamental Information Technology Engineer Examination
မြန်မာနိုင်ငံမှာ ကျင်းပပေးတဲ့ စာမေးပွဲက FE (Fundamental InformationTechnology Engineer) ဖြစ်ပါတယ်။ တစ်နှစ်လျှင် နှစ်ကြိမ်အဖွဲ့ဝင်နိုင်ငံအားလုံးမှာ တစ်ပြိုင်နက် စာမေးပွဲကျင်းပစစ်ဆေးပါတယ်။
နှစ်စဉ် April နှင့် October လတွေမှာ စစ်ဆေးပါတယ်။ FE စာမေးပွဲစစ်ဆေးချိန်က စုစုပေါင်း (၅) နာရီဖြစ်ပါတယ်။ နံနက်ပိုင်းမေးခွန်းက (၂)နာရီ (၃၀) မိနစ်။ ညနေပိုင်း မေးခွန်းက (၂) နာရီ (၃၀) မိနစ်။
မေးခွန်းအားလုံး MUltiple Choice Question တွေပဲ ဖြစ်ပါတယ်။
၃။ စာမေးပွဲဖြေဆို အောင်မြင်ပြီး လက်မှတ်ရရင် ဘယ်လိုအကျိုးရှိမှာလဲ?
(၁) မိမိ၏ အိုင်တီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုကို စစ်ဆေးမှတ်ကျောက်တင်ပြီးသား ဖြစ်ခြင်း။
ဂျပန်နိုင်ငံမှာ IPA (Information-technology Promotion Agency)ဆိုတဲ့အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့အောက်မှာ JITEC က ITEE (Information-Technology Engineers Examination) တွေကို စစ်ဆေးနိုင်ဖို့ Standard Skill များ ပြုစုခြင်းမှ အစ ဆောင်ရွက်ပေးပါတယ်။
အဲဒီစာမေးပွဲတွေနဲ့ လက်မှတ်တွေကို အထက်တွင် ဖော်ပြထားသော ITPEC အဖွဲ့ဝင်နိုင်ငံများအပြင် ကျန်ကမ္ဘာ့နိုင်ငံတော်တော်များများကလည်းသဘောကျလက်ခံကြပြီးသူတို့နဲ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ ဒါကြောင့် ITPEC-(FE) စာမေးပွဲအောင်ပြီး လက်မှတ်ကိုင်ထားနိုင်ရင် မိမိ၏အိုင်တီဆိုင်ရာ အခြေခံအဆင့် အရည်အချင်းကို နိုင်ငံတကာ ‘စံ’တစ်ခုနဲ့ မှတ်ကျောက်တင်ပြီးသား ဖြစ်ပါမယ်။
(၂) အဖွဲ့ဝင်နိုင်ငံများ၏ Cross Certification ဖြစ်ခြင်း မြန်မာနိုင်ငံမှာ ဖြေဆိုအောင်မြင်တဲ့ ITPECFE စာမေးပွဲအောင်လက်မှတ်ကိုကျန်နိုင်ငံများကပါ အသိအမှတ်ပြုတဲ့အတွက် အဲဒီနိုင်ငံတွေမှာ အိုင်တီအလုပ်တွေ၊ အိုင်တီဆိုင်ရာ ပညာသင်ယူမှုတွေ၊ အိုင်တီဆိုင်ရာScholarship လျှောက်တာ တွေစတဲ့ ကိစ္စတွေမှာ များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်
၎။ ITEPC စာမေးပွဲဖြေဆိုရန် အရည်အချင်းကန့်သတ်ချက်ရှိပါသလားအရည်အချင်း ကန့်သတ်မှုမရှိပါ။ သို့သော်လည်း အနိမ့်ဆုံးအားဖြင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။ ITPECကို IT ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရလိုသူများ ဖြေဆိုခြင်းဖြင့်အကျိုးအများဆုံး
ရရှိနိုင်ပါသည်။
၅။ စာမေးပွဲဖြေဖို့ ဘာတွေလေ့လာထားရမလဲ…..
1) Computer System
2) Information Processing and Security
3) System Development
4) System Operations and Maintenance
5) Internal Design and Programming
6) Network Technology
7) Database Technlogy 8) Current IT Topics (Applications) စသည့် ဘာသာရပ်များကိုကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားရပါမည်။ စာမေးပွဲကို Englishဘာသာဖြင့် စစ်ဆေးပါမည်။
၆။ စာမေးပွဲဖြေဆိုရန် မည်သို့ ဆက်သွယ်ဖြေဆိုရမည်နည်း?
မြန်မာနိုင်ငံတွင် ကွန်ပျူတာအသင်းချုပ်ကို ဆက်သွယ်ရပါမည်။ ရန်ကုန်မှဖြေဆိုသူများအတွက် စာစစ်ဌာနကို မြန်မာအင်ဖိုတက်ခ်တွင် စစ်ဆေးမည်ဖြစ်ပြီးပြည်နယ်နှင့်တိုင်းများမှ ဖြေဆိုသူများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ကွန်ပျူတာအသင်းများမှ စီစဉ်ဆောင်ရွက်စစ်ဆေးပါမည်။ စာမေးပွဲကြေးမှာ
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဧပြီလ (၄) ရက်နေ့ တနင်္ဂနွေနေ့တွင် ဖြေရသောစာမေးပွဲကြေး ကတော့ ၁၀၀၀၀ိ/- ကျပ်ဟု သိရပါသည်။
၇။ ၀င်ရောက်လေ့လာဖတ်ရှုသင့်သော ၀က်ဘ်ဆိုက်များမှာ –
ITPEC(http://www.itpec.org)Offical Website
PhiNITS(the Philippines) (http://www.philnits.org)
METEOR(Malaysia)(http://www.mitpe.meteor.com.my)
NITP(Mongolia)(http://www.itpark.mn)
MCF(Myanmar)(http://www.mcf.org.mm)
NECTEC (Thailand) (http://www.ite.nectec.or.th)
VITEC(Vietnam)(http://www.vitec.org.vn)
တို့တွင် လေ့လာနိုင်ပါတယ်။ သိရသလောက် ပြန်လည်ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတော့တယ်။
Ref:madalaygazette

Next Page »