လူမှုရေး



မိမိရဲ့ facebook နောက်ခံဒီဇိုင်းတွေကို မိမိကြိုက်တဲ့ရုပ်ပုံတွေထည့်ပြီး လှပအောင် ဘယ်လိုလုပ်ရမလဲ?မသိကြသေးသူများအတွက် ရေးလိုက်ရပါတယ်၊ စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်…

  • Page Rage ဆိုတဲ့ Website ကို ၀င်ပြီး Member အဖြစ်အသင်းဝင်ရပါတယ်၊  free and Premium ဆိုပြီး ၂မျိုးရှိပါတယ်၊ ကြိုက်တာယူလို့ရပါတယ်၊
  • ဆော့ဝဲတွေကို IE သို့ Chrome တွေမှာ install လုပ်လို့ရပါတယ်၊ install လုပ်နေချိန်မှာတော့ ကျန်တဲ့ တက်နေတဲ့တခြား  internet Explorer တွေပိတ်ထားဖို့လိုပါလိမ့်မယ်၊ တခါတရံ Chrome မှာ Error တက်နေတတ်တာကြောင့်ပါ၊ ဒါပေမဲ့ အားလုံးကိုတော့ install လုပ်စရာမလိုပါဘူး၊  မကြိုက်တတ်တဲ့ တချို့ဟာတွေကို ဥပမာ- Toolbar တွေကို Install လုပ်စရာမလိုပါဘူး၊
  • ပထမဦးဆုံး Create  you own မှာ ကာလာရွှေးရပါတယ်၊ ကာလာတွေကိုမကြိုက်ရင် ပေးထားသော Browse ဆိုတဲ့ နောက်ခံဒီဇိုင်းပုံအစုံတွေ(Car,Animal,fashion, Cute, Love, Floral, Emo, Holiday,Militry,Music,NatureMoive,Motocycle,Food,Catoon, Dark,Color, Custom, Anime…. အစရှိသော Layout များနှင့် မိမိရဲ့စိတ်ကြိုက်ဒီဇိုင်းပုံတွေလဲ ရွှေးလဲရပါတယ်၊ ပြီးရင် မိမိရွှေးထား သောနောက်ခံပုံတွေကို intsall လုပ်ပေးရပါတယ်၊ မကြိုက်သေးရင်လဲပြန်ဖျက်ပြီး ကြိုက်ရာချိန်းလို့ရပါတယ်၊ ဘာမှမခက်ပါဘူး?

  • ဒါကကျွှန်တော်ရဲ့စိတ်ကြိုက် Piglet ပုံတွေပါ၊(မှတ်ချက်-ကျွှတ်တော်ရဲ့နောက်ခံပုံတွေ တော်တော်များ Piglet ပတ်သက်တဲ့ ပုံတွေဘဲ တင်ပါတယ်၊ သားက၀က်နှစ်မှာမွှေးလို့လေ..ဟဲဟဲ!)

  • ကဲ! စမ်းကြည့်လိုက်ပါအုံးနော်! ဘယ်တွေလဲဆိုတာကို ဒီမှာဝင်ကြည့်လိုက်ပါအုံး>>>Page Rage Installer

2012-03-12

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာကိစ္စတွေမှာ စိုးရိမ်ရဆဲ အခြေအနေမှာပဲ ရှိနေသေးလို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC က တင်သွင်းလိုက်ပါတယ်။

UN Human Rights Council
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC ကနေ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဒီကနေ့ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ အခုလို လူ့အခွအင့်ရေးညီလာခံမှာ အစီရင်ခံတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ALRC ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် မပြောင်းလဲဘဲ ဆုတ်ယုတ်နေတဲ့အချက်အလက်တွေ၊ တရားစီရင်ရေးဆိုင်ရာ ချို့ယွင်းချက်တွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိနေတယ်ဆိုတာတွေက ယခင်ကထက် ပိုဆိုးလာတယ် ဆိုတာတွေကို တင်ပြသွားဖို့ အစီအစဉ် ရှိပါတယ်။ တရားစီရင်ရေးဌာနမှာ လွဲမှားစွာလုပ်ဆောင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေဆဲပဲဆိုတာ၊ တရားစီရင်ရေးဌာနကတော့ လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဇောင်းပေးတင်ပြထားပါတယ်”
ဒီအချက်အလက်တွေကို တင်ပြတဲ့အခါ ၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်အမှု၊ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် မကြာခဏ ခေါ်ယူစစ်ဆေးခံနေရတဲ့ အရှင်ဂမ္ဘီရရဲ့အခြေအတွေကို ထည့်သွင်းဖေါ်ပြထားပါတယ်။
ဒီကနေ့ ကုလမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကိစ္စ တင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စတာကန်တားနားကလည်း မိမိအစီရင်ခံစာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိသလို၊ မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း လူ့အခွင့်ရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။
Ref:rfaburmese

2012-04-17ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။

Photo courtesy of UN web site-
ဒီမှာကြည့်လိုရပါတယ်- List_of_countries_by_Human_Development_Index

Low human development

Rank Country HDI
New 2011 Estimates for 2011
[1]
Change compared to new 2011 data for 2010[1] New 2011 Estimates for 2011
[1]
Change compared to new 2011 data for 2010
[1]
142 steady  Solomon Islands 0.510 increase 0.003
143 increase (1)  Kenya 0.509 increase 0.004
144 decrease (1)  São Tomé and Príncipe 0.509 increase 0.003
145 steady  Pakistan 0.504 increase 0.001
146 steady  Bangladesh 0.500 increase 0.004
147 steady  Timor-Leste 0.495 increase 0.004
148 steady  Angola 0.486 increase 0.004
149 increase (1)  Myanmar 0.483 increase 0.004
150 increase (1)  Cameroon 0.482 increase 0.003
151 decrease (2)  Madagascar 0.480 decrease 0.001
152 increase (1)  Tanzania 0.466 increase 0.005
153 decrease (1)  Papua New Guinea 0.466 increase 0.004
154 steady  Yemen 0.462 increase 0.002
155 steady  Senegal 0.459 increase 0.002
156 increase (1)  Nigeria 0.459 increase 0.005
157 decrease (1)  Nepal 0.458 increase 0.003
158 increase (1)  Haiti 0.454 increase 0.005
159 decrease (1)  Mauritania 0.453 increase 0.002
160 steady  Lesotho 0.450 increase 0.004
161 steady  Uganda 0.446 increase 0.004
162 steady  Togo 0.435 increase 0.002
163 steady  Comoros 0.433 increase 0.002
164 increase (1)  Zambia 0.430 increase 0.005
165 decrease (1)  Djibouti 0.430 increase 0.003
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။
ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။
Ref:rfaburmese

နွားကျောင်းသား (Friend Ever)
ဧပြီ ၁၈၊ ၂၀၁၂
(ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှား အလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မလာရောက်ကြစေရေးအတွက် တဖက်တလမ်းမှ အထောက်အကူဖြစ်စေနိုင်ရန်ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြနေခြင်းဖြစ်သည်။ ဤအ ကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလိုသုံးနိုင်သည်။)
Orn Eak’s Case (28-Years Old) Maid from Cambodia
အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည် အိမ်တအိမ်တည်းတွင် နေ့စဉ်ရက်ဆက် လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်း ကျင်နှင့် ဆက်သွယ်ချိန်မရ။ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကို ကြုံတွေ့ခံစားရသော်လည်း မိမိ ကိုယ်ကိုကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့် အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ ဖြစ်ကြရသည်။ ၂၀၁၀ ခုနှစ်တွင် မလေး ရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊ အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ) အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကို ကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)
အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ မပေးပဲထားခြင်းတို့သည် အများဆုံးဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့် စာရွက် စာတမ်းများ ထိန်းသိမ်းထားခြင်း (ပေးသင့်ချိန်ရောက်သော်လည်း မပေးခြင်း)၊ အစာရေစာ ချို့တဲ့စွာကျွေးမွေးခြင်း စသည်တို့ဖြစ်သည် ဟု WAO မှလေ့လာတွေ့ရှိရသည်။ ၂၀၁၀ နှစ်စပိုင်းတွင် WAO သို့ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှလာရောက်လုပ်ကိုင်နေသော အိမ်အကူနှစ်ဦး ဆက်သွယ်လာခဲ့ သည်။ လစာမပေးခြင်း၊ ရိုက်နှက်ခံရခြင်းများကြောင့် နိုင်ငံပြန်ရန် စရိတ်နှင့် စာရွက်စာတမ်းမရှိ (အိမ်ရှင်မှ ထိန်းသိမ်းထား၍) သောကြောင့်ဖြစ်သည်။ ထို့ကြောင့် WAO သည် သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာ ဖိလစ်ပိုင်သံရုံးသည် ယင်းနိုင်ငံသူ အတွက်ထိရောက်စွာ ပူးပေါင်းကူညီမှုပေးသဖြင့် လက်ကျန်လစာနှင့် စာရွက်စာတမ်းများပြန်လည်ရရှိ၍ နိုင်ငံသို့ပြန်နိုင်ခဲ့သည်။ ဗီယက် နမ်သူလေးမှာမူ ကံဆိုးစွာပင်အဆင်မပြေဖြစ်၍ WAO ရုံးတွင် နှစ်ပတ်နီးပါးနေထိုင်ခဲ့ရပြီး၊ မည်သို့မျှအဆင်မပြေသည့်အတွက် ပြန်ရန်လမ်း စရိတ်အတွက် အလုပ်သစ်လုပ်ကိုင်ရန်စီစဉ်ပေးခဲ့ရပြီး၊ လမ်းစရိတ်ပြည့်သောအခါ၊ WAO အကူညီဖြင့် စာရွက်စာတမ်းများပြုလုပ်ကာ နိုင်ငံ ပြန်ပို့ခဲ့ရသည်။ (WAO Annual Report 2010)
ကမ္ဘောဒီးယားနိုင်ငံသူ Orn Eak (အသက် ၂၈ နှစ်) သည် (၂) နှစ်ကျော် မလေးရှားအိမ်ရှင်၏ မတရားမှုများကိုခံစား၍ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။ သူသည် အသက် (၅) နှစ်အရွယ်ကလေး Ho Bora ၏မိခင်ဖြစ်ပြီး မိသားစုနှင့် မိမိကလေးအတွက် အိမ်အကူအလုပ်ကို မလေးရှားတွင် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သူမသည် မကြာခဏပင် ရိုက်နှက်ခံရပီး၊ အစာမကျွေးဘဲ အငတ်ထားခံခဲ့ရကြောင်း ပြောပါသည်။ အိမ်ထဲကို မြွေတစ်ကောင်ဝင်ရောက်ခိုအောင်းနေ၍ အိမ်ရှင်မှ အသုံးမကျဆိုကာ ရိုက်နှက်မောင်းထုတ်ခံခဲ့ရသည်။ သူမသည် အမြဲအပြစ်တင်ခံခဲ့ရသည်။ အိမ်ရှင်၏မိခင်သေဆုံးသည်ကိုပင် သူမအပြစ်ဟုဆိုကာ ရိုက်နှက်ကြသည်။ သူမကိုယ်ခန္ဓာတွင် အိမ်ရှင်ကြောင့် ဒဏ်ရာများ၊ အနာရွတ် များစွာရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ Kompong Thom ခရိုင်မှ၊ သူမသည် ၂၀၁၀ မှစ၍ မလေးရှားတွင် အိမ် အကူ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ အလုပ်စသည့်အချိန်မှစ၍ ပိတ်ရက်မရှိ ဆက်တိုက်လုပ်ကိုင်ခဲ့ရသည်။ မကြာခဏအရိုက်ခံရခြင်း၊ အစာငတ်ထား ခြင်း စသည်တို့ကြုံခဲ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ရှိသောသူမ၏ အမေ Ee Tha (အသက် ၅၅) ကပြောသည်မှာ ယင်း၏သမီးသည် မလေးရှားတွင် အိမ်အကူအလုပ် ကို (၂) နှစ် လုပ်ကိုင်ခဲ့သော်လည်း လုပ်ခလစာအနေနှင့် နှစ်ကြိမ်သာ ရရှိခဲ့သည်ဟုပြောသည်။ နှစ်ကြိမ်စုစုပေါင်း US$ 270 သာရခဲ့သည်။ ကန်ထရိုက်စာချုပ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်းဆိုလျှင် Orn Eak ၏လစာမှ ပါမစ်ကြေး၊ လဲဗီ (levy) ကြေးနှုတ်ပြီးသည့်အပြင် ကျန်သင့်သည်မှာ တစ်လ $US 180 ကျန်ရပါမည်။ သို့သော် (၂) နှစ်ကျော်လုပ်ခဲ့ပြီး US$ 270 သာရခဲ့သည်။
အလုပ်ရှင်၏ နှိပ်စက်မှုများစွာခံခဲ့ရပြီး၊ သူမသည် ကမ္ဘောဒီးယားသို့ ပြန်ရောက်ခဲ့သည်။ ရောက်ရောက်ခြင်း သူမသည် အလုပ်သမားအေဂျင်စီ သို့သွား၍ သူမအတွေ့အကြုံကိုတင်ပြခဲ့သည်။ အိမ်ရှင်ယောက်ျားနှင့် သူ့မိတ်ဆွေ (၅) ယောက်က ရိုက်နှက်ကန်ကျောက်ပြီး မောင်းထုတ် ကြကြောင်းနှင့် အသေးစိတ်ပြောပြခဲ့သည်။ ဒဏ်ရာများကိုလည်း ပြခဲ့သည်။ မကြာမီသူမကို သူမအမေက Phnom Penh သို့ လာရောက်ကြို ခဲ့သည်။ “ကျမသမီးကိုတွေ့တဲ့အခါ တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကုတ်ရာ၊ ခြစ်ရာတွေနဲ့ ကျမ အလွန်ရင်နင့်ခံစားရပါတယ်။” ဟုပြောဆိုခဲ့ သည်။ သူမအမေသည် အလုပ်သမားအေဂျင်စီရုံးတွင် သမီးလုပ်ခကိုမရမခြင်း မပြန်ဟုဆိုသည့်အတွက် အလုပ်သမားအေဂျင့်များမှ (၂) နှစ် ကျော်အလုပ်လုပ်ခဲ့သည်ကို US$ 1200 ပေးခဲ့သည်။ သူမရမည့်လစာစုစုပေါင်း သုံးပုံတစ်ပုံမျှပင် မရှိပါ။
သူမကို လူမှုကူညီရေးအဖွဲ့မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ လူအခွင့်အရေးအဖွဲ့များ၏အဆိုအရ ၂၀၁၁ ခုနှစ် အတွင်း၊ ကမ္ဘောဒီးယားနိုင်ငံသူ အိမ်အကူအလုပ်သမ (၁၁) ဦးသည် မလေးရှားအိမ်ရှင်တို့၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ (ကမ္ဘောဒီးယား နိုင်ငံသူအရေအတွက်)
မလေးရှား အတိုက်ခံပါတီ MP မှ Charles Santiago ကမလေးရှားအစိုးရနှင့် ရဲများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ တရားမျှတမှု မရှိ သူများ၊ စသည်ဖြင့်ပြောဆိုခဲ့ပြီး၊ အိမ်ဖော်အိမ်အကူသေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများထိရောက်စွာမလုပ်၊ အရေးမယူသည့်အတွက် ပြစ် တင်ခဲ့သည်။
စောင့်ကြည့်ရုံသာ စောင့်ကြည့်သော “လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့” (Human Rights Watch) မှပြောသည်မှာ အိမ်အကူတို့သည် တစ်ရက် တစ်ရက် အချိန်ကြာရှည်စွာလုပ်ရခြင်း၊ နားရက်မရှိခြင်း၊ အစာချို့တဲ့ခြင်း၊ လစာမရခြင်း စသည်တို့ကြုံတွေ့နေရ၍ ပြုပြင်သင့် ကြောင်း ပြောပါသည်။
အိမ်ဖော်အိမ်အကူများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အခြားများစွာသောအမှုများကြောင့် ကမ္ဘောဒီးယားသည် မလေးရှားသို့ အိမ် ဖော်ပို့ခြင်းကို ပိတ်ခဲ့သည်။ ထို့သို့ပိတ်သည့်အတွက် ကမ္ဘောဒီးယားအစိုးရအဖွဲ့သည် အလုပ်သမားအေဂျင်စီများနှင့် အတိုက်ခံပြဿနာ များစွာတက်ခဲ့ရသည်။ သို့သော် သူ့နိုင်ငံသူများကို ကာကွယ်သောအစိုးရနှင့် သူ့အဖွဲ့သည် ဖြေရှင်းနိုင်ခဲ့ပါသည်။
ယခုလက်ရှိ မလေးရှားသည် အိမ်ဖော်ရရှိရေးအတွက် အင်ဒိုနီးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး၊ မကြာခင်အချိန်အတွင်း အင်ဒိုနီးရှား မှ အိမ်ဖော်နှင့် အိမ်အကူများရောက်လာဖွယ်ရှိပါသည်။ ထို့်ကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနှင့် မလေးရှားသို့ မြန် မာအစိုးရက မိမိနိုင်ငံသူများကို အိမ်ဖော်ကျွန်လုပ်ရန်စီစဉ်နေမှုကို အပြင်းအထန်ကန့်ကွက်ကြပါရန်နှင့် ဤကိစ္စ လုံးဝပျက်စီးသွားရန်ထိ ကြိုးပမ်းသွားကြရန် လေးစားစွာတိုက်တွန်းလိုက်ရပါသည်။
Ref: WAO Annual Report 2010
Cambodia News
Phnom Penh Post

မောင်လူဝေး –ဧပြီ ၁၇၊ ၂၀၁၂

ပြီးခဲ့တဲ့ရက်ပိုင်းက (မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးလေးများဘ၀) ဆိုတဲ့ခေါင်းစဉ်နဲ့ မလေးရှားရောက် အိမ်ဖော် (သို့) အိမ်ကျွန် အင်ဒိုနီးရှားအမျိုးသမီးလေးများဘ၀အကြောင်းကိုတင်ပြခဲ့ပြီးနောက် မပြည့်စုံသေး၊ ကျန်နေ သေးသည့် ပကတိမလေးရှားအိမ်ဖော်လေးများဘ၀ကိုဆက်ရေးပါလို့ မိတ်ဆွေသူငယ်ချင်းများက တိုက်တွန်းလာသည်ကတကြောင်း၊ လက်ရှိမြန်မာအစိုးရလုပ်နေသည့်အချက်အလက်တွေကိုကြည့်ရခြင်းအားဖြင့် မြန်မာအမျိုးသမီးလေးများကို မလေးရှားသို့ အိမ်ဖော်အလုပ် ဖြင့်စေလွှတ်ဖို့ ခွင့်ပြုတော့မည်ကို ကြားသိမြင်တွေ့နေရသောကြောင့် အပိုင်း (၂) ဆိုပြီး ဒီစာကို ဆက်ရေးလိုက်ရပါတယ်။
မှန်သောစကားကိုဆိုရပါမူ ကျနော်တို့ မြန်မာအမျိုးသမီးလေးများကို မည့်သည့်နိုင်ငံကိုမှ အိမ်ဖော်အလုပ်၊ တနည်း အိမ်အစေခံအလုပ်ဖြင့် မလာရောက်စေချင်ပါ။ အကြောင်းမှာ မလေးရှားတွင် အိမ်ဖော်အလုပ်ဟူသည် အခြားသောအလုပ်သမားများနှင်မတူ အလုပ်သမားဟူ၍ပင် သဘောမထားပဲ၊ အလွန်အမင်း နှိမ်ချစွာဆက်ဆံခံရခြင်းများ၊ တခြားအလုပ်များကဲ့သို့ အလုပ်ချိန်ဟူ၍ သတ်သတ်မှတ်မှတ် သတ်မှတ် ထားခြင်းလည်းမရှိ၊ အချိန်နဲ့အမျှ အိမ်မှုကိစ္စများအားလုံးနှင့် မဆိုင်တာရော၊ ဆိုင်တာရော အကုန်လုံး သူ့အလုပ်ချည်းဖြစ်နေလေတော့သည်။
များသောအားဖြင့် အိမ်ရှင်များ မအိပ်မချင်း၊ ထိုအိမ်ဖော် အိမ်အစေခံအလုပ်သမမှာ အိပ်လို့မရတော့ပေ။ အိမ်ရှင်များမှ ညဖက်ပိုင်းတွင် သောက်စားမူးရူးပြီးဆုံးသည်အထိ အလုပ်လုပ်ပေးရလေတော့သည်။ မနက်လည်း အစောကြီးထရပြီး အိမ်အလုပ်များကိုလုပ်ရ၏။ ထိုအခါ အိမ်ဖော်ခေါ် အိမ်အစေခံသည် အလုပ်သမားနှင့်မတူတော့။ “အိမ်ကျွန်” နှင့် ပို၍တူလာသည်။
အိမ်ဖော်အလုပ်လာလုပ်သော အင်ဒိုအမျိုးသမီးလေးများသည် အများအားဖြင့် တောနေလူတန်းစားများဖြစ်သောကြောင့် အလုပ်သမား အခွင့် အရေးနားမလည်မှု၊ ပညာမတတ်မှု၊ ဗဟုသုတအားနည်းမှုတို့ကြောင့် အိမ်အလုပ်များလုပ်စဉ်တွင် အမှားအယွင်းဖြစ်ပေါ်လာပါက အိမ်ရှင်များမှ ခွင့်မလွှတ်တော့။ ကိုယ်ထိလက်ရောက် နှိပ်စက်လေတော့သည်။ ရေနွေးပူနှင့်လောင်းခြင်း၊ ဓါးဖြင့်မွန်းခြင်း၊ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများလုပ်ခြင်း၊ အစရှိသည့် လူမဆန်သည့်လုပ်ရပ်များကို လွတ်လပ်ခွင့်အပြည့်ဖြင့် လုပ်လေတော့သည်။
ထိုသို့ အိမ်ရှင်မှ အိမ်ဖော်အားနှိပ်စက်သည့်အခါ ဘေးပတ်ဝန်းကျင်ရှိအိမ်များမှ အကူအညီပေးခြင်းများ လုံးဝမရှိ။ ဘေးပတ်ဝန်းကျင်အိမ်နီးနားမှသော်လည်းကောင်း၊ ကျွန်ုပ်တို့မြန်မာပြည်မှာကဲ့သို့ ၀င်ရောက်ပြောဆို မေးမြန်းခြင်း၊ စုံစမ်းခြင်း ကူညီမှုများလုံးဝမတွေ့ရ။ အလွန့်အလွန် ဆိုးဝါးသောအိမ်ရှင်များကမူ အိမ်ဖော်အား သူတို့စိတ်ကြိုက် အနိုင်ကျင့်နှိပ်စက်ပြီးသည့်အခါ ရဲစခန်းတွင် ထပ်မံပြီးအမှုဖွင့်၏။ ထိုအမှုဖွင့်ခြင်း ကား ပိုက်ဆံခိုးခြင်း၊ ပစ္စည်းခိုးခြင်းဟူသော စွပ်စွဲချက်ပင်ဖြစ်တော့သည်။ လွန်စွာမှယုတ်ကန်းသော၊ အောက်တန်းကျသော စိတ်ဓာတ်ဖြစ်၏။ အိမ်ဖော်တွင် နားရက်မရှိ၊ အချိန်နာရီမရှိ၊ ကိုယ်ထိလက်ရောက် လူမဆန်စွာ ခြေလွန်လက်လွန် နှိပ်စက်မှုများကြောင့် အိမ်ဖော်အမျိုးသမီးမှာ ဆေးရုံဆေးခန်းရောက်သည့်အခါမှ ထိုပြဿနာမှာ ဘွားကနဲပေါ်လာပြီး သတင်းစာများ၊ ရေဒီယိုရုပ်မြင်သံကြားတွင် လူအများ ကြားရ သိရလေတော့သည်။ ဤသည်မှာလည်း သတင်းမီဒီယာများ၏ကျေးဇူးကြောင့်ပင် ဖြစ်ပေတော့သည်။
ထိုသို့ပြဿနာများမပေါ်ဘဲ ကြိတ်ပြီးအနှိပ်စက်ခံ၊ အညှင်းဆဲခံပြီးအလုပ်လုပ်ပေးနေရသည့် အိမ်ဖော်များ မည်မျှရှိနေပါပြီလဲ…? အလွန် ၀မ်းနည်းစရာကောင်းလှပေတော့သည်။
ထိုထိုသောပြဿနာများ ခဏ ခဏ ပေါ်ပေါက်သိရှိလာရသော အင်ဒိုနီးရှားအလုပ်သမားရေးရာ တာဝန်ရှိသူတို့မှ ဒေါသတကြီးဖြင့် မလေး ရှား အစိုးရတာဝန်ရှိသူတို့အား အရေးတကြီး တွေ့ဆုံဆွေးနွေးတော့သည်။ အင်ဒိုနီးရှားအလုပ်သမားတာဝန်ရှိသူတို့မှ အလုပ်သမားအခွင့် အရေးကို တိတိကျကျ တောင်းဆိုတင်ပြကြတော့သည်။
အရင်ကလို နိုင်ငံကူးပတ်စ်ပို့ (passport) အား အိမ်ရှင်မှသိမ်းထားခြင်း၊ အေးဂျင့် လူပွဲစားမှ သိမ်းထားခြင်းများကို လုံးဝခွင့်မပြုတော့ပေ၊၊ တပတ် တရက်နားရက်ပေးရန်၊ လစာကိုလည်း တလကို စားစာရိတ်ငြိမ်း ၉၀၀ နှင့် ၁၀၀၀ ပေးရန်နှင့် ကိုယ်ထိလက်ရောက် လူမဆန်စွာညှင်း ပန်းနှိပ်စက်မှုများကို လုံးဝ လုံးဝ မပြုလုပ်ရန်နှင့် အလုပ်သမားအခွင့်အေ၇းများကို အပြည့်အ၀ပေးရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် အ ကယ်၍ ညှိနှိုင်းဆွေးနွေးချက်များ မလိုက်နာ မလိုက်လျှောပါက အင်ဒိုနီးရှားအမျိုးသမီးများအား အိမ်ဖော်အဖြစ် မလေးရှားနိုင်ငံသို့စေလွှတ် ခြင်းကို လုံးဝခွင့်မပြုတော့ဟု အင်ဒိုနီးရှားအလုပ်သမားတာဝန်ရှိသူတို့မှ ပြတ်သားစွာရာဇသံပေးလိုက်လေတော့သည်။ ဤသို့ အင်ဒိုနီးရှားအလုပ်သမားတာဝန်ရှိသူတို့မှ ပြတ်သားစွာရာဇသံပေးလိုက်ခြင်း၏အကျိုးဆက်မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဦးဆောင်သော မလေးအစိုး ရကို်ယ်စားလှယ်အဖွဲ့မှ မြန်မာဦးသိန်းစိန်အစိုးရသို့ မြန်မာအမျိုးသမီးအိမ်ဖော်စေလွှတ်ပေးရန် တောင်းဆို ဆွေးနွေးခြင်း၏အစ မြန်မာအမျိုး သမီးလေးများ၏ အိမ်ဖော်ဘ၀နိဒါန်းပင်ဖြစ်တော့သည်။
• အိမ်ဖော်မြန်မာအမျိုးသမီးလေးများကို ဘယ်သူကတာဝန်ယူမှာလဲ… မြန်မာအစိုးရသံရုံးက တာဝန်ယူမှာလား … ?
လက်ရှိမြန်မာဦးသိန်းစိန်အစိုးရသည် ပြည်သူကရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရဟု တွင်တွင်အော်နေလေ၏။ ပါးစပ်က တွင် တွင်အော်နေရုံနဲ့ မပြီးချေ။ ပြည်သူကရွေးချယ်တင်မြှောက်ထားသောအစိုးရဖြစ်ပါက ပြည်သူကတင်ပြသော အကြောင်းအရာကိစ္စကြီးငယ် တို့အား လေးစားစွာဖြင့် လိုက်နာဆောင်ရွက်သင့်ပေသည်။
ယခု မြန်မာအမျိုးသမီးလေးများအား မလေးရှားသို့ အိမ်ဖော်၊ အိမ်စေအဖြစ် စေလွှတ်ဖွယ်ရာအကြောင်းကလည်း များစွာရှိ၏။ မြန်မာပြည် တွင် လူပွဲစားအေးဂျင့်ဖွင့်ထားသော အေးဂျင့်အများစုသည် အလုပ်သမားရေးရာဝန်ကြီးနဲ့ပတ်သက်နေသူများ၊ စစ်အုပ်စုနဲ့ ပတ်သက်နေ သော သူများကအများစုဖြစ်နေသောကြောင့် ၎င်းတို့အပေါင်းပါများ အလုပ်အကိုင်ရစေရန်နှင့် ၀င်ငွေရစေရန် ကြံကြ ဖန်ကြ ပေအုန်းတော့ မည်။
ထိုသို့ မဖြစ်မနေ မြန်မာအမျိုးသမီးကလေးများ မလေးရှားသို့ အိမ်ဖော်အဖြစ်စေလွှတ်မည်ဆိုပါက၊ မည်သူက တာဝန်အပြည့်အ၀ယူမည်နည်းဟု မလေးရှားရှိမြန်မာလူမျိုးတဦးအနေဖြင့် ကျနော်မှမေးလိုသည်။
  • ဦးသိန်းစိန်အစိုးရ တာဝန်ယူမည်လား …?
  • အေးဂျင့်လူပွဲစားများက တာဝန်ယူမည်လား ..?
  • မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတာဝန်ရှိသူတို့မှ တာဝန်ယူမည်လား …?
  • တာဝန်ယူပါမည်ဆိုစေကာမူ မည်သို့မည်ပုံတာဝန်ယူမည်ဆိုသည်ကို ပွင်းလင်းထင်သာမြင်သာရှိရန် လိုအပ်လှပေသည်။
လက်ရှိ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှတာဝန်ရှိသူဆိုသူတို့မှာ ဘယ်နိုင်ငံကမှ မကောက်သော၊ မယူသော အခွန်ကောက်ခြင်းသည် “တို့ တာဝန်အရေးသုံးပါး” ထဲတွင် ပါနေသလားမသိ။ တာဝန်ကြီးတရပ်အဖြစ်လုပ်ဆောင်နေသည်မှာ မြန်မာနိုင်ငံသားများ passport သက် တမ်းတိုးခြင်း ၊ passport အသစ်လဲလှယ်ခြင်းများအား မည်သည့်နိုင်ငံမှ မကောက်သော၊ မရှိသော၊ စံနှုန်းများဖြင့် TAX အခွန်များကို တက် ကြွစွာဖြင့် ကောက်နေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံသားအများစုမှာ မလေးရှားရှိ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်သော်လည်း ကောင်း၊ မြန်မာအလုပ်သမားများနှင့် အေးဂျင့်ဆိုသူ လူပွဲစားများကြားတွင်သော်လည်းကောင်း၊ ဖြစ်ပေါ်နေသောပြဿနာများစွာရှိ၏။ မြန်မာအလုပ် သမားအများစု တရားမ၀င်အလုပ်သမားဖြစ်ရခြင်း တနည်း (OVERSTAY) ဖြစ်ရခြင်း အများစုမှာ အေးဂျင့်လူပွဲစားများကြောင့်ပင်ဖြစ်သည်။
အေးဂျင့်အများစုသည် မလေးရှားသို့ရောက်ရှိလာသော အလုပ်သမားအသစ်များကို အလုပ်ဖြစ်ပြီးရောဆိုပြီး အလုပ်သွင်းပေးကြ၏။ ထိုသို့ အလုပ်မြန်မြန်သွင်းပေးခြင်းမှာ ၎င်းတို့မှကျွေးထားရသောကြောင့်ပင်ဖြစ်လေသည်။ ၎င်းတို့သွင်ပေးသောအလုပ်မှ အလုပ်ရှင်သည် လစာ မှန်မှန်ပေးသလား၊ မပေးလား၊ မစုံစမ်း မမေးမြန်းချေ။ လစာသည် မြန်မာပြည်တွင် စာချုပ်စဉ်ကဖော်ပြထားသော အခြေခံလစာ ဖြစ်မဖြစ် ဟုတ်မဟုတ် လုံးဝမစဉ်းစားပေ။
မြန်မာနိုင်ငံသားအလုပ်သမားအသစ်အများစုမှာ အင်္ဂလိပ်လိုလည်း ရေလည်ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်းမရှိမှုများကြောင့်လည်းကောင်း၊ ရောက်ကာစဖြစ်သောကြောင့် မလေးစကားကိုလည်း လုံးဝနားမလည်သောကြောင့်လည်းကောင်း၊ ထိုမလေးအေးဂျင့် (သို့) မလေးတရုတ် အေးဂျင့်၏ဘာသာပြန်ဆိုသူ မြန်မာလူမျိုးက ပိုလို့ပင်လက်စွမ်းပြပြီး အတင်းထိုးထည့်လေတော့သည်။ ထိုစဉ်တွင်း မြန်မာနိုင်ငံသားလူသစ် အလုပ်သမားများထဲမှာ အင်္ဂလိပ်စကား နဲနဲပါးပါးပြောနိုင် ဆိုနိုင်သူပါလာလို့ မေးမြန်းပါမူ (temporary) ခဏဟုပြောဆိုကာ တသက်လုံးသွင်း ထားလေတော့သည်။ ထိုအခါ အလုပ်သမားမှ အလုပ်ချိန်များလွန်းခြင်းများ၊ မြန်မာပြည်မှလာစဉ်က ချုပ်ဆိုခဲ့သောစာချုပ်ပါ အခြေခံလစာ မဟုတ်သောကြောင့် အလုပ်ရှင်အားပြောဆိုခြင်းသော်လည်းကောင်း၊ အိုတီ (overtime) သတ်မှတ်နာရီ မရရှိခြင်းသော်လည်းကောင်း၊ ပြောဆိုမေးမြန်းသောအခါ ပြသာနာများစွာဖြစ်လာတော့သည်။ ထိုအခါ ထိုထိုအလုပ်ရှင်များသည် အေးဂျင့်အားလွှဲချကာ ၎င်းတို့မသိ ကြောင်း၊ တာဝန်မယူနိုင်ကြောင်းကို အချို့သောအလုပ်ရှင်က အကျိုးသင့်အကြောင်းသင့်ပြော၏ တချို့သောအလုပ်ရှင်ကမူ ရင့်သီးရိုင်း စိုင်းစွာပြောတော့သည်။ ထိုသို့သော ပြဿနာများဖြစ်ပေါ်လာသောအခါ အလုပ်သမားသည် အေးဂျင့်အားဖုန်းဆက်၏။ အေးဂျင့်တို့သည် ဖုန်းမကိုင်တော့ချေ။ ဖုန်းကိုင်ပြန်သောအခါ လာမည်ဟုပြောဆိုသော်လည်း မပေါ်လာတော့ပေ။ ဤအတောအတွင်းမှာပင် အလုပ်သမား သည် ထိုအလုပ်မှပြေးလေတော့သည်။
ဤသို့ဖြင့် ကောလင်းပြေး (running calling ) ဟူသောစကားလုံးအသစ် မလေးရှားတွင် ထူးဆန်းစွာပေါ်လာတော့သည်။ ထိုသို့ (running calling) ဟူသော ဝေါ်ဟာရအသစ်စကားလုံးသည် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအသိုင်းအ၀န်းတွင် ခေတ်သစ်ဝေါ်ဟာရစကားလုံး တလုံးအဖြစ် ယနေ့တိုင်အောင် ရေပန်းစားလျှက်တည်ရှိနေလေတော့သည်။ ထိုသို့ပြဿနာများဖြစ်ပေါ်အပြီးတွင် ထိုကောလင်းပြေးအလုပ် သမားသည် အေးဂျင့်အားဖုန်းဆက်၍ မိမိ passport ပတ်စ်ပို့အား ပြန်ရွေးယူရန်ညှိနှိုင်းသောအခါ မတန်တဆ လျှော်ကြေးငွေတောင်းလေ တော့၏။ ထို့ထက်ပိုဆိုးသည်မှာကား ထိုအလုပ်သမားအား မြန်မာပြည်ပြန်ပို့မယ်ဟူသော ခြိမ်းခြောက်မှုပင်ဖြစ်သည်။ ထိုအခါ ထိုကော လင်းပြေးသူ မြန်မာအလုပ်သမားသည် အကြီးအကျယ်လန့်သွားလေတော့သည်။ အကြောင်းမှာ မြန်မာပြည်တွင် လယ်ပေါင်ခဲ့သူများ၊ အိမ် ပေါင်ခဲ့သူများ၊ မတန်တဆအတိုးများဖြင့် ငွေချေးငှားလာခဲ့ရသောကြောင့်ပင် ဖြစ်လေတော့သည်။ သို့ဖြင့် ကောလင်းပြေး မြန်မာအလုပ်သမား မှာ ဘယ်နည်းနှင့်မျှ မြန်မာပြည်သို့မပြန်ရဲသေးပေ။ ကောလင်းပြေးများကဲ့သို့ အေးဂျင့်လူပွဲစားများမှ နိုင်ထက်စီးနင်းဖိနှိပ်ခြင်းကိုခံနေရ သောမြန်မာအလုပ်သမားများ မည်မျှရှိနေပါပြီလဲ…?
အမှန်မှာမူ ထိုအေးဂျင့်၏ မရိုးသားသော၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လွန်စွာယုတ်မာသောလုပ်ရပ်ကြောင့် ထိုအလုပ်သမား သည် တရားဝင်လာရောက်အလုပ်လုပ်ကိုင်သောအလုပ်သမားအဖြစ်မှ တရားမ၀င်အလုပ်သမားအဖြစ် (သို့) ကောလင်းပြေးဘ၀သို့ရောက်ရခြင်း၏အကျိုးဆက်ပင်ဖြစ်ပေတော့သည်။
ထိုသို့သောပြဿနာများသည် အေးဂျင့်များမှ၊ တဖက်သတ်မတရားမှုများကြောင့်ဖြစ်ရသော ပြဿနာများဖြစ်သည်ကို မလေးရှားရှိ မြန်မာ သံရုံးသည် မသိမဟုတ်။ ကောင်းစွာသိ၏။ မြန်မာသံရုံးတာဝန်ရှိသူတို့သည် သိလွန်းလို့ ခက်နေသလားမပြောတတ်။ ကျနော် မလေးရှား အနှစ်၂၀ ကာလအတွင်း မြန်မာသံရုံးမှ မိမိနိုင်ငံသားများအတွက် ဖြေရှင်းပေးလိုက်နိုင်သောပြသာနာဟူ၍ တခါမှမကြားဖူးခဲ့။ ယခုလည်း မကြားခဲ့ဘူးသေးချေ။ သံရုံးသံအမတ်နှင့် ၀န်ထမ်းများသာငွေထုပ်ပိုက်ပြီးပြောင်းသွားကြသော်လည်း အသစ်အသစ်ရောက်လာသော ၀န် ထမ်းတို့၏ ပြောဆိုဆက်ဆံမှုအပြုအမူတို့သည် မြန်မာပြည်တွင်းကပင် သင်တန်းတက်လာသလားမသိ။ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပုံ၊ မချေ မငံဆက်ဆံပုံတို့မှာ တပုံစံတည်းပင်ဖြစ်နေသည်မှာ ရွံ့စရာကောင်းလှတော့သည်။
လက်ရှိမလေးရှားရှိ မြန်မာအလုပ်သမားများ၏ (passport) ပတ်စပို့စ်များကို ဥပဒေကြောင်းအရ တရားမ၀င် အလုပ်ရှင်မှသိမ်းထားခြင်းများ နှင့် အေးဂျင့်လူပွဲစားများမှသိမ်းထားတာကို ရအောင်ဆောင်ရွက်မပေးနိုင်တဲ့ မလေးရှားမြန်မာသံရုံးက တာဝန်ရှိသူတွေဟာ မြန်မာအမျိုး သမီးကလေးများ မလေးရှားကို အိမ်ဖော် အိမ်စေအဖြစ် အလုပ်လာလုပ်ခဲ့သော် မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးနိုင်၊ မပေးနိုင် ဆိုတာ ကျနော်တင်ပြခဲ့တာတွေကို စဉ်းစားချင့်ချိန်ပြီး ဝေဖန်သုံးသပ်နိုင်ရန် တင်ပြလိုက်ပါတယ်။
(ဆက်လက်၍ ၁၉၉၁ မှ ယနေ့ချိန်ထိ မလေးရှားရောက် မြန်မာအလုပ်သမားများဘ၀အကြောင်းကို ဆက်လက်တင်ပြပေးပါဦးမည်။) 
e-mail ; mgluuway@gmail.com
Ref:moemaka

မြန်မာ့ရိုးရာသင်္ကြန်ကို အကျည်းတန်းအောင် ဖျက်ဆီးနေကြသူတွေဟာ မြန်မာလူမျိုးတွေပါပဲ။
သရုပ်ဆောင်သင်ဇာဝင့်ကျော် ဧပြီလ ၁၄ ရက်နေ့  ၂၀၁၂ ရေပတ်ခံထွက်စဉ်




https://picasaweb.google.com/s/c/bin/slideshow.swf

ရန်ကုန်နှင့် မန္တလေး မှ ရိုးရာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှုတချို့  ဖေ့စ်ဘုတ်ပေါ်မှ တွေ့ ရသမျှ စုဆောင်းတင်ပြလိုက်ပါတယ်။
Myanmar News Now
တိုင်းတစ်ပါးယဉ်ကျေးမှုများမှ ကောင်းနိုးရာရာ သင့်တော်ရာတို့ကို အတုမယူပဲ၊ သူတို့နိုင်ငံတွင်ပင် အပျက်သဘော ၊ ချို့ယွင်းသောသဘောရှိသူတို့၏ အမူအကျင့်၊ ၀တ်စားဆင်ယဉ်ပုံများ မြန်မာတို့( အထူးသဖြင့် မြန်မာမိန်းကလေးတို့) တွင် ကူးစက်ပျံ့နှံ့ခံနေရသည်မှာ မြန်မာတစ်မျိုးသားလုံး အရှက်ကွဲ အကျိုးနည်းဖွယ်ရာသာ ဖြစ်ခြေသည်။ 

သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင် ဧပြီလ ၁၃ ရက်နေ့  ၂၀၁၂ ရေပတ်ခံထွက်စဉ်

 (ယခုလို အရှက်သိက္ခာအိနြေ္ဒကင်းမဲ့စွာဖြင့် လူမြင်ကွင်းအလယ်၌ ခန္ဓာကိုယ်အား ဖေါ်ပြနေကြသော အများရှေ့ မှာ နမ်းရှုတ်ပြနေကြသော မိန်းကလေးများ၊ မိမိတို့  သမီး တူမ နှမ အမသာ ဖြစ်ပါကဆိုသည့် အသိတရားဖြင့် မထိန်းသိမ်းဘဲ ကြည့်ကောင်းသည်ဟု ယူဆကာ အားပေးနေကြသော အမျိုးသားများ၊ ဤကဲ့သို့  ဖြစ်အောင် စီစဉ်ပေးနေသူများနှင့် တာဝန်ကင်းမဲ့စွာဖြင့် မြင်နေတာတောင် တားဆီးမှုမရှိကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များအား မြန်မာနိုင်ငံတွင် လူမျိုးဂုဏ်သိက္ခာ ယဉ်ကျေးမှု ပျောက်ပျက်အောင် လုပ်ဆောင်နေသူများအဖြစ် သတ်မှတ်ပါသည်)။ 
တိုင်းတစ်ပါးယဉ်ကျေးမှု လှိုင်းတံပိုးအာက်တွင် မြန်မာတို့နှစ်မြုပ်ခံလိုက်ရမည့် အရေးကို ကာကွယ်ရန်မှာ အမျိုးဂုဏ်၊ ဇာတိဂုတ်၊ ယဉ်ကျေးမှုဂုဏ်၊ စောင့်ထိန်းသော မြန်မာတို့၏ ပဓာန တာဝန်ကြီးတစ်ခုဖြစ်လာပြီကို မြန်မာတို့ သိနားလည်ထားရမည်။

(ပုံတစ်ခုတည်းကြည့်ဖို့ထက်.. ပုံနှင့်အတူ တွဲလျက်ရေးသားထားတဲ့ စာကို လည်း သေချာ ဖတ်ရှုကြဖို့လည်း လိုပါတယ်။ ကျနော်က ကိုယ့်မြန်မာမိန်းကလေးတွေရဲ့ အပြုအမူဆိုးတို့ကို နိုင်ငံတကာကို ကြေငြာပေးနေ တာမဟုတ်ပါ။ ကိုယ့်မြန်မာအချင်းချင်း သိမြင် ဆင်ခြင် နားလည်ပြီး ဤသို့မြင်ပြီး၊ ဤသို့ဆင်ခြင်ကာကွယ်တားဆီးရမယ်ဆိုတဲ့ အသိတစ်ခု တိုးပွားဖြစ်တည်လာဖို့ ကျနော် ရည်ရွယ်ပါတယ်)။

တဖြေးဖြေးဘာနှင့်တူလာလဲနှိုင်းယှဉ်ကြည့်လိုက်ပါ…….
ဒါကထိုင်းနိုင်ငံက သင်္ကြန်တွင်း အင်္ကျီချွတ်ကတဲ့ ထိုင်းမလေးတွေ ဒဏ်ရိုက်ခံရ+++

မြန်မာပြည် ပြန်လည်ထူထောင်ရေး ပညာရှင်များ အကြံပြုသော နည်းလမ်း (၁၆) သွယ်မှ-
Saturday, 07 April 2012 19:51 နေသွင် 
    ယခုစာစုမှာ အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Ronald Findlay ၏ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အကြံပြုချက် ဖြစ်သည်။ မြန်မာပြည်ဖွား စီးပွားရေးနှင့် ကုန်သွယ်ရေး ဘာသာရပ် ပညာရှင် ဒေါက်တာ Findlay သည် ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက မြန်မာပြည်ကို စွန့်ခွာခဲ့ရာကနေ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကိုလီဘီယာတက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်၊ ကမ္ဘာကျော် မြန်မာလူမျိုး စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် တို့နှင့်အတူ မြန်မာအစိုးရကို စီးပွားရေး အကြံဥာဏ်ပေးရန် သွားရောက်ခဲ့ပါသည်။
______________________________________
ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ရေတွက်ရင် အနှစ် ၅၀ တင်းတင်းပြည့်ပါပြီ၊ ဒီကာလအတွင်းမှာ မြန်မာပြည်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေးအရ၊ လူမှုရေးအရ ဘက်ပေါင်းစုံမှာ မနှိုင်းယှဉ်နိုင်လောက်အောင် နောက်ကျပြီးရင်း နောက်ကျ ကျန်ခဲ့ပါတယ်။
တကယ်တော့ မြန်မာပြည်ဟာ ၁၉၄၀ ပြည့်နှစ် အင်္ဂလိပ်ကိုလိုနီဘ၀မှာတောင် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ နှစ်စဉ် ဆန်တန်ချိန် ၃ သန်း နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မြေပြင် နှစ်ခါဖြစ်ခဲ့လို့ မိအေးနှစ်ခါနာဘ၀ကနေ ၁၉၆၂ ခုနှစ်လောက်မှာ ပြန်လည် နလံထနေပါပြီ။ ပြည်သူ့ကျန်းမာရေး၊ ပညာရေးကဏ္ဍမှာလည်း တော်တော်တန်တန် တိုးတက်ခဲ့သလို စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်လည်း တိုးတက်သင့် သလောက် တိုးတက်ခဲ့ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းက စီးပွားရေးကဏ္ဍအားလုံးကို အစိုးရထိန်းချုပ်မှုအောက် သွတ်သွင်းလိုက်တဲ့ အခါမှာတော့ (ဆိုရှယ်လစ်စီးပွားရေးလို့ ကြွေးကြော်ပြီး ပြည်သူပိုင် သိမ်းလိုက်တဲ့အခါမှာ) စောစောက အခြေအနေတွေ အားလုံး ငါးပါးမှောက်တော့ တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်လောက်မှာပဲ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူတို့က အောင်မြင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုလမ်းစဖြစ်တဲ့ ပို့ကုန်ဦးစားပေးမဟာဗျူဟာကို စတင်ကျင့်သုံးခဲ့ပြီး၊ သူတို့ နောက်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း လိုက်ခဲ့ကြပါတယ်။
မြန်မာပြည်မှာတော့ စစ်တပ်က ၁၉၉၀ ပြည့်လွန်နှစ်တွေကျတော့မှ အစိုးရက ထိန်းချုပ်မှုစနစ်ကို အပြင်ပမ်းအားဖြင့် လျှော့ချရင်း လမ်းကြောင်းပြောင်း ကြိုးစားခဲ့ပေမယ့် အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံတစုက ခြယ်လှယ်တဲ့ အရင်းရှင်စနစ် “crony capitalism” ပဲ အဖတ်တင်ခဲ့ပါတယ်။
ဒီကြားထဲမှာ သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိသွားလို့ စိုက်ပျိုးရေးပို့ကုန်တွေ အလုံအလောက် မတိုးမြှင့်နိုင်တဲ့နေရာမှာ တစုံတရာ ဖာထေးနိုင်ခဲ့ပေမယ့် အစိုးရဟာ အမေရိကန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း တရုတ်အထောက်အပံ့ အပေါ်မှာ တရစ်ပြီး တရစ်တိုးလို့ မှီခိုလာရပါတယ်။
အရပ်သားအမည်ခံ သမ္မတ ဦးသိန်းစိန်နဲ့ တခြား စစ်အရာရှိဟောင်းတွေရဲ့ အစိုးရသစ်က တိုင်းရင်းသားသူပုန်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီအုပ်စုတွေနဲ့ရော ရင်ကြားစေ့ရေးအတွက် ရှေးရှုလုပ်ဆောင်လာတာတွေက အားတက်စရာပါပဲ။
အဲဒီအတွက်လည်း နိုင်ငံတကာမှာဝင်ဆံလာတဲ့ အကျိုးကျေးဇူး၊ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပြီး၊ အပြင်ကမ္ဘာတခုလုံးနဲ့ စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ ပုံမှန်အနေအထားမျိုး ပြန်ရဖို့ မျှော်လင့်ချက်တွေရှိလာပါတယ်။ ဒီနည်းကပဲ တရုတ်ကိုချည်း မှီခိုနေရတဲ့ ဘ၀ကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရက ဘယ်လို စီးပွားရေးမူဝါဒကို ကျင့်သုံးဖို့ ရည်ရွယ်ထားသလဲဆိုတာ အခုအချိန်အထိ တိတိပပ ရှိလှတယ်တော့မဟုတ်သေးပါဘူး။
အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေရဲ့ အောင်မြင်မှုနောက်ကို အမီလိုက်နိုင်ဖို့ တလမ်းတည်းကို အာရုံစိုက်ဖို့ အရေးဟာ အစိုးရအတွက်သာမက တနိုင်ငံလုံးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက ကျတာက ပို့ကုန်ဦးစားပေး ဖွံ့ဖြိုးရေး မဟာဗျူဟာ export-oriented development strategy ပါပဲ။
ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဟာ ပထ၀ီအနေအထားချင်းလည်း ဆင်တူ၊ လူဦးရေချင်းလည်း သန်း ၆၀ ၀န်းကျင်မှာ ရှိကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကျင့်သုံးတဲ့ ယဉ်ကျေးမှုချင်းလည်းတူ၊ နှစ်နိုင်ငံရဲ့ မျက်မှောက်ခေတ် အတွေ့အကြုံချင်းလည်း ဆင်တူပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက လူတဦးချင်းစီက အမေရိကန်ငွေ ၂၅ ဒေါ်လာဖိုးလောက် နိုင်ငံခြားကို တင်ပို့နေတဲ့အချိန်မှာ မြန်မာပြည်က လူတယောက်ကို တဒေါ်လာနှုန်းလောက်ပဲ တင်ပို့နိုင်ပါတယ်။
ဒီလိုကွာရတဲ့ အကြောင်းက တချက်တည်းရှိပါတယ်၊ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ လုံးလုံး စီးပွားရေးပေါ်လစီတွေ ချွတ်ခြုံကျ ငါးပါးမှောက်ခဲ့တာရဲ့ ရလဒ်ကြောင့်ပါပဲ။ မြန်မာပြည်အတွက် နဂိုက ပွင့်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လက်လွှတ်ခဲ့ရပါတယ်။
မြန်မာပြည်မှာ ကုန်ထုတ်လုပ်စရိတ်နည်းပါးတာကို အခွင့်ကောင်းယူပြီး ဆန်နဲ့ တခြား စိုက်ပျိုးရေး ထုတ်ကုန်တွေကို တခြားနိုင်ငံတွေနဲ့ အပြိုင်တင်ပို့ဖို့ ကိစ္စမှာ ငွေလဲနှုန်းစနစ်ကို လက်တွေ့နဲ့ ကိုက်ညီအောင် တမျိုးတည်းကျင့်သုံးတာကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ဒီလိုပဲ လုပ်သားအင်အားကို အလုံးအရင်းနဲ့ အသုံးပြုရပြီး ထုတ်လုပ်ရတဲ့ ထွက်ကုန်ကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီကဏ္ဍတွေမှာ အခွင့်အလမ်းတွေ အတော်အတန်ရှိရက်နဲ့ အဟော သိကံဖြစ်နေရပါတယ်။
နောက်ထပ် ထေ့ငေါ့ချင်စရာ အဆီမငေါ်မတည့်တဲ့ကိစ္စ တခုကတော့ မြန်မာပြည်မှာ ပို့ကုန်ဦးစားပေးမဟာဗျူဟာ အောင်မြင်ရေးမှာ အကြီးမားဆုံး အန္တရာယ်ဖြစ်လာနိုင်တာက နဂိုက မှောင်ခိုဈေးကွက်ပေါက်ဈေးမှာ တဒေါ်လာကို ၁၃၀၀ ကျပ် ဈေးပေါက်နေရာကနေ အခုနောက်ပိုင်း တဒေါ်လာ ၈၀၀ ကျပ်နဲ့ ငွေမာသွားတဲ့ ကိစ္စပါ၊ မြန်မာပြည်မှာ စီးပွားရေး ကောင်းလာ နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အရင်းအနှီးတွေ အလုံးအရင်းနဲ့ ပြုံဝင်လာတာကြောင့်ပါ။ ဒီကိစ္စကို ထိန်းဖို့ အစီအမံတွေလည်း လိုအပ်ပါတယ်။
ပို့ကုန်တိုးမြှင့်ဖို့ ကိစ္စမှာ နောက်ထပ် အရေးကြီးတဲ့ ပြသနာနှစ်ရပ်ရှိပါတယ်၊ အခြေခံ အဆောက်အဦပိုင်းမှာ အားနည်းနေသေးတာ (ဥပမာအနေနဲ့ မြန်မာပြည်မှာ ဆိပ်ကမ်းကောင်းကောင်းမရှိတာမျိုး)နဲ့ ပညာရေးကို ကာလအတန်ကြာ လျစ်လျူရူ့ထားလို့ လူသားအရင်းအမြစ်ပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတဲ့ကိစ္စပါ။
ဒါပေမယ့် ပြည်ပရောက်တွေရဲ့ အင်အားကလည်း မသေးလှတဲ့အတွက် ဒုတိယပြသနာကို အတိုင်းအတာ အခုအထိတော့ ပြေလည်သွားနိုင်လောက်ပါတယ်။ တဖက်မှာ လိုအပ်သလောက် အင်အားပြည့်ချင်တယ် ဆိုရင်တော့ ပြည်ပရောက်တွေ ပြန်လာနိုင်လောက်တဲ့ ဆွဲဆောင်မှုနဲ့ အခွင့်အလမ်းတွေကိုတော့ လမ်းဖွင့်ပေးဖို့ လိုအပ်မှာပါ။
နောက်တချက်ကတော့ စီးပွားရေးဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်၊ မြန်မာပြည်မှာ ဆက်တိုက်ဆိုသလို နိုင်ငံရေးဖြေလျှော့မှုတချို့ လုပ်လာတာရဲ့ အတုံ့အလှည့်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မှပဲ ပို့ကုန်ဦးစားပေး ဖွံ့ဖြိုးရေး မဟာဗျူဟာလည်း အောင်မြင်စရာ အကြောင်းရှိပါတယ်။
နေသွင်-maukka.org
ဆက်စပ်သောဆောင်းပါးများ-

Next Page »