ဆောင်းပါး



သင်အိပ်မောကျမနေနှင့်ငွေရှာကျရအောင်!

  • ၀ိဝ်ဆိုဒ်၊ ဘလော့သမား နှင့် နာမည်တအားကြီးတဲ့ ဖေ့ဘွတ်အသင်းဝင် တွေတော်တော်များများ အွန်လိုင်း ပေါ်မှာ မိမိရဲ့ ၀ိဝ်ဆိုဒ်၊ ဘလော့တွေမှာ ဘယ်လိုဝင် ငွေရှာ ရမလဲဆိုတာ မသိကျ ကျပါဘူး၊  ဒါကြောင့်အသိပညာပေးအနေနှင့် ရေးလိုက်ပါတယ်၊ အိမ်မှာနေရင်း အားလပ်တဲ့အချိန်ပိုင်းနှင့်လဲ အလုပ် လုပ်လို့ရတာကိုတွေ့ရလို့ ရေးလိုက်ရတာပါ၊ တော်တော်အကျိုးရှိပါလိမ့်မယ်၊
  • ဒါပေမဲ့ သတိထားကျရမဲ့  အရေးကြီးတဲ့အချက်က အစပိုင်းမှာ အလကားပေးထားပြီးနောက်ပိုင်း အဓိကကသော အရေးကြီးတဲ့နေရာကိုရောက်ရင် ပိုက်ဆံပေးရတဲ့ ၀ိဝ်ဆိုဒ်တွေလဲ အများကြီးပါ၊ ကျော်ငြာကောင်းလွန်းလို့ ချက်ချင်းဘဲ ၀င် ငွေ ရတော့မလိုနှင့်ကလိမ်လုပ်တဲ့နည်းတွေက လည်း  အများကြီးပါ၊စီးပွားရေးလုပ်နေကျတာကိုး! ဘယ်အရာမှလွယ်လွယ်နှင့်တော့ ဘာမှာမရပါဘူး?
  • အဲ!အလကားပေးထားတဲ့ ၀ိဝ်ဆိုဒ်တွေလဲအများကြီးပါ၊ များလွန်းလို့ ဘယ်ဝိ၀်ဆိုဒ်တွေက ဘယ်လိုပညာပေးထားတယ်ဆိုတာ ရေးဖို့များလွန်းလို့အခန်းဆက်တွေနှင့် အပိုင်းတွေခွဲပြီး တောက်လျှောက်ရေးသားပေးမှ ရမှာဖြစ်ပါတယ်၊
  • အဆင့်တိုင်းရှင်းပြမှာတော့မဟုတ်ပါဘူး၊ ဘာလို့ဆိုတော့ ၀ိဝ်ဆိုဒ်သမားတွေဆိုတော့ နဲနဲနည်းလမ်း ပြရင်ရင် အဆင်လော့ပြီထင်တယ်၊ အဲ! မြန်မာစာတွေကိုတော့ လက်ခံတဲ့ ဆိုဒ်ရှားပါသေးတယ်နော်!
“ငွေဆိုတာနှင့် လူတော်တော်များများစိတ်ဝင်စားကျမယ်ထင်တယ်”
  • အခုဒီ၀၀်ဆိုဒ်က အလကားပေးထားသောဆိုဒ်ဖြစ်ပြီး မိမိရဲ့ဝိ၀်ဆိုဒ်တွေမှာကျော်ငြာထည့်ရင် ၀င်ငွေ ပေးတဲ့ ဆိုဒ်လေးတခုဘဲ၊ အဲ! မိမိရဲ့ကုန်ပစ္စည်းတွေကိုလဲ ကျော်ငြာလို့ရှိရင်တော့ ကျော်ငြာခပေးရမှပါ၊ Generate codeတွေကို  မိမိရဲ့သက်ဆိုင်သောဝိ၀်ဆိုဒ်ရဲ့ HMTL တွေမှာထည့်ပေးလိုက်ယုံဘဲ၊ ဆိုဒ်အများကြီးရှိရင်တော့ ဆိုဒ်တခုချင်းစီမှာ codeထည့်ရပါတယ်၊
  • စိတ်ဝင်စားရင်တော့….ဒီမှာယူပါကလစ်နှိပ်လိမ့်ပါ>>
Website owners and Bloggers
Put your website traffic to work for you!

WEBSITE OWNERS & BLOGGERS:

Make money while you sleep!
AdHitz can turn your website or blog into a cash generating machine!

If you own a website or blog to which you have access to edit the HTML, you simply add our script code.
Our code allows advertisers to display their ads on your website, thus turning your website into a cash generating machine!

Register your FREE account and monetize your website and traffic now!

ADVERTISERS:

Reaching your target audience?
With AdHitz you could be receiving millions of ad impressions every day!
Let’s face it, advertising is a numbers game. The more your ad is shown, the higher percentage of click-throughs and sales you will convert. With AdHitz, you only pay for impressions that convert to click-throughs. Stop wasting your money on traffic that doesn’t convert!
Turn your advertising budget into sales with AdHitz!

ဓါးစာခံ စောလားပွယ်၊ မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက် (ဆောင်းပါး)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇ၀တ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇ၀တ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။ဘိန်းစိုက်ပျိုး သည့် ဧရိယာအကျယ်အ၀န်းမှာ၂၀၀၉ခုနှစ်တွင် ၃၁၇၀၀ဟက်တာမှ ၂၀၁၀ခုနှစ်တွင် ၃၈၁၀၀ဟက်တာသို့ တိုးလာသော်လည်း ၂၀၁၀ခု နှစ် ဘိန်းထွက်နှုံးကျရသည့် အကြောင်းအရင်းမှာ ပိုးမွါးကျရောက်ခြင်းကြောင့် ဖြစ်သည်။

၁၉၉၆မှ ၂၀၁၀ထိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဇယား

၁၉၉၆မှ ၂၀၁၀ထိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဇယား

မြန်မာနိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ ထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း ထိုကာလတွင်း စိတ်ကြွရူးသွပ်ဆေးခေါ် ရာဘ ဆေး ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ၁သို့ ရောက်ခဲ့ပါသည်။ ၂၀၁၀နှစ်ထဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းခဲ့သော ရာဘဆေး အရေအတွက်မှာ ၁ ဘီလျံ (သန်း တစ်ထောင်) ရှိခဲ့ပြီး ၂၀၁၀အတွင်း ဖမ်းဆီးမိခဲ့သည့်အရေအတွက်မှာ သန်း ၄၀ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှာထွက်ရှိသည့် ရာဘဆေးအများစုသည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းလေ့ရှိ ခဲ့ရာမှ ယခုအချိန်တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကိုပါ တင်သွင်းလာပြီ ဖြစ်သည်။

ကုလသမဂ္ဂ (UNOD) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ဒေသအလိုက် ဘိန်းစိုက်ပျိုးမှုဇယား

ကုလသမဂ္ဂ (UNOD) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ဒေသအလိုက် ဘိန်းစိုက်ပျိုးမှုဇယား

၂၀၁၀ တွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ကြွရူးသွပ်ဆေး (ရာဘ)နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ကိန်းဂဏာန်း သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော် ၎င်းကျဆင်းနှုံးသည် ရာဘနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း ကျဆင်း သည့်လဏ္ခာမဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ခြင်း၊ စည်းရုံးခြင်းနှင့် တိုက်ရိုက်ပတ်သက်နေ ပါသည်။ အချို့သော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစည်းရုံးရေးတွင် မိမိပါတီအနိုင်ရပါ က ဘိန်းစိုက်ပျိုးရေးကို ခွင့်ပြုမည်ဟုဆိုသော စည်းရုံးရေးကို တွေ့ခဲ့ရသလို မူးယစ်ကုန်သည်တချို့သည်လည်း လွှတ်တော်တွင်းသို့ ရောက်ရှိနေပါပြီ။

နောက် သက်သေတခုမှာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာများဖြစ်သော ခွန်ဆာ၊ လောဝ်စစ်ဟန်၏သား ထွန်းမြင့်နိုင် (Steven Law) တို့ကို တွေ့ရပါသည်။ မူးယစ်ကုန်သည်ဖြစ်နေပါစေ တနေ့တချိန်တွင်မြန်မာစစ် ဖက် ခေါင်းဆောင်နှင့်တည့်အောင်ပေါင်းပြီး အေးချမ်းစွာ နေနိုင် သည့်အပြင် ရင်းနှီးမြုပ်နှံမှုများ၊ ငွေကြေးခ၀ါချမှု (ငွေမဲမှ ငွေဖြူသို့ ပြောင်းလဲခြင်း)များကို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင် သောအချက်သည် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ထုတ်လုပ်ခြင်းကို များစွာအားပေးနေပါသည်။

မြန်မာအစိုးရသည် မူးယစ်ဆေး တိုက်ဖျက်ရေးကို သိသိသာသာ မတိုက်ဖျက်ခြင်းအတွက် အဓိကသုံးသပ်မိသော အချက်များမှာ –
– တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အပြစ်ဖို့ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်
– ဘိန်းနှင့် မူးယစ်ဆေးထွက်ကုန် အများစုမှာ ပြည်ပဈေးကွက်အတွက်သာ ဖြစ်ခြင်း
– အုပ်ချုပ်ရေးအတွင်း မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှု အများအပြားတွင် အစိုးရမှ တာဝန်ရှိနေသူများ ပတ်သက်နေသလို အချို့ဒေသများတွင် စိုက် ပျိုးရေးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရန် အာဏာပိုင်များမှ အားပေးနေသည်ကို တွေ့ရပါသည်။ သက်သေအနေဖြင့် လူနေကျဲသော ချင်းတောင်တန်းများတွင် မြို့နယ်အာဏာပိုင်များက မြို့ပြင်များတွင် ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်ကို တွေ့ရပါသည်။ ဒီ့အပြင် ဘိန်းနှင့် မူးယစ်ဆေးဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားလုပ်ရန် အာဏာပိုင်များသည် မူးယစ်ကုန်သည်များကို တိုက်ရိုက်ဆက်သွယ် ပြီး အလူခံလေ့ရှိနေသည်မှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါပြီ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးထွက်ရှိခြင်း၏ အဓိကရေသောက်မြစ်မှာ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အာဏာပိုင်များ နှင့် အဓိကပင်စည်မှာ ဘိန်းနှင့် မူးယစ်ဆေး အများအပြား ထုတ်လုပ်သည့် မူးယစ်ရာဇာများ ဖြစ်နေပါသည်။
capture
ထိုင်း-မြန်မာဆက်ဆံရေး
မြန်မာနှင့် ကီလိုမီတာ ၁၂၀၀ကျော် နယ်စပ်ထိနေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်း စီမံကိန်း ၆၁ခုဖြင့် ရင်းနှီးမြုပ်နှံငွေ အမေရိကန် ဒေါ်လာ ၉.၅၆၈ဘီလီလျံဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ် ထားသော နိုင်ငံဖြစ်ပါသည်။ မြ၀တီ-မဲဆောက် နယ်စပ် ကုန်သွယ်တခုတည်းတွင် ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိပါသည်။ မြ၀တီ-မဲဆောက်နယ်စပ်ကုန် သွယ်ရေးတံတားကို မြန်မာအစိုးရဖက်က ၂၀၁၀၊ ဇူလိုင်လ ၁၈ရက်မှစပြီး တနှစ်ခွဲနီးပါးကြာ ပိတ်ထားခဲ့ပါသည်။ ၎င်းနယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းတွက် နေ့စဉ် ကုန်သွယ်မှုပမာဏ ထိုင်းဘတ်ငွေ ၈၈ သန်း ( အမေရိကန် ဒေါ်လာ ၂.၇၄)ကို ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေးတွက် မြန်မာအစိုးရနှင့် အမြန်ဆုံး ဆွေးနွေးမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဗာနာကာစိုင် (Mrs. Porn-tiva Nakasai – Minister of Commerce)က ပြောခဲ့ပါသည်။ တကယ်တမ်းတွင်မူ နယ်စပ်ကုန်သွယ်မှုပိတ်ခြင်းကြောင့် နှစ်နိုင်ငံစလုံးမှာ နစ်နာသော်လည်း ထိုင်းနိုင်ငံမှ နယ်စပ်ဖွင့်လှစ်နိုင်ရေးတွက် စိတ်အားထက်သန်နေသည်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူလူထု၏ နစ် နာမှုများကို အလေးထားသောကြောင့် ဖြစ်သည်။ မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် (Tak Province) ဖွံ့ဖြိုးမှုသည် မြ၀တီ-မဲဆောက်ကုန်သွယ် ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။

၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲရက်အပြီးတွင် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA အဖွဲ့မှ မြ၀တီမြို့သို့ စီးနင်းဝင်ရောက်တိုက်ခိုက် မှုသည် စစ်အစိုးရကို များစွာ သိက္ခာကျစေခဲ့ပါသည်။ လနှင့်ချီကြာသော အစိုးရ၏ တန်ပြန်စစ်ဆင်ရေးကို ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့မှာ ခံနိုင်ရည်ရှိခဲ့သဖြင့် စစ်အစိုးရကို ပိုပြီး သိက္ခာကျစေခဲ့ပါ သည်။ ၎င်းနောက် မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးတွင် မြန်မာအစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာ အကျိုးဖြင့် ဆွေးနွေးလာပါသည်။ ဗိုလ်နှုတ်ခမ်းမွေး ဖမ်းဆီးနိုင်ရေးတွင် ထိုင်းအစိုးရမှ ပူးပေါင်းကူညီပြီး ဗိုလ်နှုတ် ခမ်းမွှေးကို ဖမ်းဆီးနိုင်ပြီးနောက်ပိုင်းမှသာ မြ၀တီ-နယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု မြန်မာအစိုးရက တောင်းဆိုလာပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌သာ အခြေစိုက်သော ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းဖက်မှ ဖမ်းဆီးပေးနိုင်ခြင်းမရှိခဲ့ချေ။

ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းစာရင်းဝင်သူ ၂၅ယောက်၏အမည်ကိုဖမ်းဆီး နိုင်သူအား ထိုင်းဘတ်ငွေ ၁၂ သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုစာ ရင်းတွင် မြန်မာနိုင်ငံသား ၃ဦးအနက် DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး၏အမည်လည်းပါ ၀င်ခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ဗိုလ်နှုတ်ခမ်းမွှေးတစ်ဦးတည်းသာ ထိုင်းအစိုးရကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူ၏ တုန့်ပြန်ချက်တခု မှာ ထိုင်းအာဏာပိုင်များကို မိမိနယ်ထဲ ၀င်ရောက်စစ်ဆေးရန် ဖိတ်ခေါ်ထားသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ ၎င်း (ဗိုလ်နှုတ် ခမ်းမွှေး)၏ တုန့်ပြန်ချက်ကို ထိုင်းအာဏာပိုင်မှ ပြန်လည် တုန့်ပြန်သည်မှာ ဗိုလ်နှုတ်ခမ်းမွှေး၏ မူးယစ်ဆေးဝါးမှုသည် လွန်ခဲ့သည့် ၉နှစ်မှ အမှုဖြစ်ပြီး မိမိတို့ဖက်မှ အထောက်အထားရှိသဖြင့် ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ဖြေရှင်းရန် တောင်းဆိုထားပါသည်။

နှစ်ဦးနှစ်ဖက်၏ အခြေအနေကို လေ့လာပြီး သုံးသပ်မိသည်မှာ –
ထိုင်းနိုင်ငံအနေဖြင့် အထောက်ထားမခိုင်လုံဘဲ စွပ်စွဲကြေညာမည်မဟုတ်သလို အထောက်အထားများစွာ ရှိသည့်အထဲမှ တစ်ခုတည်းကို ဆွဲထုတ်ထားသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ ဒိပြင် လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။ စာရေးသူအနေနှင့် အတိတ်ကာလတွင် ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိကို အတိအကျ မသိသော်လည်း နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။

အထက်က ဖေါ်ပြသည့်အတိုင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဘိန်းနှင့် မူးယစ်ဆေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဖြစ်သည့် အားလျှော်စွာ ဘိန်းနှင့် မူးယစ်ပြဿနာ၏ အဓိကရေသောက်မြစ်နှင့် ပင်စည်ကို ဦးတည်ဖြေရှင်းရန် ပို၍အရေးကြီးသလို မဟာဗျုဟာ လည်း ကျပါသည်။ ထိုင်းနှင့် ကမ္ဘာ့ဈေး ကွက်ကို ထိုးဖောက်ဖြန့်ဖြူးနေသော မူးယစ်ရာဇာကြီးများကို ဦးစားပေး ဖမ်းဆီးနိုင်ရန် ပိုကြိုးစားသင့်ပါ သည်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွှေးကိုသာ ဖမ်းဝရမ်းထုတ်ပြီးမြန်မာအစိုး ရနှင့် အဆင်ပြေသော ကမ္ဘာ့အဆင့် မူးယစ်ရာဇာများကို ဖမ်းဆီးရန် မကြိုးစားခြင်းသည် ဘိန်းနှင့်မူးယစ်ဆေး ၀ါးကို အမှန်တကယ် တိုက်ဖျက်နေခြင်းမဟုတ်ပါ။

မြန်မာအစိုးရမှ ခွင့်ပြုသော မူးယစ်ရောင်းဝယ်သူများကိုသာ ဖမ်းဆီးဝရမ်းထုတ်သော ထိုင်းနိုင်ငံ၏ ပေါ်လစီကိုလည်း အံ့ဩမိသလို သံသ ယ ဖြစ်မိပါသည်။ လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်နေသော ထိုင်းအာဏာပိုင်ကို လေးစားအားပေးသလို တဖက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ တွင် မြန်မာအစိုးရ၏ ဩဇာလွမ်းမိုးမှုအောက်မှာ မရပ်တည်သင့်ကြောင်း အကြံပေးလိုပါသည်။

ဖူးဒို(မေလ ၇ရက်၊ ၂၀၁၂)
Reference;
1. UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေးဌာန
2. APAIC – အာရှ-ပစိဖိတ်အက်ဖက်တမင်း စိတ်ကြွဆေးသတင်းဌာန
3. BANGKOK, March 26 (Xinhua)
4. YANGON, Xinhua, 2011-12-7
မှတ်ချက် # ကေအိုင်စီသို့ ပေးပို့လာသည့် ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ လေ့လာသုံးသပ်ချက် အာဘော်များသာ ဖြစ်ပါသည်။

Ref:bniburmese online


ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရကို ဘယ်သူ​တွေ ​ငွေ​ချေး​ခဲ့​သလဲ?
Published on May 10, 2012 by စိုင်း​စိုး​ဝင်း​လတ်  
    မြန်မာနိုင်ငံ ဘဏ္ဌာ​ရေး​ဝန်ကြီး​ ဦး​လှထွန်း​၏ ၂၀၁၂ ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း​ ထုတ်​ဖော်​ပြောပြချက်အရ မြန်မာပြည်တွင် နိုင်ငံခြား​ကြွေး​မြီ ​ဒေါ်လာ ၁၁ ဘီလျံ ရှိ​နေ​ကြောင်း​ သိရသည်။ ထိုအ​ကြွေး​ ၁၁ ဘီလျံကို မည်သည့်​နိုင်ငံတို့​မှ ​ချေး​ခဲ့​သည်၊​ ထို​ချေး​ငွေများ​ကို မြန်မာနိုင်ငံအစိုး​ရမှ မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်ကိုမူ အများ​ပြည်သူများ​ သိသာ​စေရန် ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ မရှိခဲ့​ပေ။
   အချို့သော စီး​ပွား​ရေး​ ပညာရှင်များ​က အခြား​သော ​ကြွေး​မြီထူ​ပြောသည့်​ နိုင်ငံများ​နှင့်​ နိုင်း​ယှဉ်လျှင် မြန်မာနိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံမှာ မများ​လှဟု သုံး​သပ်ကြသည်။ သို့​သော် ကမ္ဘာ့​အဆင်း​ရဲဆုံး​နိုင်ငံ စာရင်း​ဝင်လည်း​ဖြစ်၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အစစတွင် ​နောက်ကျ​နေသည့်​ကြား​က ထိုအ​ကြွေး​များ​ ပြန်လည်​ပေး​ဆပ်ရန် တနည်း​တဖုံ တာဝန်ယူရမည့်​ ပြည်သူများ​ သိရှိ​စေရန်အတွက် မိမိတို့​နိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံ၏ အချို့သော အ​ကြွေး​ရှင်များ​ကို စုစည်း​ တင်ပြလိုက်ပါသည်။
ထိုအ​ကြွေး​များ​ကို အစိုး​ရဝန်ကြီး​ဌာနများ​က မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်များ​ကို အများ​ပြည်သူများ​ ပွင့်​လင်း​မြင်သာ ​စေရန်အတွက် ရှင်း​လင်း​ရန် ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်များ​၏ တာဝန်ပင် ဖြစ်​ပေသည်။ ထို အ​ကြွေး​ငွေများ​မှာ မြန်မာပြည်သူများ​အတွက် ​ကောင်း​ကျိုး​သက်​ရောက်ခဲ့​သည်ဖြစ်​စေ၊​ သက်​ရောက်ခြင်း​ မရှိခဲ့​သည်ဖြစ်​စေ ​နောင်အစိုး​ရများ​မှ ပြည်သူ့​ဘဏ္ဌာ​ငွေကို အသုံး​ပြု၍ ပြန်လည်​ပေး​ဆပ်ရမည် ဖြစ်​သော​ကြောင့်​ မြန်မာပြည်သူများ​ အား​လုံး​အ​ပေါ် တိုက်ရိုက်အကျိုး​သက်မှု ရှိ​နေသည်။
   မြန်မာနိုင်ငံအတွင်း​ ဖြစ်​ပေါ်​နေသည့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ကို အ​ကြောင်း​ပြု၍ ဖွံ့​ဖြိုး​ပြီး​ နိုင်ငံများ​ဖြစ်သည့်​ အ​မေရိကန်၊​ ဩစ​တြေး​လျ၊​ က​နေဒါနှင့်​ အီး​ယူနိုင်ငံတို့​က လွန်ခဲ့​သည့်​ နှစ်​ပေါင်း​ ၂၀ အတွင်း​ စီး​ပွား​ရေး​အရ ပိတ်ဆို့​ အ​ရေး​ယူခဲ့​ပြီး​ ​ငွေ​ကြေး​ချေး​ငှား​ခြင်း​များ​ ရပ်ဆိုင်း​ခဲ့​ကြသည်။
ယခုအခါ မြန်မာပြည်သည် ဒီမိုက​ရေစီအုပ်ချုပ်​ရေး​စနစ်ဘက်သို့​ ကူး​ပြောင်း​လာ​နေသည့်​အတွက် ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​ပေး​ချီး​မြှင့်​သည့်​ အ​နေဖြင့်​ စီး​ပွား​ရေး​ပိတ်ဆို့​ထား​မှုများ​ကို အ​နောက်နိုင်ငံတို့​က တဖြည်း​ဖြည်း​ချင်း​ ရုပ်သိမ်း​လာ​နေပြီ ဖြစ်သည်။
  အ​မေရိကန်၊​ က​နေဒါ၊​ ​နော်​ဝေး​နှင့်​ ဩစ​တြေး​လျတို့​က ပိတ်ဆို့​မှုအချို့​ကို ​လျှော့​ချ​ပေး​ပြီး​၊​ ဥ​ရောပသမဂ္ဂ ကလည်း​ ပိတ်ဆို့​မှုကို တနှစ်ရပ်ဆိုင်း​လိုက်ပြီဖြစ်သည်။ ​ငွေ​ကြေး​အကူအညီ​ပေး​မည့်​နိုင်ငံများ​၊​ ​ချေး​ငှား​ပေး​မည့်​ နိုင်ငံများ​လည်း​ ​ပေါ်လာသဖြင့်​ လာမည့်​နှစ်အနည်း​ငယ်အတွင်း​ မြန်မာနိုင်ငံတွင်း​သို့​နိုင်ငံခြား​မှ အကူအညီများ​၊​ ​ချေး​ငွေများ​ ​ဒေါ်လာ ဘီလျံနှင့်​ချီ၍ ဝင်လာနိုင်သည်။ ထိုသို့​ အ​ကြွေး​ သစ်များ​ ထပ်မံ​ချေး​ယူခြင်း​ပြုလုပ်လာပါက ပြည်သူများ​အ​နေဖြင့်​ ယခင်​ချေး​ယူထား​သော အ​ကြွေး​ဟောင်း​များ​အား​ သာဓက ယူ၍ နိုင်ငံခြား​ကြွေး​မြီဖြင့်​ လုပ်​ဆောင်မည့်​ မည်သည့်​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​စဉ်က ​ကောင်း​ကျိုး​ဖြစ်​စေမည်၊​ ဆိုကျိုး​ဖြစ်​စေမည် စသည်ဖြင့်​ မိမိတို့​သက်ဆိုင်ရာ လူထုကိုယ်စား​လှယ်များ​မှ တဆင့်​ တင်ပြ​ဆွေး​နွေး​နိုင်ရန် ရည်ရွယ်၍ ယခုကဲ့​သို့​ အ​ကြွေး​ဟောင်း​များ​ကို စုစည်း​တင်ပြ လိုက်ခြင်း​ဖြစ်သည်။
   လက်ရှိ နိုင်ငံတကာအသိုင်း​အဝိုင်း​၏ မြန်မာနိုင်ငံအ​ပေါ်ထား​ရှိ​သော ​ပေါ်လစီအ​ပြောင်း​အလဲများ​သည် မြန်မာနိုင်ငံ၏ “ဒီမိုက​ရေစီ” အသွင်ကူး​ပြောင်း​လာ​သော နိုင်ငံ​ရေး​စနစ်​ကြောင့်​ဟု ​ပြောကြသည်။ အ​နောက်နိုင်ငံများ​၏ မြန်မာပြည်နှင့်​ ဆက်ဆံ​ရေး​သည် ဒီမိုက​ရေစီကို အ​ခြေခံသည်ဟုဆိုလျှင် “မြန်မာပြည်၏ မည်သည့်​ ဒီမိုက​ရေစီ ​ခေတ်ကာလတွင် မြန်မာအစိုး​ရအား​ ​ငွေထုတ်​ချေး​ပေး​ခဲ့​သနည်း​” ဟု ​မေး​လိုသည်။ အဘယ်​ကြောင့်​ ဆို​သော် ဘဏ္ဘာ​ရေး​ဝန်ကြီး​က အ​ကြွေး​ ၁၁ ဘီလျံအနက် ၈.၄ ဘီလျံကို ၁၉၆၂ ခုနှစ်နှင့်​ ၁၉၈၈ အတွင်း​ ​ချေး​ယူထား​သည်ဟု ဆိုသည်။ ဤကာလသည် ဗိုလ်ချုပ်ကြီး​ ​နေဝင်း​က စစ်အာဏာရှင်စနစ်ဖြင့်​ ဖိနှိပ်အုပ်ချုပ်​နေ​သောကာလ၊​ ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့​နည်း​မြန်မာ့​ဟန် ဆိုရှယ်လစ်စနစ်ဖြင့်​ ပြည်သူများ​အား​ ဆင်း​ရဲတွင်း​နက်​အောင် ထင်ရာစိုင်း​နေ​သောကာလပင်ဖြစ်သည်။
သို့​သော် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့ဖြိုး​ရေး​ဘဏ်၊​ အ​မေရိက၊​ ဂျာမနီ၊​ ဂျပန်၊​ ဩစ​တြေး​လျ၊​ ဖင်လန်၊​ ​နော်​ဝေ စသည့်​ နိုင်ငံတို့​က သန်း​ရာ​ပေါင်း​များ​စွာ ထုတ်​ချေး​ပေး​ခဲ့​သည်။
မြကာ​သေး​ခင်က စာ​ရေး​သူ စကား​ပြောခွင့်​ရခဲ့​သည့်​ ဗိုလ်ချုပ်ကြီး​ ​နေဝင်း​ အစိုး​ရလက်ထက် ဝန်ကြီး​တ​ယောက်၏ အဆိုအရ – ဦး​နေဝင်း​ အစိုး​ရသည် အိမ်နီး​ချင်း​နိုင်ငံများ​အပါအဝင် အြခား​စက်မှုနိုင်ငံများ​နှင့်​ အမီလိုက်ရန် နိုင်ငံခြား​မှ ​ငွေ​ချေး​ယူခဲ့​သည်။ အရာရှိများ​သည် စိတ်ထား​ဖြူစင် ရိုး​သား​စွာဖြင့်​ တိုင်း​ပြည်အတွက် လုပ်ခဲ့​ကြသည်။ မှန်သည်ထင်၍ စက်ရုံများ​တည်ခဲ့​ကြသည်။ သို့​သော် ​ငွေ​ကြေး​များ​အား​ မ​အောင်မြင်နိုင်​သော စက်ရုံများ​၊​ နိုင်ငံတကာ ​ဈေး​ကွက် မရှိ​သော ကိစ္စများ​နှင့်​၊​ သဘာဝအရင်း​အမြစ် ဖွံ့ဖြိုး​ရေး​ကိစ္စများ​တွင် မှား​ယွင်း​သုံး​မိ​ကြောင်း​ ​နောက်ပိုင်း​မှ သိရှိလာရသည်ဟု ဆိုသည်။
စစ်တိုက်ရန် ​လေ့​ကျင့်​ထား​သော စစ်အရာရှိကြီး​များ​သည် စီး​ပွား​ရေး​နှင့်​ တိုင်း​ပြည်စီမံခန့်​ခွဲ​ရေး​ကို နား​မလည်နိုင်​ပေ။ ပိုဆိုး​သည်မှာ ကိုယ်ထင်ရာမှန်၏ ယူဆကာ တံခါး​ကိုပိတ်၊​ အာဏာကိုသုံး​ပြီး​ စစ်တပ်​တွေး​ ​တွေး​ကာ ဆုံး​ဖြတ် လုပ်​ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ထိုကဲ့​သို့​သော စစ်ဗိုလ်​ဟောင်း​များ​နှင့်​ ဖွဲ့​စည်း​ထား​သော လက်ရှိ အစိုး​ရသစ် လက်ထက်တွင်လည်း​ ထိုကဲ့​သို့​သော အဖြစ်ဆိုး​များ​နှင့်​ ထပ်မံကြုံကြိုက်မည့်​အ​ရေး​ကို ဆင်ခြင်မိသည်။
အချုပ်ဆိုရလျှင် ဒီမိုက​ရေစီ၏ ချန်ပီယံဆို​သော အခိျု့​အင်အား​ကြီး​ နိုင်ငံများ​သည် ကမ္ဘာ​ပေါ်တွင် အဆိုး​ဆုံး​ အာဏာရှင်အစိုး​ရများ​ကို ​ငွေ​ကြေး​အကူအညီများ​ ​ပေး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။ သူတို့​ အကူအညီ​ပေး​သော စီး​ပွား​ရေး​များ​မှာ ပြည်သူများ​အား​ ဖိနှိပ်အုပ်ချုပ်သည့်​ စစ်အစိုး​ရအတွက် ဝင်​ငွေရှာ​ပေး​သော သဘာဝအရင်း​အြမစ် ကဏ္ဌဖြစ်သည်။ ဥပမာအား​ဖြင့်​ စက်မှုဖွံ့ဖြိုး​ရေး​နှင့်​ ယှဉ်တွဲ၍ မြန်မာနိုင်ငံရှိ သဘာဝဓာတ်​ငွေ့​၊​ ​ရေနံ၊​ တွင်း​ထွက်၊​ ​ရေကာတာ၊​ ကျွန်း​သစ် စသည့်​ စွမ်း​အင်နှင့်​ သဘာဝသယံဇာတဖွံဖြိုး​ရေး​တို့​အတွက် ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရအား​ ထိုအင်အား​ကြီး​နိုင်ငံများ​မှ အား​ပေး​ အား​မြှောက်ပြုခဲ့​သည်။
မြန်မာပြည် အ​ကြွေး​ ၁၁ ဘီလျံတင်​နေ​ကြောင်း​ ​ကြော်ညာသည့်​အချိန်မှစ၍ ပြည်သူများ​ စိတ်ဝင်စား​သည်မှာ ဘယ်သူက၊​ ဘယ်တုန်း​က၊​ ဘာအတွက် ​ငွေ​ချေး​ပေး​သည် ဆိုတာဖြစ်သည်။ သုံး​သပ်ချက်အခိျု့​ကို စီး​ပွား​ရေး​ စာအုပ် အချို့တွင် ​တွေ့ရ​သော်လည်း​ ပိုမိုအ​သေး​စိတ် အချက်အလက်များ​ ရှား​ပါး​ ​သေးသဖြင့်​ ​ငွေ​ချေး​သည့်​ခုနှစ်၊​ နိုင်ငံ၊​ ​ချေး​သည့်​အ​ကြောင်း​အရာတို့​ကို အကြမ်း​ဖျင်း​ တင်ပြရန် ၁၉၇၀ နှင့်​ ၁၉၈၀ ခုနှစ်များ​အတွင်း​ ထုတ်သည့်​ BBC၊​ The New York Times၊​ The Washington Post၊​ The Harald၊​ The Globe and Mail သတင်း​ဌာနများ​၊​ ကမ္ဘာ​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်နှင့်​ ​ချေး​ငှား​ပေး​သည့်​ အစိုး​ရဌာနအချို့တို့​မှ အချက်အလက်အချို့ကို စုစည်း​ တင်ပြရပါသည်။
(မှတ်ချက်။ ​အောက်ပါ ဇယား​သည် သ​ဘောတူညီမှုဆိုင်ရာ အခိျု့​ အချက်အလက်များ​ကို အ​ခြေခံခြင်း​ဖြစ်သည်။ ​ငွေဝင်၊​ ​ငွေထွက်နှင့်​ သုံး​စွဲလည်ပတ်မှု စသည့်​ အချက်အလက်အ​သေး​စိတ်ကို အစိုး​ရဌာနများ​က ထုတ်ပြန်ရန် လိုအပ်သည်။)

Ref;DVBburmese

Published on May 11, 2012 by ထက်​အောင်  
တ​လောက ဆက်တိုက်ဆိုသလို အတည်ပြုပြဌာန်း​ခဲ့​တဲ့​ ဥပ​ဒေ​တွေထဲမှာ လယ်ယာ​မြေဥပ​ဒေနဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ဥပ​ဒေ​တွေလည်း​ ပါဝင်ပါတယ်။ စိုက်ပျိုး​ရေး​ နိုင်ငံတခုဖြစ်တဲ့​ မြန်မာနိုင်ငံမှာ ​မြေယာနဲ့​အသက်​မွေး​ဝမ်း​ကြောင်း​ပြုရတဲ့​ သန်း​နဲ့​ချီတဲ့​ ​ကျေး​လက်​နြေပည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေအ​ပေါ် ဒီဥပ​ဒေ​တွေက အကျိုး​သက်​ရောက်မှာဖြစ်တဲ့​အတွက် အလွန်အ​ရေး​ကြီး​တဲ့​ ဥပ​ဒေ​တွေဖြစ်ပါတယ်။ ဒီတပတ်မှာ ​မြေယာဥပ​ဒေ​တွေနဲ့​ အစိုး​ရက လက်ရှိအ​ကောင်အထည်​ဖော်​နေတဲ့​ စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေအြကား​ ဆက်စပ်မှုကို ရှာ​ဖွေမိပါတယ်။
ပထမဆုံး​အ​နေနဲ့​ ဒီဥပ​ဒေ​တွေကို ဘယ်သူ​တွေ ​ရေး​ဆွဲသလဲဆိုတာ ​လေ့​လာဖို့​လိုပါတယ်။ နိုင်ငံတကာမှာ​တော့​ ဥပ​ဒေ​တွေကို သက်ဆိုင်ရာနိုင်ငံရဲ့​ လွှတ်​တော်​တွေက ဥပ​ဒေပြုလွှတ်​တော်ကိုယ်စား​လှယ်​တွေ (Lawmakers) က အများ​ဆုံး​လေ့​လာပြုစုပြီး​ ​ရေး​ဆွဲပြဌာန်း​ကြ​ပေမယ့်​ လက်ရှိမြန်မာနိုင်ငံရဲ့​ လက်ရှိအ​ခြေအ​နေအရ လွှတ်​တော်သစ်ရဲ့​ သက်တမ်း​နုနယ်​သေး​တာ​ကြောင့်​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက ဦး​ဆောင်​ရေး​ဆွဲနိုင်တဲ့​ အ​ခြေအ​နေ မ​ပေး​သေး​ပါဘူး​။
ဒါ​ကြောင့်​ ပြဌာန်း​ခဲ့​တဲ့​ဥပ​ဒေ​တွေ အား​လုံး​လိုလိုပဲ အုပ်ချုပ်​ရေး​ အာဏာပိုင်ဖြစ်တဲ့​ အစိုး​ရက​ရေး​ဆွဲပြီး​ လွှတ်​တော်ကို တင်ပြလာတာကို လက်ခံ​ဆွေး​နွေး​ အတည်ပြုပြဌာန်း​ကြတဲ့​ အ​ခြေအ​နေ ဖြစ်ပါတယ်။ အဲ့​ဒါ​ကြောင့်​ အစိုး​ရရဲ့​ စီး​ပွား​ရေး​ရည်မှန်း​ချက်နဲ့​ မူဝါဒ​တွေဟာ အခုလို စီး​ပွား​ရေး​အ​ခြေခံ အ​ဆောက်အအုံတခုဖြစ်တဲ့​ ​မြေယာကကို စီမံခန့်​ခွဲတဲ့​ ဥပ​ဒေမျိုး​မှာ ထင်ဟပ်​နေပါတယ်။
အစိုး​ရရဲ့​ စီး​ပွား​ရေး​ရည်မှန်း​ချက်က ဘာလဲလို့​မေး​ရင် သမ္မတဦး​သိန်း​စိန် အာဏာရယူတဲ့​ ပထမဆုံး​နေ့​ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာ လွှတ်​တော်နဲ့​ တိုင်း​ပြည်ကို ​ပြောကြား​ခဲ့​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ မိန့်​ခွန်း​ကို ပြန်လည် ကိုး​ကား​ရမှာဖြစ်ပါတယ်။ အဲ့​ဒီ မိန့်​ခွန်း​ထဲမှာ သမ္မတက “စိုက်ပျိုး​ရေး​နဲ့​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ ဖြစ်မလာနိုင်တဲ့​အတွက် ​ခေတ်မီဖွံ့ဖြိုး​တိုး​တက်တဲ့​ နိုင်ငံ၊​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ၊​ အလုပ်အကိုင်​တွေ​ပေါများ​ပြီး​ လူတဦး​ချင်း​ဝင်​ငွေ​တွေ တိုး​ပွား​တဲ့​နိုင်ငံဖြစ်​အောင် စက်မှုနိုင်ငံ ထူ​ထောင်ရပါမယ်”လို့​ ​ပြောခဲ့​ပါတယ်။
ဒီအချက်ဟာ အစိုး​ရသစ်ရဲ့​ ၅ နှစ်တာ သက်တမ်း​ကာလအတွင်း​ ​ဆောင်ရွက်မယ့်​ စီး​ပွား​ရေး​မူဝါဒလို့​ ​ပြောရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုး​ရအ​နေနဲ့​ အရင်ကလို လယ်ယာစိုက်ပျိုး​ရေး​ဘက်ကို ​ဇောင်း​ပေး​လုပ်​ဆောင်တာထက် စက်မှုဖွံ့ဖြိုး​ရေး​ကို အဓိကထား​လုပ်မယ်ဆိုတဲ့​ စီး​ပွား​ရေး​ဦး​တည်ချက် ဖြစ်တယ်ဆိုတာ ​တွေ့​ရမှာ ဖြစ်ပါတယ်။ လက်​တွေ့​မှာလည်း​ နိုင်ငံမှာ စီး​ပွား​ရေး​အရ အချက်အချာကျတဲ့​ ​ဒေသ​တွေမှာ စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ထူ​ထောင်​ဆောင်ရွက်​နေတာ ဒါမှမဟုတ် ​ဆောင်ရွက်ဖို့​ပြင်ဆင်​နေတာ ​တွေ့ရမှာပါ။
အစိုး​ရရဲ့​ စက်မှုဖွံ့ဖြိုး​ရေး​မူဝါဒနဲ့​ ​မြေယာမူဝါဒ​တွေက ဘယ်လိုသက်ဆိုင်​နေလဲလို့​ ​မေး​စရာရှိပါတယ်။ ရုတ်တရက်ကြည့်​ရင်​တော့​ စက်မှုဖွံ့ဖြိုး​ရေး​မူဝါဒက စက်မှုလုပ်ငန်း​ရှင်​တွေ၊​ မြို့နေလူတန်း​စား​ စက်ရုံလုပ်သား​တွေအတွက် ဖြစ်ပြီး​ ​ကျေး​လက်က လယ်သမား​တွေအတွက်က ​မြေယာမူဝါဒနဲ့​သာ သက်ဆိုင်တယ်လို့​ ​တွေး​မိနိုင်ပါတယ်။ အမှန်တကယ်က ဒီ မူဝါဒနှစ်ရပ်က အြပန်အလှန် တိုက်ရိုက် ဆက်စပ်​နေပါတယ်။
စက်မဖွံ့ဖြိုး​ရေး​အတွက် အစိုး​ရက စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ​ဖော်ထုတ်တဲ့​နေရာမှာ အဓိကအ​ခြေခံ လိုအပ်ချက်က စက်ရုံ​တွေတည်​ဆောက်ဖို့​ ​မြေ​နေရာရရှိဖို့​ ဖြစ်ပါတယ်။ အဲ့​ဒီအတွက် ​မြေယာ​တွေ​ဖော်ထုတ်ဖို့​ အစိုး​ရတရပ်အ​နေနဲ့​ မဖြစ်မ​နေ ​ဆောင်ရွက်ရ​တော့​မှာဖြစ်ပါတယ်။ ဒီလို​ဆောင်ရွက်တဲ့​နေရာမှာလည်း​ ဥပ​ဒေနဲ့​အညီ​ဆောင်ရွက်ဖို့​ လိုအပ်တဲ့​အတွက် အသစ်ပြဌာန်း​လိုက်တဲ့​ ​မြေယာဥပ​ဒေ​တွေမှာ အစိုး​ရကို အထူး​အခွင့်​အာဏာ​တွေ ထည့်​သွင်း​ခဲ့​ပါတယ်။
ယခင်တပတ်က​ဖော်ပြခဲ့​တဲ့​ “လယ်ယာ​မြေဥပ​ဒေ​လေ့​လာခြင်း​” ​ဆောင်း​ပါး​မှာ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၁) ပုဒ်မ ၃၇/က အရ နိုင်ငံ​တော်ရဲ့​ ​မြေအား​လုံး​ရဲ့​ မူလပိုင်ရှင်ဟာ နိုင်ငံ​တော်သာဖြစ်တယ်ဆိုတဲ့​ အချက်ကို ​ဖော်ပြခဲ့​ပြီး​ဖြစ်ပါတယ်။ ဒီဥပ​ဒေနဲ့​အညီ လယ်ယာ​မြေဥပ​ဒေသစ် ပုဒ်မ ၂၆ က တည်ဆဲဥပ​ဒေတရပ်ရပ်က ဘယ်လိုပဲ ​ပြောထား​ပါ​စေ နိုင်ငံ​တော်အကျိုး​အတွက် အစိုး​ရကို ​မြေယာသိမ်း​ခွင့်​ အခွင့်​အာဏာ​ပေး​ထား​ခဲ့​တာကိုလည်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ထို့​အတူ လယ်ယာ​မြေ ဥပ​ဒေသစ် ပုဒ်မ ၄၀ အရ သမ္မတရဲ့​ ခွင့်​ပြုချက်နဲ့​ အဆင့်​ဆင့်​ ဖွဲ့စည်း​ထား​တဲ့​ လယ်ယာ​မြေ စီမံခန့်​ခွဲ​ရေး​အဖွဲ့​တွေရဲ့​ ​မြေယာစီမံခန့်​ခွဲမှု​တွေကို “မည်သည့်​ တရား​ရုံး​တွင်မှ တရား​စွဲဆိုခွင့်​ မရှိ​စေရလို့​” အကာအကွယ် ​ပေး​ထား​ပါတယ်။ ဘာ​ကြောင့်​ပါလဲ။
ဒီ​နေရာမှာ လက်ရှိ အ​ကောင်အထည်​ဖော်​နေတဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေဖြစ်တဲ့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်၊​ ​ကျောက်ဖြူ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ သီလဝါအထူး​စီး​ပွား​ရေး​ဇုန်​တွေကို ​ဖော်​ဆောင်တဲ့​နေရာမှာ ​မြေယာ​တွေကို ဘယ်လိုရယူခဲ့​သလဲဆိုတာနဲ့​ နှိုင်း​ယှဉ်​လေ့​လာကြည့်​ရင် အထက်က​ဆွေး​နွေး​ခဲ့​တဲ့​ ​မြေယာဥပ​ဒေရဲ့​ အဓိကအချက်​တွေနဲ့​ ဆက်စပ်​နေတာ ​တွေ့ရပါလိမ့်​မယ်။
ဖော်ပြပါ အထူး​စီး​ပွား​ရေး​ဇုနကြီး​ ၃ ခုဟာ နိုင်ငံ​တော်ကပိုင်ဆိုင်တဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေမှာ တည်​ထောင်ထား​တာ မဟုတ်ပါဘူး​။ ​မြေဧရိယာပမာဏ ကြီး​မား​ကျယ်ပြန့်​တဲ့​ အဲ့​ဒီအထူး​စီး​ပွား​ရေး​ဇုန်ကြီး​တွေ​နေရာမှာ ​ဒေသခံ ​တောင်သူလယ်သမား​တွေရဲ့​ ​မြေယာ​တွေ၊​ ​ကျေး​ရွာ​တွေနဲ့​ အိုး​အိမ်​တွေ တည်ရှိ​နေပါတယ်။ အဲ့​ဒီ​နေရာ​တွေဟာ အထူး​စီး​ပွား​ရေဇုန် တည်​ဆောက်ဖို့​ အချက်အချာကျတဲ့​ ​နေရာ​တွေအြဖစ် အစိုး​ရက သတ်မှတ်လိုက်တဲ့​အခါမှာ ​မြေယာသိမ်း​ဆည်း​မှု​တွေ ရှိလာပါ​တော့​တယ်။
အမှန်တကယ်က ထို စက်မှုဇုန်ကြီး​တွေကို လက်ရှိအစိုး​ရလက်ထက်မှာ တည်​ဆောက်ဖို့​ လျာထား​သတ်မှတ်ခဲ့​တာမဟုတ်ဘဲ ယခင် စစ်အစိုး​ရလက်ထက်က ​ဆောင်ရွက်ခဲ့​တာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ လက်ရှိ အစိုး​ရအ​နေနဲ့​ အရင်စစ်အစိုး​ရရဲ့​ စီမံကိန်း​တွေကို ဆက်လက် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရတာဖြစ်ပြီး​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် ကြီး​မား​ကျယ်ပြန့်​တဲ့​ ​မြေ​နေရာလိုအပ်ချက်အတွက် ​ဒေသခံ ​တောင်သူလယ်သမား​တွေထံက ​မြေယာ​တွေကို သိမ်း​ယူမှုဟာလည်း​ ယခင်အစိုး​ရ လက်ထက်မှာ​ရော လက်ရှိအစိုး​ရ လက်ထက်မှာ​ရော ဖြစ်ပွား​နေပါတယ်။
ယခင် စစ်အစိုး​ရလက်ထက်နဲ့​ မတူတဲ့​အချက်တခုက​တော့​ သိမ်း​ယူခဲ့​တဲ့​ ​မြေယာ​တွေအတွက် ပိုင်ရှင် ​တောင်သူလယ်သမား​တွေ နစ်နာမှု “လုံး​ဝ” မရှိ​အောင် ​လျော်​ကြေး​ပေး​တာ ဒါမှမဟုတ် အခြား​နည်း​လမ်း​နဲ့​ ​ဆောင်ရွက်​ပေး​ရမယ်လို့​ လယ်ယာ ​မြေဥပ​ဒေ ပုဒ်မ ၂၆ မှာ ထည့်​သွင်း​ထား​ပါတယ်။
ယခင် စစ်အစိုး​ရလက်ထက်မှာ လယ်ယာ​မြေ​တွေကို ​လျော်​ကြေး​ တစုံတရာမ​ပေး​ဘဲ သိမ်း​ယူခဲ့​တာနဲ့​စာရင် ​တော်​သေး​တယ်လို့​ ဆိုရမလိုပါပဲ။ စက်မှုနိုင်ငံထူ​ထောင်မယ်လို့​ ​ကြွေး​ကြော်ပြီး​ အာဏာရယူခဲ့​တဲ့​ လက်ရှိ အစိုး​ရအတွက် စက်မှုဇုန်​တွေနဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ထူ​ထောင်ရုံသက်သက်နဲ့​ စက်မှုနိုင်ငံဖြစ်လာဖို့​ မပြည့်​စုံ​သေး​ပါဘူး​။ ဒီစက်ရုံ​တွေမှာ လိုအပ်မယ့်​ စက်မှုကုန်ကြမ်း​သီး​နှံ​တွေ စိုက်ပျိုး​ထုတ်လုပ်နိုင်မှ လိုအပ်တဲ့​ကုန်ကြမ်း​တွေကို ပြည်တွင်း​မှာ ​ဈေး​ပေါ​ပေါနဲ့​ရနိုင်မှာဖြစ်ပါတယ်။
အဲ့​ဒီအတွက် အစိုး​ရအ​နေနဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ဥပ​ဒေကို ပြဌာန်း​ခဲ့​ပြီး​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို ဆွဲ​ဆောင်ခဲ့​ပါတယ်။ ဥပ​ဒေရဲ့​ အခန်း​ ၄ ဖြစ်တဲ့​ “​မြေလွတ် ​မြေလပ်နှင့်​ ​မြေရိုင်း​များ​လုပ်ပိုင်ခွင့်​၊​ အသုံး​ပြုခွင့်​နှင့်​စပ်လျဉ်း​၍ စည်း​ကမ်း​ သတ်မှတ်ချက်များ​” အခန်း​ကို ​လေ့​လာကြည့်​တဲ့​အခါ စက်မှုကုန်ကြမ်း​သီး​နှံ စိုက်ပျိုး​ရေး​အတွက် ရင်း​နှီး​မြှုပ်နှံချင်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ကြီး​တွေအတွက် အခွင့်​အလမ်း​တွေ ​ပေး​ထား​တာ ​တွေ့​ရပါလိမ့်​မယ်။
ဥပမာ ရာဘာနဲ့​ ဆီအုန်း​ကဲ့​သို့​ နှစ်ရှည်စက်မှုကုန်ကြမ်း​သီး​နှံပင်​တွေ စိုက်ပျိုး​ချင်ရင် ဥပ​ဒေပုဒ်မ ၁၀ (က) မှာ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေကို တကြိမ်လျှင် ဧက ၅ ​ထောင် အထိ လုပ်ကိုင်ခွင့်​ပြုပြီး​ ထိုပမာဏာရဲ့​ ၇၅ ရာခိုင်နှုန်း​ စိုက်ပျိုး​ပြီး​ပါက ​နောက်ထပ် ဧက ၅ ​ထောင် ထပ်မံ တိုး​ချဲ့​စိုက်ပျိုး​နိုင်ပြီး​ ထိုနည်း​နဲ့​ ဧက ၅ ​သောင်း​အထိ တိုး​ချဲ့​စိုက်ပျိုး​ခွင့်​ပေး​ထား​တဲ့​အတွက် ဒီ​လောက်များ​ပြား​တဲ့​ ​မြေဧကကို ပိုင်ဆိုင် လုပ်ကိုင်နိုင်ဖို့​ဆိုရင် ဆင်း​ရဲတဲ့​မြန်မာနိုင်ငံမှာ လက်ချိုး​ရေတွက်နိုင်တဲ့​ အ​မေရိကန်​ဒေါ်လာ သန်း​ချီကြွယ်ဝချမ်း​သာကြတဲ့​ ခရိုနီ (Crony) စီး​ပွား​ရေး​သမား​ကြီး​တွေပဲ ရင်း​နှီး​မြှုပ်နှံနိုင်မှာပါ။
အဲ့​ဒီဥပ​ဒေရဲ့​ ပုဒ်မ ၁၀ (က) မှာပဲ ​ကျေး​လက်​နေ ​တောင်သူလယ်သမား​တွေ တနိုင်တပိုင် လုပ်ပိုင်ခွင့်​အတွက် ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ ဧက ၅၀ ထက်မပိုဘဲ ခွင့်​ပြုထား​ပါတယ်။ နဂိုက ဆင်း​ရဲလွန်း​တဲ့​ဘဝမှာ ​နြေကရတဲ့​ ​တောင်သူလယ်သမား​များ​အဖို့​ ​မြေရိုင်း​ ဧက ၅၀ ​လောက်ကို ခုတ်ထွင်ရှင်း​လင်း​ပြီး​ စိုက်ပျိုး​မြေအြဖစ် ​ပြောင်း​လဲနိုင်ဖို့​ရာ လိုအပ်တဲ့​ ​ငွေ​ကြေး​နဲ့​ ပစ္စည်း​ကိရိယာ​တွေအတွက် အရင်း​အနှီး​ရရှိဖို့​ အလွန်ခက်ခဲပါလိမ့်​မယ်။
ဒီ​နေရာမှာ လက်​တွေ့​ဖြစ်ရပ်​တွေနဲ့​ နှိုင်း​ယှဉ် ဆင်ခြင်သုံး​သပ်သင့်​တဲ့​ အချက်​တွေ ရှိလာပါတယ်။ စက်မှုဇုန်​တွေ အထူး​ စီး​ပွား​ရေး​ဇုန်​တွေ​ဖော်​ဆောင်ဖို့​ ဆင်း​ရဲချို့တဲ့​စွာ ရုန်း​ကန်​နေကြတဲ့​ နိုင်ငံသား​လူအများ​စု ​တောင်သူလယ်သမား​တွေပိုင်ဆိုင်တဲ့​ ​မြေယာ​တွေကို မသိမ်း​ယူဘဲ ​ငွေပင်​ငွေရင်း​အင်အား​ အလွန်တရာကြီး​မား​တဲ့​ ပြည်တွင်း​ပြည်ပက ရင်း​နှီး​မြှုပ်နှံသူ​တွေ အကူအညီနဲ့​ တိုင်း​ပြည်ရဲ့​နေရာအနှံ့​မှာ အသုံး​မြပုရ​သေး​တဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေကို အသုံး​ပြုတဲ့​နည်း​ကို အစိုး​ရက ဘာလို့​ မ​ရွေး​ချယ်ခဲ့​တာလဲ။ အ​ဖြေက ရှင်း​ပါတယ်။ စက်မှုလုပ်ငန်း​ရှင်ကြီး​တွေဟာ စီး​ပွား​ရေး​အရ အကျိုး​အမြတ် ကြီး​ကြီး​မား​မား​ရရှိမယ့်​ ​နေရာမှာပဲ ရင်း​နှီး​မြုပ်နှံချင်ကြပါတယ်။ သူတို့​တည်​ထောင်မယ့်​ စက်မှုလုပ်ငန်း​ကြီး​တွေဟာ ​ဒေါ်လာ သန်း​ပေါင်း​များ​စွာ ရင်း​နှီး​မြုပ်နှံရမှာ ဖြစ်သလို ထွက်ရှိလာမယ့်​ စက်မှုထုတ်ကုန်​တွေကို ​ဈေး​ကွက်တင်ပို့​ဖို့​ လမ်း​ပန်း​ဆက်သွယ်​ရေး​ လွယ်ကူတဲ့​နေရာ ဖြစ်ရမယ် ဆိုတဲ့​ အချက်ကလည်း​ အ​ရေး​ကြီး​ပါတယ်။
အဲ့​လို​နေရာ​တွေဟာ ​မြေဩဇာ​ကောင်း​မွန်ပြီး​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေ ဖြစ်ထွန်း​နေပြီဖြစ်တဲ့​ ​နေရာ​တွေဖြစ်​တော့​ လယ်ယာ​မြေသိမ်း​ပိုက်မှု​တွေ ဖြစ်​ပေါ်လာရပါတယ်။ ဒီဖြစ်ရပ်​တွေကို ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်၊​ ​ကျောက်ဖြူအထူး​စီး​ပွား​ရေး​ဇုန်နဲ့​ သီလဝါအထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ အထင်အရှား​ ​တွေ့နေရပါတယ်။
ဒါ​ကြောင့်​ အစိုး​ရရဲ့​ စက်မှုဖွံ့​ဖြိုး​ရေး​မူဝါဒနဲ့​ ​မြေယာစီမံခန့်​ခွဲ​ရေး​မူဝါဒ​တွေ​ကြောင့်​ ​ကျေး​လက်လူမှုအဖွဲ့အစည်း​တွေ မတည်မြငိမ်ဖြစ်လာ​နေတာကို သုံး​သပ် ​တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့​ရဲ့​ လယ်ယာ​မြေ​တွေ အသိမ်း​ခံလိုက်ရတဲ့​ ​တောင်သူလယ်သမား​တွေ လယ်မဲ့​ယာမဲ့​ဖြစ်ပွား​မှု တိုး​ပွား​လာ​နေပြီး​ အဲ့​ဒီသူ​တွေဟာ ​နောက်ထပ် ​မြေယာပိုင်ဆိုင်နိုင်ဖို့​အတွက် ​နေရာ​ပြောင်း​ရွှေ့​ အ​ခြေချပြီး​ ​မြေရိုင်း​တွေ ​ဖော်ထုတ်လုပ်ကိုင်စား​သောက်ဖို့​ အရင်း​အနှီး​မရှိကြပါဘူး​။
ရလဒ်အ​နေနဲ့​ သူတို့​ကျွမ်း​ကျင်တဲ့​ လယ်ယာလုပ်ငန်း​ခွင်မှာ လုပ်ကိုင်ခွင့်​မရ​တော့​တဲ့​အခါ ရရာအလုပ်ရှာ​ဖွေလုပ်ကိုင်ဖို့​ ​ကျေး​လက်က​နေ မြို့​ပေါ်ကို​ပြောင်း​ရွှေ့ အ​ခြေချမှု​တွေ ဖြစ်လာကြပါတယ်။ ထို့​အတူ အသစ်​ဖော်ထုတ်လိုက်တဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ အလုပ်အကိုင် အခွင့်​အလမ်း​ရှာ​ဖွေဖို့​ အတတ်ပညာတခုခု ကျွမ်း​ကျင်မှုရှိတဲ့​ မြို့နေလူတန်း​စား​တွေလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေဆီ ​ပြောင်း​ရွှေ့အ​ခြေချမှု​တွေ ကြုံ​တွေရမှာ ဖြစ်ပါတယ်။
ဒီလို စက်မှုဇုန်​တွေနဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ​ဖော်​ဆောင်မှုရဲ့​ ​နောက်ဆက်တွဲ အကျိုး​ဆက်အ​နေနဲ့​ ​ကျေး​လက်နဲ့​ မြို့​ပြအကြား​ လူ​တွေ အစုလိုက် ရွှေ့​ပြောင်း​ကြလို့​ ဖြစ်​ပေါ်လာတဲ့​ လူမှု​ရေး​ပြဿနာ​တွေကို အိမ်နီး​ချင်း​ တရုတ်နဲ့​ ထိုင်း​နိုင်ငံ​တွေမှာ လွန်ခဲ့​တဲ့​ ဆယ်စုနှစ်​တွေအတွင်း​ ကြုံတွေ့​ခဲ့ကြသလို လက်ရှိမှာလဲ ကြုံ​တွေ့​နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအ​နေနဲ့​ အိမ်နီချင်း​နိုင်ငံ​တွေက သင်ခန်း​စာ​တွေကို ​လေ့​လာသင်ယူပြီး​ တည်ငြိမ်တဲ့​ လူမှုအဖွဲ့အစည်း​တရပ်​ဖော်​ဆောင်ဖို့​ နည်း​လမ်း​သစ်​တွေ ရှာရမယ့်​အချိန် ​ရောက်​နေပါပြီ။
Ref:DVBBurmese

Written by မောင်ကောင်းခန့်  Sunday, 06 May 2012 13:53
၂၀၁၀ ပြည့်နှစ် မြန်မာ့ ဒီမိုကရေစီ ရွေးကောက် တင်မြှောက်ပွဲအပြီး ရွေးကောက်ခံ သမ္မတကြီးဦးသိန်းစိန်က ၃၁.၃.၂၀၁၀ ရက်နေ့တွင် အစိုးရသစ်၏ မူဝါဒ သဘောထား ကြေညာချက်ကို ထုတ်ဖော် ကြေညာခဲ့သည်။ အသစ် တည်ဆောက်မည့် ဒီမိုကရေစီ နိုင်ငံတော်အတွက် အသွင် ကူးပြောင်းရေး ကာလတွင် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး ကဏ0x081ဍအသီးသီး ကို မည်သို့မည်ပုံ မူဝါဒ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း နိုင်ငံတကာသို့ အသိပေးခဲ့သည်။ ကြေညာသည့် အတိုင်းလည်း မြန်မာနှင့် ကမ္ဘာက အံ့ဩ တုန်လှုပ်သွား ရ လောက် အောင် ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့လေရာ ပြည်သူတို့ရင်ဝယ် နိုင်ငံ၏ အနာဂတ် ကံကြမ္မာအတွက် မျှော်လင့်ချက် မီးအိမ် လင်းထိန် စပြုခဲ့သည်။
မြန်မာ့အသွင် ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲမှုများ တစ်နှစ်တာ ကာလအတွင်း လွှတ်တော်သုံးရပ် အပြန်အလှန် ထိန်းညှိပြီး ပြည်သူ့အကျိုး အတွက် လိုအပ်သည့် ဥပဒေသစ်များ ပြဌာန်းခြင်း၊ ခေတ်နှင့် မလျော်ညီတော့သော ဥပဒေဟောင်းများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြန်အလှန်ထိန်းကျောင်း ရန် ရေးရာကော်မတီများက စောင့်ကြည့်ခြင်း၊ လေ့လြာားနာခြင်း၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းအား အဆုံးအဖြတ် ပေးခြင်းများပြုခဲ့သည်။ ချမှတ်ခဲ့သည့် အဆုံးအဖြတ်များ၊ မူဝါဒအပြောင်းအလဲများ၊ လက်တွေ့ လုပ်ဆောင်ချက်ကို လေ့လာလျှင် သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တို့၏ နိုင်ငံအပေါ် ထားရှိသော စေတနာကို တွေ့မြင်ရသည်။
အုပ်ချုပ်ရေးပိုင်းတွင် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအချို့လုပ်ပေးခဲ့ပြီး မလိုလားအပ်သော ဝန်ဆောင်မှု စရိတ်များ လျော့နည်းအောင် အထိုက်အလျောက် လုပ်ပေးနိုင်ခဲ့သည်။ ပြည်ပမှ ဝင်လာသော မြန်မာ့ လုပ်သားတို့၏ ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းကို လျှော့ပေါ့ပေးမှု၊ ပို့ကုန်ခွန်များ လျှော့ချမှု ပြုလုပ်ပေးခဲ့ပြီး အများပြည်သူ တို့အား မော်တော်ယာဉ် တင်သွင်းနိုင်ရန် မူချမှတ် ခွင့်ပြုပေးခဲ့သည်။ ပုဂ္ဂလိက ဘဏ်များသို့ အငှားဝယ်စနစ်ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့်ပြု သည့်အပြင် အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို သက်သာသော အတိုးနှုန်းဖြင့် ငွေချေးအသင်းများမှ တစ်ဆင့် ငွေထုတ် ချေးခြင်းများ ပြုနိုင်ခဲ့သည်။ ထို့ပြင် လုပ်ငန်းလိုင်စင်များ မြန်မြန်ကျရန် နှင့် တည်ငြိမ်သော နိုင်ငံခြားငွေလဲနှုန်း တစ်ရပ် ဖြစ်လာစေရန်၊ ဗဟိုဘဏ်ကို သီးခြား လွတ်လပ်ခွင့်ပေးရန်၊ နိုင်ငံခြား ငွေကြေးဈေးကွက် ဖွံ့ဖြိုးရန်၊ စက်မှုဇုန်များ အသစ်ထူထောင်ရန်၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံ မှုများ တိုးပွားလာရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရန်၊ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ တိုးမြှင့် ခံစားခွင့်ရရန် စသည့်လုပ်ငန်း အသီးသီးကို မူချမှတ် ဆောင်ရွက်ခဲ့သည်။
တရားစီရင်ရေးစနစ် ဖြောင့်မတ်ရန် အဂတိလိုက်စားသော တရားသူကြီးများအပေါ် အရေးယူသည့်ဥပဒေ၊ အဂတိလိုက်စားမှု ပပျောက်ရေးဥပဒေများ ပြဋ0x081ဌာန်းရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း ငြိမ်းချမ်းမှုရှိမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးနိုင်မည်ဖြစ်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးအခြေခံဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ‘၀’တပ်ဖွဲ့၊ ရှမ်း လက်နက်ကိုင်တပ်များ၊ ဒီကေဘီအေ၊ ကေအင်ယူတို့နှင့် အပစ်ရပ်ရန် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ရခိုင်၊ မွန်၊ ကရင်နီ၊ ပအိုဝ့်၊ ကချင်တိုင်းရင်း သား လက်နက်ကိုင်များနှင့်လည်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ဆွေးနွေးဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ဖူးငုံစ မျှော်လင့်ချက်အသစ်များ
ဤအတောအတွင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် အစိုးရသစ် အာဏာလွှဲပြောင်းရယူသည့် တစ်နှစ်ပြည့်ကာလ သမ0x081မတကြီးဦးသိန်းစိန် ၏နှစ်ပတ်လည် မိန့်ခွန်းတွင် အနာဂတ် မြန်မာ့ဒီမိုကရေစီရေး ပိုမိုပီပြင် ရန်နှင့် ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မလှည့်တမ်း ဆောင်ရွက် နေမှုများကို ကြားလိုက်ရသည့်အခါ သူ့အား ပိုမို ယုံကြည် အားကိုး လာသကဲ့သို့ နိုင်ငံသားအားလုံး၏ မျှော်လင့်ခြင်းမီးအိမ် ပိုမိုလင်းထိန် လာခဲ့သည်။
သမ္မတကြီး၏ မိန့်ခွန်းအရ ပြည်သူတို့အကြား စာပေလွတ်လပ်ခွင့်၊ အလုပ်သမား၊ လယ်သမားများနှင့် အခြား လူမှုအဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်ကို အာမခံချက်ပေးပြီး နိုင်ငံတကာကုမ္မပဏီများ၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှု လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းများ၊ စက်မှုဇုန်များ လာရောက် ဖွင့်လှစ် ကြတော့မည်။ ၂၀၁၂/၁၃ ခုနှစ်ဘတ်ဂျက်တွင် ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်တို့ကို တိုးမြှင့် လျာထား ပေးခဲ့သည်သာမက နိုင်ငံတကာ အဆင့်မီ ပညာရေးကို မြှင့်တင် ပေးတော့မည်ဖြစ်သည်။ မျှော်လင့်ချက်က အများအပြား၊ ဝမ်းသာစရာကလည်း တစ်ပုံတပင်။
မျှော်လင့်ခြင်းမီးအိမ်မှေးမှိန်လေမည်လား
ယနေ့ကာလသည် လွှတ်တော်နှစ်ရပ်အတွင်း ကိုယ်စားလှယ် လောင်းလစ်လပ်နေရာ ၄၅ခု အတွက် နိုင်ငံရေးပါတီများ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အကြိတ်အနယ် ကြိုးပမ်းနေဆဲ ကာလဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စသည်ဖြင့် ပါတီ ၁ရ ခု ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၄င်းတွင် ရှမ်း၊ လားဟူ၊ ကိုးကန့်၊ ပအိုဝ့်နှင့် မွန်ဟူသော တိုင်းရင်းသား ငါးပါတီလည်း ပါဝင်သည်။
အားလုံးက မိမိတို့ပါတီ အနိုင်ရရေးအတွက် မဲဆွယ်စည်းရုံး ရေးဆင်းနေကြသည်။ ပါတီအသီးသီး၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကိုအသီးသီးချပြစည်းရုံးရေးပြုကြသည်။ ပါတီတို့ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက0x081ကဋ0x081ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ အဖွဲ့ချုပ်၏အဓိက ရည်မှန်းချက်သုံးရပ်ကို ချပြစည်းရုံး သည်။ (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေးနှင့် (၃) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဖြစ်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟုဆိုရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ပြည်သူ့ ရွေးကောက်ခံမဟုတ်သည့် လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနေရာတွင် ရွေး ကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ အစားထိုးပြီး လွှတ်တော် ဖွဲ့စည်းရန်လည်းပါရှိသည်။ ထို့အပြင် အခိျု့မြို့နယ်များတွင် စည်းရုံး ရေးဆင်းရာ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် တပ်မတော်က လည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
၂၇-၃-၂၀၁၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့မိန့်ခွန်း၌ လွှတ်တော် တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန်ယူစောင့်ရှောက် ကာကွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ၄င်းကပင် ထိုင်း တပ်မတော် အကြီးအကဲများနှင့် ထိုင်းနိုင်ငံတွင် အလည်အပတ်ရောက်ရှိ ဆွေးနွေးခဲ့စဉ် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နောက်ကြောင်း ပြန်မလှည့်ဘဲ အောင်မြင်သည်အထိ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပါသည်။
ခေါင်းဆောင်နှစ်ဦး၏ပြောကြားချက်များကို နားထောင်ပြီး ကျွန်တော်တို့ပြည်သူများ အကြား ဇဝေဇဝါဖြစ်လာသည်။ ဒီမိုကရေစီ လမ်းကြောင်း တိမ်းစောင်းမည့်အရေး သို့လော သို့လောတွေးထင်ကာ စိတ်ပူစရာဖြစ်ပေါ်လာပါသည်။ မျှော်လင့်ခြင်း မီးအိမ်မှေးမှိန်တော့မည် လားဟုလည်း သောကရောက်ကြရသည်။
ဒီမိုကရေစီ သမိုင်းကြောင်း တစေ့တစောင်း
ဤနေရာတွင် ဒီမိုကရေစီရေး လမ်းကြောင်းမှ နောက်ပြန်မလှည့် ဘဲ ခရီးတွင်နိုင်ရန် ကမ0x081ဘာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွေ့ အကြုံများကို သင်ခန်းစာယူတတ်ဖို့ အရေးကြီးလာသည်။
နိုင်ငံတကာ ဒီမိုကရေစီရေး အပြောင်းအလဲကို လေ့လာလျှင် ၁၉၅၅ ခုနှစ်မှစတင်ပြီး ကမ0x081ဘာတစ်ဝန်း ၈၆ နိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲ ၁၁၅ ကြိမ်ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။ ၄င်း တို့အနက် ၂၆ နိုင်ငံတွင် တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်အစိုးရ များက ၄င်းတို့ပိတ်ပင်ထားခဲ့သော ဒီမိုကရေစီရေးလမ်းကြောင်းကို ဖွင့်ဟဖယ်ရှားပေးပြီး ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ကြိုးပမ်းခဲ့ သည်။ နိုင်ငံအခိျု့တွင် ဒီမိုကရေစီခရီးမပေါက်ဘဲ ဒီမိုကရေစီအစိုးရ တစ်လှည့်၊ အာဏာရှင်အစိုးရတစ်လှည့် ရှေ့တိုးနောက်ဆုတ်သွားနေ ခဲ့ကြသည်။ အောင်မြင်သည့်နိုင်ငံအနည်းငယ်သာရှိသည်။ ၂၆ နိုင်ငံ အနက် ပီရူး၊ ထိုင်း၊ ဘရာဇီး၊ ချီလီ၊ ဂွာတီမာလာ စသည့် ၁၃ နိုင်ငံ တွင် စစ်တပ်ကဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး နှစ် အနည်းငယ်ကြာအောင် ထိန်းကျောင်းပေးကာ ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းခဲ့ကြသည်။ အတွေ့အကြုံအရ စစ်အာဏာရှင်စနစ် ကတစ်ဆင့် ပြောင်းလဲလာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ပို၍ခက်ခဲ ကြန့်ကြာတတ်သည်။
လက်တင် အမေရိကနိုင်ငံဖြစ်သော ချီလီနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ပုံမှာ မြန်မာနိုင်ငံနှင့် အလွန်ဆင်တူပြီး စစ်ဘက်အုပ်ချုပ်ရေးမှ ဒီမို ကရေစီအသွင်ကူးပြောင်းစနိုင်ငံများအဖို့ အတုယူဖွယ်ကောင်းလောက် အောင် အလွန်အောင်မြင်သည်။ ချီလီ၌ ၁၉၈၉ ခုနှစ်တွင် အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးက အရပ်သားအစိုးရလက်သို့ အာဏာမလွှဲမီ နှစ်ဖက်ဆွေးနွေးရာ အာဏာလွှဲပြီးလျှင် တက်လာမည့်အစိုးရအဖွဲ့ သစ်တွင် စစ်တပ် ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုခဲ့သည်။ သဘော တူညီချက်အရ စစ်တပ်မှ ဝန်ကြီးရာထူးအခိျု့နှင့် အထက်လွှတ်တော် တွင် တပ်မှကိုယ်စားလှယ်နေရာအခိျု့ကို ခွင့်ပြုပေးခဲ့သည်။ ထို့ပြင် ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်ပြစ် မှုများကိုလည်း အရေးမယူရန် သဘောတူခဲ့သည်။ စစ်တပ်၏ထောက် ခံမှုမရလျှင် အချိန်မရွေး အာဏာသိမ်းခံရနိုင်သောကြောင့် စစ်တပ် ထောက်ခံမှုအပြည့်ရအောင် ကြိုးပမ်းခဲ့သည်။
ချီလီနိုင်ငံ အစိုးရသည် စစ်တပ်ကရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအခြေခံ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းဆောင် ရွက်ရင်း ကူးပြောင်းရေးကာလတွင် စစ်တပ်နှင့် အရပ်သားအကြား နားလည်မှုတိုးမြင့်လာစေရန် အပြန်အလှန် ယုံကြည်မှုတည်ဆောက် ကြသည်။ အပြန်အလှန် နားလည်မှုရှိလာသည်နှင့်အမျှ နှစ်ဖက်ယုံကြည်မှု၊ ဆက်ဆံမှုခိုင်မာလာသည်။ ၁ရ နှစ်ကြာမျှ စစ်တပ်၏သဘောထား၊ အယူအဆ၊ ခံယူချက်တို့ကို အရပ်ဘက်မှ ကိုယ်တိုင်သိရှိ သဘောပေါက် အောင်လေ့လာပြီး စစ်တပ်နှင့် အရပ်သားနှစ်ဖက်အကြား ယုံကြည်မှု၊ နားလည်မှုခိုင်မာအောင်တည်ဆောက် နိုင်ခဲ့သောကြောင့်လည်း ချီလီ တွင် ဒီမိုကရေစီခရီး ချောမွေ့လာခဲ့သည်။ နောက်ပြန်မလှည့်တမ်း ဒီမိုကရေစီခရီးလမ်း ရင့်ကျက်ခိုင်မာခဲ့သည်။
နောက်ပြန်မလှည့်ကြေး မဟာဗျုဟာနှင့် ချမှတ်ကျင့်သုံးသင့်သည့် နည်းဗျုဟာများ
အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင် ကူးပြောင်းပြီး ခိုင်မာရင့် ကျက်သော ဒီမိုကရေစီနိုင်ငံတစ်ရပ် ဖြစ်လာရေးအတွက် မရှိမဖြစ်လို အပ်သည်မှာ နောက်ပြန်လှိုင်း ရိုက်ခတ်ခြင်းမခံရဖို့ (တစ်နည်း) စစ် အာဏာသိမ်းခြင်း ထပ်မံမခံရဖို့ဘဲဖြစ်သည်။ ၄င်းသည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးသော မဟာဗျူဟာ ရည်မှန်းချက်တစ်ခုလည်း ဖြစ်သင့်သည်။ ယနေ့ ကျွန်တော်တို့ထံတွင် ‘နောက်ကြောင်း ပြန်မလှည့်စတမ်း’ ဟု အကြိမ်ကြိမ် ကြွေးကြော်ခဲ့ကြသည့် အားကိုး စရာသမ0x081မတကြီးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တို့ရှိနေကြပြီ။ သူတို့ နှစ်ဦး၏ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှု၊ စိတ်စေတနာ ကောင်းမှုတို့ကို ပြည်သူတိုင်း အသိအမှတ်ပြုကြသည်။ ကြားဖြတ် ရွေးကောက်ပွဲအပြီး မကြာမီကာလတွင် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော် တွင်းသို့ ရောက်လာနိုင်ဖွယ်ရှိသည်။ ဝန်ကြီးတစ်နေရာဖြင့် အစိုးရ အဖွဲ့တွင်လည်း ပါဝင်လာနိုင်သည်။ သူသည် ထက်မြက်သူ၊ ရဲဝံ့သူ၊ နိုင်ငံအတွက် အားလုံးကိုစွန့်လွှတ် အနစ်နာခံနိုင်သူ၊ နိုင်ငံတကာတွင် ဝင်ဆံ့ပြီး အောက်စ်ဖို့ဒ်တက0x081ကသိုလ်ကျောင်းထွက်။ နိုင်ငံရေးကျွမ်းကျင်မှုနှင့် ဒီမိုကရေစီရေး အတွေ့အကြုံတို့မှာ နိုင်ငံအတွက် အားတက်စရာ။ သူတို့သုံးယောက်ပေါင်းမိလျှင် ပြည်သူတို့ မျှော်မှန်းသော ဒီမိုကရေစီရေး ခရီးလမ်းပို၍ ပို၍ ချောမွေ့လာနိုင်သည်။
တစ်ခုတော့ရှိသည်။ အဲဒါက အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးပေပဲ။ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန် ခိုင်မာရန်လည်း အဓိကလိုအပ်သည်။ သံသယကို ဖျောက်ပြီး နားလည်မှုနှင့် ယုံကြည်မှုကို ထဲထဲဝင်ဝင် တည်ဆောက်ရန် ကာလပဲ ဖြစ်သည်။ ဤတွင် ရွေးကောက်ပွဲ ကြွေးကြော်သံသုံးရပ်အနက် တရားဥပဒေ စိုးမိုးရေးသည်လည်းကောင်း၊ ငြိမ်းချမ်းရေးသည်လည်း ကောင်း အချိန်အခါ နေရာဒေသနှင့် ကိုက်ညီ၍ လိုလားထောက်ခံကြရ ပါမည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကိုမူ အလေးအနက် စဉ်းစား သင့်သည်။ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သည်။ ခေတ်စနစ်နှင့် မဆီလျော်တော့သော အခြား ဥပဒေများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းပြုရန် အဆိုတင် ကြသည့်အခါ သူတို့က နိုင်ငံ့အကျိုးဟူသော အခြေခံဖြင့် ဝိုင်းဝန်း ထောက်ခံခြင်း၊ ငြင်းပယ် ကန့်ကွက်ခြင်းပြုသည်။ ယနေ့အထိ နိုင်ငံ အတွက် နစ်နာစရာ တစ်စုံတစ်ရာမကြားမမြင်ရသေး။ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို ယခုပြင်ဆင်မည်ဆိုလျှင် နှစ်ဖက်နားလည်မှု၊ ယုံကြည်မှု အတွက် အလားအလာမကောင်းပါ။ နောက်ပြန်လှိုင်း မရိုက်ခတ်ဟု လည်း အာမခံနိုင်ပြီလား။ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟုဆိုနိုင် သော်လည်း အချိန်အခါနှင့် နေရာဒေသကိုလည်း အလေးအနက်ထား စဉ်းစားရန်လိုပါသည်။ ဤကိစ္စ ယခုအချိန်တွင် မစဉ်းစားသင့်သေး ဟုမြင်သည်။
ဤတွင် နောက်ပြန်လှိုင်း ရိုက်ခတ်မခံရရေးနှင့် အဆင်ပြေ ချောမွေ့စွာ ဒီမိုကရေစီရင့်ကျက်ခိုင်မာလာရန် အောက်ပါနည်းဗျူဟာ များ ချမှတ်ကျင့်သုံးဖို့ လိုအပ်ပါသည်။
(၁) နိုင်ငံတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှုများ မပေါ်ပေါက်စေရန် အရင်းခံ အကြောင်းတရားများကို ရှာဖွေဖော်ထုတ် ၍ အသိတရားဖြင့် ကြိုတင်ကာကွယ်တားဆီးရန်၊
(၂) ပြည်တွင်း မတည်ငြိမ်မှု၊ ဆူပူမှုတို့အပြင် ပြည်တွင်းစစ်ကို အကြောင်းပြု၍ စစ်ဘက်က အာဏာသိမ်းခဲ့သော နိုင်ငံတကာအတွေ့ အကြုံများကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခိုင်အမာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းရန်၊
(၃) နိုင်ငံ့ စီးပွားရေးတောင့်တင်း ခိုင်မာလျှင် ဆင်းရဲနွမ်းပါးမှု၊ လူမှုရေး မကျေနပ်မှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆူပူမှုအထွေထွေ ကို တားဆီးနိုင်မည်ဖြစ်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ပြီး ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ရန်၊ ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ နည်းပညာ အဆင့်မြင့်မားရေး ကြိုးပမ်းရန်။
(၄) တစ်ပြိုင်နက်တည်းမှာပင် တရားဥပဒေစိုးမိုးရေး၊ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ကိုလည်း ဦးစားပေးလုပ်ဆောင်ရန်။
(၅) နိုင်ငံရေး အင်အားစု အားလုံးက ပါတီအတွင်းအပြင်၊ လွှတ်တော်အတွင်းအပြင်၌ ပုဂ္ဂိုလ်စွဲ ပါတီစွဲဆန်သော ညီညွတ်မှုကို ပျက်ပြားစေမည်ဖြစ်သော အပြောအဆို၊ အယူအဆ၊ လုပ်နည်း လုပ်ဟန်တို့ကို ပြုပြင်ရှောင်ရှားပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဦးတည်ရန် (အထူးသဖြင့် – ပါတီချင်းမတူ၊ အဖွဲ့အစည်းချင်း ကွဲပြားစေကာမူ နိုင်ငံနှင့် ပြည်သူ အမှန်တကယ် အကျိုးရှိမည်ဆိုပါက တစ်ဖက်ပုဂ္ဂိုလ်၏ ဆွေးနွေးတင်ပြချက်ကို အားလုံးထောက်ခံရန် ဝန်မလေးသင့်သလို၊ အကျိုးးပျက်စီးမှု ဖြစ်စေလျှင်လည်း အားလုံးက ကန့်ကွက်ရန် ဝန်မလေးသင့်ပါ။ ဤသို့သော သဘောထားကြီးမှုမျိုး ကို ပိုးထောင်ယူရပါမည်။ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ဟူသော ရည်ရွယ်ချက်တွင်တော့ အားလုံးတူညီကြဖို့လိုအပ်ပါသည်။
(၆) အရေးကြီးသော အချက်တစ်ရပ်မှာ ပုဂ္ဂိုလိကရေးဆည်းကပ်မှု၊ ခေါင်းဆောင်တစ်ဦးတည်းအပေါ် ယုံကြည် ကိုးစားလွန်းမှုသည် ထို ခေါင်းဆောင်အား သွယ်ဝိုက်သောနည်းဖြင့် အာဏာရှင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာအောင် တွန်းပို့နေသော သဘော သက်ရောက် သည်။ သို့ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဌာ အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များနှင့် အတွေ့အကြုံရင့်ကျက်သူ များက ခေါင်းဆောင်ကိုဝန်းရံကာ လမ်းမတိမ်းအောင် ထိန်းကျောင်း ကြဖို့လည်း လိုပါမည်။
(၇) ဒီမိုကရေစီ ရင့်ကျက်လာရေးအတွက် ဥပဒေပြုဏ္ကိုင်၊ အုပ်ချုပ်ရေးမဏ္ကိုင်နှင့် တရားစီရင်ရေးမဏ္ကိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းရန်၊
(၈) လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းနှင့် အခြေခံဥပဒေပါ ကိစ္စအချို့မှာ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော်လည်း ယနေ့အကူးအပြောင်း ကာလတွင် ယင်းထက်ပိုမိုအရေးကြီးသော တပ်မတော်၏ ထောက်ခံမှု အပြည့်အဝ ရရှိရေးအတွက် နှစ်ဖက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးကိုသာ အဓိကဦးစားပေးရန်၊ အခြေအနေပေးသော ကာလတစ်ခုထိ စောင့်ဆိုင်းပြီးမှ ပြုပြင်ရန်။
ဤသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် ဒီမို ကရေစီရေး မျှော်လင့်ချက်မီးအိမ် ပို၍ပို၍ ဝင်းထိန် တောက်ပလာမည် ဖြစ်ပါကြောင်း။
Ref:the voiceweekly

Monday, 02 April 2012 11:06
var addthis_product = ‘jlp-1.2’; var addthis_config = {username : ‘elevenmeida’, ui_language : ‘en’, ui_hide_embed : false, data_track_clickback : true}

7271b

မတ်လ ၃၁ ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မြင်ကွင်း

မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊ ပြည်သူများ ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းကို စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများ တောင်းဆို
မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း လေးလခန့် လျှပ်စစ်မီး ပြတ်တောက်မှု ရှိမည်ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး ပြည်သူများအနေဖြင့် ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းအား စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့ကြသည်။
“လျှပ်စစ်ပေးတာတော့ သိပ်နည်းတယ်။ အာဆီယံ ၁၀ နိုင်ငံမှာ လျှပ်စစ်က ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ လျှပ်စစ်လိုအပ်ချက်ကတော့ မြန်မာပြည်က သိပ်ကိုလိုပါတယ်။ လိုသော်လည်း လျှပ်စစ်လိုအပ်ချက်ကို တိုင်းပြည်အတွက်မသုံးဘဲ ရောင်းစားတာတော့ ကျွန်တော်မကြိုက်ဘူး။ ရေအားလျှပ်စစ်ထုတ်လုပ်မှုရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းအတွက် သုံးပါ။ ကျန်တာတော့ ကြိုက်တာလုပ်။ ပိုလို့ရောင်းတယ်၊ လုပ်ပါ။ ၂၅ ကတော့ ပြည်သူအတွက် သုံးပါ။ ဒါဟာ တရားတယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတိုးတက်အောင် လုပ်တာ သဘောတူရမယ်။ ဒါပေမယ့် တိုးတက်အောင် လုပ်တိုင်း သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုနည်းအောင် လုပ်ရမယ်။ ရောင်းတာကရောင်းပါ။ ပြည်သူလူထုအတွက် လည်းစဉ်းစားပါ။ ပြည်သူလူထုအတွက် အနည်းဆုံး ၂၅ ရာခိုင်နှုန်းသုံးပါ။ ကျန်တာတော့ ရောင်းချင်ရောင်း၊ စက်မှုလက်မှုစက်ရုံတွေ လုပ်ချင်လုပ်လို့ အကြံပြုပါတယ်”ဟု Freda ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။


အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။


“မြန်မာနိုင်ငံဟာ လျှပ်စစ်တွေ ထုတ်တောင်ရောင်းနေရတာ ဆိုတော့ ပိုလျှံလို့ ထုတ်ရောင်းနေတယ် ဆိုတာ ငြင်းလို့မရဘူးပေါ့။ ဒီလိုဖြစ်ပြီး ပြည်တွင်းမှာ မီးတွေ ခဏ ခဏပျက်နေတာကတော့ ရှက်စရာ ကောင်းပါတယ်။ လျှပ်စစ်အတွက် တောင်းသမျှ ၀န်ဆောင်ခကို ပေးနေရတဲ့ ပြည်သူတွေအတွက်တော့ ၀မ်းနည်းစရာ ကောင်းပါတယ်။ စားသုံးသူတွေဟာ မီတာထိန်းသိမ်းခတွေ ပေးရသလို၊ မီတာခတွေ တိုးတောင်းတိုင်းလည်း ပေးရတာပဲ။ မီတာခတွေ တိုးတောင်းတိုင်း မီးမှန်ပါ့မယ်ပြောနေပြီး မရတော့ အလိမ်ခံရသလို ဖြစ်နေတာပေါ့။ နိုင်ငံတကာမှာတော့ မီးဖြတ်တောက်မယ်ဆိုရင် တောင်းပန်ရတယ်။ ဒီမှာတော့ ဒီမိုကရေစီလို့ ပြောနေပြီး အဲဒီလို တောင်းပန်တာမျိုးလည်း မတွေ့ရဘူး။ သဘာဝဓာတ်ငွေ့တွေဟာ နိုင်ငံတကာမှာ အရင်တုန်းက ရောင်းကုန်မဟုတ်ဘူး။ အခု က ပြည်တွင်းဖူလုံမှ ပြည်ပကို ရောင်းနိုင်တယ်ဆိုပြီး ရောင်းကုန်ဖြစ်လာတာပါ။ မြန်မာနိုင်ငံက ရောင်းနေတယ်ဆိုတော့ စွမ်းအင်တွေ ပိုလျှံနေတယ်လို့ ယူဆနိုင်တယ်။ အခုလို မီးတွေမရတော့ အစိုးရအနေနဲ့ဖြေရှင်းသင့်တယ်”ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားခဲ့သည်။

7271a

ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်တစ်ခု

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျ မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ a,b,c သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅ နာရီကနေ ၁၁ နာရီ အထိနှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁ နာရီအထိ နှစ်အုပ်စု၊ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ နှစ်အုပ်စုကို အလှည့်ကျ မီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက် ( ၂၄ နာရီ)မှာ မီး ၆ နာရီလာ၊ ၆နာ ရီပြန်ပျက်၊ ၆ နာရီပြန်လာ၊ ၆ နာရီ ပြန်ပျက်တဲ့ စနစ်မျိုး ဖြစ်မှာပါ။ ၂၄ နာရီလျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံရုံး၊ ရဲ စခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံ တွေစတဲ့ အရေးကြီးနေရာတွေ ပါပါ မယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်း ခွဲပြီးမီးပေးပါမယ်။ မနက် ၆ နာရီ က ၁၁ နာရီတစ်ပိုင်း၊ ၁၁ နာရီက ညနေ ၄ နာရီတစ်ပိုင်း ခွဲပြီးပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့် ကျ မီးပေးစနစ်ကို ခန့်မှန်းခြေ ဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးဝေမှုကို ၂၀၀၉ ခုနှစ်အတွင်းက ဒီဇင်ဘာလမှ ၂၀၁၀ ပြည့်နှစ်ဇွန်လအထိ လည်းကောင်း၊ ၂၀၀၈ ခုနှစ်အတွင်းက ၂၀၀၈ ခုနှစ်နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ လည်းကောင်း၊ ၂၀၀၇ ခုနှစ်ခုနှစ်အတွင်းက ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ဇွန်လအထိလည်းကောင်း အသီးသီးကျင့်သုံးခဲ့ကြောင်း သိရှိရသည်။
သို့သော်၂၀၁၀ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလများတွင် ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက် များကို ၂၄ နာရီမီးပေးကာ အလှည့်ကျမီးပေးစနစ်ကို ပြန်လည်စတင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့ အတွက် လျှပ်စစ်မီးပေးဝေမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ရုံမှရရှိသော လျှပ်စစ်ဓာတ်အားများနှင့် မဟာဓာတ်အား လိုင်း (National Grip) မှ ဓာတ်အားများကို ရယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

7271

ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု လုပ်ငန်းခွင်တစ်နေရာ

“လက်ရှိရန်ကုန်မှာ အလှည့်ကျ မီးပေးတာထက် အပြည့်အ၀ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရန်ကုန် ရဲ့ လျှပ်စစ်မီးလိုအပ်ချက်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ အထူးသဖြင့် ရန်ကုန်မှာ မီးမလာရင် ဘာမှလုပ်မရတော့ဘူး။ ရေတောင်ချိုးလို့ မရတော့ဘူး။ ထမင်းလည်း ချက်မရတော့ဘူး။ အထပ်မြင့်တိုက်တွေနဲ့ ပြွတ်သိပ်ကြပ်နေတဲ့ နေရာတွေမှာ ပန်ကာ၊ အဲယားကွန်းမရှိရင် လူတွေ မနေနိုင်ကြတော့ဘူး။ အဲဒီအတွက် မီးအပြည့်အ၀ရဖို့ လိုတယ်။ နောက်တစ်ခု က ဘဏ်လုပ်ငန်းတွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ လိုင်စင်လုပ်ငန်းတွေမှာ e-banking ၊e-government စနစ်တွေနဲ့ ဆောင်ရွက်နေချိန်မှာ လျှပ်စစ်မီး မရှိရင် အပြည့်အ၀မရရင် လုပ်ငန်းတွေအားလုံး အလုပ်မဖြစ်တော့ဘူး။ ဒီတော့ ရန်ကုန်အတွက်က မီးအပြည့်အ၀ ရဖို့လိုတယ်”ဟု လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဓာတ်အား စနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏ မှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်သည်ဟုသိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်ချက် ပမာဏမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအနက် အများဆုံးဖြစ် ကာ လိုအပ်ချက်ပမာဏမှာ ၆၆၆ ဒသမ ၇၈ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရသည်။


အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်


“ဒီမိုကရေစီခေတ်လို့သာ ပြောတယ်။ ၀န်ကြီးဌာနတွေနဲ့ တော်တော်များများမှာ အခုထက်ထိ ဒီမိုကရေစီ အနှစ်သာရကို မတွေ့နိုင်သေးဘူး။ ဒီကိစ္စမျိုးက တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ မီးကိစ္စက ကြိုတင် plan ရှိရမယ်။ ကြိုတင်ကြေညာရမယ်။ ဘာကြောင့်ပျက်တယ် ဆိုတာပြောရမယ်။ ဘယ်လို အခြေအနေကြောင့် ဒီလိုတစ်နှစ်ကို လေးလလောက် ဖြတ်ပစ်မယ်ဆိုတာ ပြောရမယ်။ အခုတော့ ဘာတစ်ခုမှ မပြောဘဲနဲ့ မီးကိုလေးလအထိ ဖြတ်မယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ ၀န်ကြီးဌာနတစ်ခု အနေနဲ့ ပြည်သူလူထုနဲ့ အများကြီးဆိုင်တဲ့ကိစ္စကို ဒီလိုမလုပ်သင့်ဘူး။ အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။ အခုနိုင်ငံတကာ image ဘယ်လောက် ထိခိုက်တယ်၊ တိုင်းပြည်စီးပွားရေး ဘယ်လောက်နစ်နာ စေတယ် ဆိုတာကို တွက်ချက်ကြည့်ပါဦး။ အရင် အစိုးရလိုပဲ ဖြတ်လိုက်ပြီဟေ့၊ မလာတော့ဘူးဟေ့။ ဒီလိုပြောလို့ မရနိုင်ဘူး။ အချိတ်အဆက်တွေက အများကြီးရှိတယ်။ ကွင်းဆက်တွေက အများကြီးရှိတယ်။ ဒီတစ်နှစ်ကို လေးလမီးပြတ်တဲ့ ကိစ္စဟာ အရင်တုန်းကလို ယူဆလို့မရဘူး။ တိုင်းပြည်အတွက် Impact တော်တော်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးတဲ့သူတွေကြောင့် ကောင်းတဲ့သူတွေကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမဝေဖန်ချင်ပါဘူး။ အဓိက တာဝန်ရှိတဲ့ သူတွေအနေနဲ့ လူကြီးလူကောင်း ပီပီသသ ကိုယ့်တာဝန်ကိုယ် ယူပေးကြရင် ဒီမိုကရေစီစနစ် အတွက် အစဉ်အလာကောင်း ဖြစ်သွားပါလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း လေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ်အတွင်း သုံးခု၊ ၂၀၁၅ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း သုံးခုတို့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းအရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ်စက်တပ်ဆင်အားမှာ စုစုပေါင်း ၄၆၀၀၀ မဂ္ဂါဝပ်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်များမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအရင်းအမြစ်များ ကို အခြေခံ၍ စီမံကိန်းများ အကောင်အထည်ဖော်နိုင်သည့် အရေအတွက် မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်း စသည့် ရေအားလျှပ်စစ် စီမံကိန်းများအား တည်ဆောက်နေကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နောက်ဆုံး ကြားလိုက်တာ ဟတ်ကြီးရေကာတာက ၉၀ ရာခိုင်နှုန်းကို ထိုင်းကို ရောင်းမယ်ပေါ့။ ၁၀ ရာခိုင်နှုန်းက ဘာမှန်းမသိသေးဘူး။ ထိုင်းကို ရောင်းမယ်ပဲ သိသေးတယ်။ ၁၀ ရာခိုင်နှုန်း ကျန်တာလည်း လာအိုကို ရောင်းလိုက်တယ် ဆိုပါစို့။ ဒီမှာ တစ်ခုမှရမှာ မဟုတ်ဘူး။ အဲဒီလို ကမောက်ကမ ဖြစ်နေတာကတော့ တော်တော်လေးကို များနေပြီ။ တိုင်းပြည် ထူထောင်ရေး အတွက်၊ ရှေ့ကိုကောင်းတဲ့ စီမံကိန်းကြီးတွေ လုပ်ဖို့အတွက် အရင်တုန်းက ပျက်ခဲ့တာတွေကို ပြန်ပြင်နေရတာနဲ့ နိုင်ငံပြန်လည် ထူထောင်ရေးမှာ အများကြီးနစ်နာတယ်လို့ မြင်တယ်။ ဖြစ်သင့်တာကတော့ ဘာပဲပြောပြော ဒီနိုင်ငံရဲ့ အရင်းအမြစ်တွေ အားလုံးက ဒီနိုင်ငံ က ခံစားရမှာပေါ့။ ပိုမှရောင်းရမှာ ပေါ့။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမယ်။ နိုင်ငံခြားငွေလည်း ရလိုမှုအတွက် ဒါလည်းလိုတာပဲ တိုင်းပြည်က။ ပြည်သူလူထု ကိုပဲ ပေးပြီးတော့ အခွန်အတုပ်မရှိရင်လည်း မဖြစ်ဘူး။ ဒါပေမယ့် ဒီလောက် များများစားစားကြီး ထုတ်ပြီးတော့ အမှောင်ချထားမယ်။ အငတ်ထားမယ်ဆိုလည်း မဟုတ်သေးဘူး။ အရင်တုန်းက ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလို့ ထင်တာပဲ။ အခုနိုင်ငံတော်ရဲ့ သဘာဝသယံဇာတ ကို နိုင်ငံတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဖွဲ့စည်းပုံထဲမှာ ပါလာပြီ။ ဖွဲ့စည်းပုံအရ ရပိုင်ခွင့်တွေကို သေချာလေ့လာပြီး ရပိုင်ခွင့်တွေကို ရအောင်ယူရမယ်။ နိုင်ငံ ရဲ့ယိုပေါက်တွေ၊ ပြည်သူတွေ မခံစားရတဲ့ကိစ္စတွေကို ရအောင်ပြန်ယူရမယ်”ဟု MBNS ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပါသည်။


ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါ..


မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်းမှာ သဘာဝ သယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများရှိရာ ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကိုရီးယားနိုင်ငံဒေ၀ူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ အစုရှယ်ယာရှင်များနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် လျှပ်စစ်မီး အခက်အခဲကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပြီး စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း မီတာခမြင့်မားစွာ ကောက်ခံသည့်ဒဏ်ကို အများပြည်သူ ခံစားနေရကြောင်း၊ လမ်းမီးခများနှင့် မီတာထိန်းသိမ်း စောင့်ရှောက်ခများကို ထည့်သွင်း ကောက်ခံလာသည့် အပြင် တစ်ယူနစ်လျှင် ကျပ် ၄၅၀ ဖြင့် ကောက်ခံနေသည်ဟု သိရသည်။
လက်ရှိ လျှပ်စစ်မီးဖြန့်ဖြူးနေရာတွင် ရခိုင်ပြည်နယ်၏ မြို့အားလုံးတွင် တစ်အိမ်ထောင်လျှင် တစ်လ လျှပ်စစ် ၁၀ ယူနစ်စာအား အိမ်သုံးတစ်ယူနစ် ကျပ် ၃၅ နှုန်း၊ စီးပွား ရေးသုံး ကျပ် ၇၅ နှုန်းဖြင့် သုံးစွဲခွင့်ရပြီး ၁၀ ယူနစ်အထက် သုံးစွဲလျှင် အပိုတစ်ယူနစ်အတွက် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ မြို့နယ်အလိုက် မတူကွဲပြားစွာ ပေးရကြောင်းလည်း သိရှိရပါသည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်း သာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိ ကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ရေမြေ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံ အချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝ ဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝဓာတ်ငွေ့ အပါအ၀င် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံစွမ်းအင် သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ တင်ပိုမှု့ အများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ကျပ်သန်း ၁ သောင်း ၅ ထောင် ကျော် အထိ နိုင်ငံခြားငွေ အများဆုံး ရရှိလာသည့် ပို့ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အလားတူ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မော်ကြီးကျေးရွာမှ ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင် ဘန်အီတောင် ဒေသအထိ သွယ်တန်းသွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ကနဦးတစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅သန်းခန့်ကို တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံး အတွက် ပို့လွှတ်သွားမည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှရရှိသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်း စည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ် ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။ထိုင်းနိုင်ငံသို့ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များ တွင် စတင် တင်ပို့ရောင်းချခဲ့ကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ်ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၄ လက်မပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၆၀ ခန့် နေ့စဉ်ပေးပို့ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီအက်ဖ် ခန့်ရှိကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုက်လိုင်း သွယ်တန်းလျက် ရှိကြောင်း၊ ထို့အတူ ရတနာ သဘာဝဓာတ်ငွေ့သိုက် အနီးတွင် စိန်နှင့်ပတ္တမြား သဘာဝ ဓာတ်ငွေ့သိုက်များကို ထပ်မံတွေ့ရှိထားပြီး ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ဖြင့် ပေါင်းစည်းထုတ်ယူနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေများသည် မုတ္တမကွေ့အနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံသို့ပင် တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှာလည်း မုတ္တမကမ်းလွန်ဒေသတွင် တည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေ များမှာ ရခိုင်ကမ်းလွန်တွင် တည်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချမည့် အဆိုပါဓာတ်ငွေ့မြေများမှ ပိုက်လိုင်းများ သွယ်တန်းရာတွင် တရုတ်နိုင်ငံသို့ ၄၀ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၂၈ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“အခုလျှပ်စစ် ကိစ္စလိုမျိုးဖြစ်တာ က တကယ်မပေးနိုင်တဲ့ အခြေအနေဖြစ်လို့ ဆိုတာ ယုံကြည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စွမ်းအင် အရင်းအမြစ်တွေကို ထုတ်ရောင်းစားလို့ ဖြစ်လာတာပါ။ ရောင်းထားတယ် ဆိုတာကလည်း အခုလိုမျိုး ဖြစ်မှန်းမသိခဲ့လို့ လုပ်ထားတာလို့ ယူဆပါတယ်။ ကိုယ့်အရင်းအမြစ်က ထုတ်လုပ်တဲ့ ပမာဏကို ကိုယ်တောင် အပြည့်အ၀ မသုံးနိုင်ဘူး။ ရောင်းထားတာကလည်း တစ်ပိုင်း။ ကျန်တဲ့ပမာဏကိုလည်း ပြည်တွင်းမှာ အပြည့်အ၀ မသုံးနိုင်ဘူးဖြစ်နေတယ်။ ဓာတ်ကြိုးတို့ ထရန်စဖော်မာတို့လို အခြေခံ အဆောက်အဦးပိုင်းတောင် ပြည့်ဝအောင် မလုပ်နိုင်ဘူး။ ဒါတွေက Mismanagement ဖြစ်လို့ Planning ပိုင်းအားနည်းလို့ဖြစ်တာ။ အဲဒီတော့ အရည်အသွေး မပြည့်ဝဘူး။ ဒါပေမယ့် နောက်ပိုင်း ဒီလိုမျိုး မရတော့ဘူး။ ဥပမာ-ရခိုင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို သူတို့ဆီက တစ်ဆင့် တရုတ်ကို ဓာတ်ငွေ့ပိုက်လိုင်းသွယ်ပြီး ရောင်းမယ် ပြောတယ်။ နောက်တော့ လွှတ်တော်အမတ်တွေ ပြောတာနဲ့ အခုရခိုင်က တချို့တစ်ဝက်သုံးလို့ ရဖို့ဖြစ်လာတယ်။ နဂိုကတည်းက ဒီလိုမျိုး ထည့်စဉ်းစားသင့်တယ်။ တိုင်းပြည်က မချမ်းသာပေမယ့် ကိုယ့်အတွက်ကို ထည့်စဉ်းစားသင့်တယ်။ အခု ရန်ကုန်မြို့တော်ကြီးတောင် ဒီလိုဖြစ်လာတယ် ဆိုတာ မဖြစ်သင့်ဘူး။ အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်။ အဲဒီတော့ စီမံကိန်း တော်တော်များများ ကမှန်းထားသလို ထင်ထားသလို ဖြစ်မလာဘူး။ စီးပွားရေးအရ ကြည့်ရင်လည်း ညံ့ဖျင်းတဲ့ရလဒ်တွေဖြစ်လာ တယ်။ အဲဒီတော့ အခုနောက်ပိုင်းမှာ မှန်ကန်အောင် တွေးနိုင်ဖို့အောက်က လူတွေက မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့လိုသလို Decision Maker တွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် ကြိုးစားသင့်ပါတယ်”ဟု ပါမောက္ခ ဒေါ်ရီရီမြင့်က သုံးသပ်ပါသည်။
“ကျွန်တော်တို့ လှိုင်သာယာ စက်မှုဇုန်မှာက မတ်လဆန်းလောက် ကစပြီး လျှပ်စစ်မီးပေးချိန်က နှစ်နာရီပျက် နှစ်နာရီလာစနစ်နဲ့ ဖြစ်နေပါတယ်။ မနှစ်တုန်းကဆို အလှည့်ကျ ပျက်ပေမယ့် ဇုန်အလိုက်ခွဲပြီး မနက် ၈ နာရီကနေ ညနေ ၃ နာရီ အထိပေးခဲ့တော့ ခံသာသေးတယ်။ အခုက နှစ်နာရီပျက် နှစ်နာရီလာဆို တော့ ထုတ်လုပ်မှုအပိုင်းမှာ အပျက်အစီး အများကြီးကြုံရတယ်။ မီးစက်နဲ့မောင်းရတော့ အကုန်အကျ ပိုများပေမယ့် တစ်ဖက်မှာကျတော့ ဈေးတင်လို့မရပါဘူး။ တစ်နေ့ကို မီးစက်မောင်းတာ ဆီတစ်ပေပါကုန်တယ်။ ဟိုတလောက သတင်းစာထဲမှာ မိန့်ခွန်းတစ်ခု ဖတ်လိုက်ရတယ်။ မြန်မာလုပ်ငန်းရှင်တွေက နည်းပညာ အခက်အခဲကြောင့် တရုတ်ထုတ်ကုန်တွေ လောက်ဈေးမလျှော့နိုင်ဘူးလို့ ပြောတယ်။ နည်းပညာ အခက်အခဲထက် အခုလို အခက်အခဲပေါင်းစုံနဲ့ ကြုံရ တာတွေ စက်မှုဇုန်မြေကွက်ဈေးတွေ အဆမတန် တက်နေတာတွေကြောင့် ဒီစက်မှုဇုန်လုပ်ငန်းတွေက ဘယ်လိုလုပ်ပြီး ဖွံ့ဖြိုးလာနိုင်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်တွေ ရောင်းစားနေတာ ကိုယ့်ပြည်တွင်းမှာ ဖူလုံ မှ ပိုလျှံမှသာ ရောင်းစားသင့်တယ်။ ကိုယ့်ပြည်တွင်းမှာ လျှပ်စစ်မီးဖူလုံတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ပြောတာတွေက ရွှန်းရွှန်းဝေ နေပေမယ့် တကယ့်လက်တွေ့မှာ အရင်ပုံစံပဲ ဘာမှမပြောင်းလဲဘူး”ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောပါသည်။
“ ခွဲမယ်စိတ်မယ်ဆို ရင် စက်ကိရိယာတွေ သုံးရတဲ့အတွက် မီးမလာရင် လုပ်လို့မရဘူး။ ၂၄ နာရီ စောင့်ကြည့်ရမယ့် လူနာတွေ၊ အချိန် မရွေးထဖောက်နိုင်တဲ့ လူနာတွေ၊ အောက်ဆီဂျင် ပေးထားရတဲ့ လူနာတွေဆိုရင် မီးမရှိလို့မရဘူး။ ဓာတ်ခွဲခန်းတွေ ဆိုတာကလည်း မီးရှိမှရတာ။ ရန်ကုန်မြို့က ဆေးရုံကြီးတွေမှာက မီးပျက်သွားရင်လည်း အရန်အနေနဲ့ မီးစက်တွေ၊ Generator တွေ အသုံးပြုလို့ရပေမယ့် နယ်တွေမှာဆိုရင် ဒီလိုစက်တွေရှိတာ တော်တော် နည်းပါတယ်။ ခွဲစိတ်နေတဲ့အချိန် မီးပျက်သွားလို့ ချက်ချင်းမလုပ်နိုင်ရင် လူနာအတွက် အန္တရာယ်ရှိပါတယ်။ အများပြည်သူအတွက် အသုံးပြုနေတဲ့ နေရာတွေကိုတော့ ပြည့်ပြည့်၀၀ ပေးစေချင်ပါတယ်။ မြန်မာနိုင်ငံက သူများနိုင်ငံတွေလို လျှပ်စစ်ကို ၀ယ်သုံးရတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဆေးရုံတွေမှ မဟုတ်ပါဘူး။ စက်ရုံအလုပ်ရုံ တွေကအစ လူနေအိမ်တွေအဆုံး လူတိုင်းလိုအပ်နေတာပါ။ မြန်မာနိုင်ငံ မှာ တချို့လျှပ်စစ်မရသေးတဲ့ နေရာတွေ၊ လျှပ်စစ်တစ်ယူနစ်ကို ဈေးကြီးပေးပြီး သုံးနေရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒီလိုနေရာတွေအတွက် ဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးစေချင်ပါတယ်”ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာအောင်လွင်က ပြောပြခဲ့သည်။“သံလွင်မြစ်ပေါ်မှာ ဆောက်မယ့် ဟတ်ကြီးရေအားလျှပ်စစ်ကို ထိုင်းနိုင်ငံကို ရောင်းမယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ မြစ်ဆုံကဟာလည်း တရုတ်ကိုရောင်းထားတယ်။ ကျွန်တော်တို့နိုင်ငံမှာ ထွက်သမျှ လျှပ်စစ်တွေကို သူများနိုင်ငံ မီးလင်းဖို့အတွက် ရောင်းစားနေပြီး အခု ကျွန်တော်တို့နိုင်ငံမှာ ကျတော့ မီးပျက်နေတယ်။ မီးမလာလို့ ရေမရှိကြဘူး။ ဒါတောင် မြို့ပေါ်မှာနေလို့ မီး မြင်ရတာ။ နယ်တွေ သွားကြည့်ပါလား မီးမရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဒါတွေကို သူတို့တွေ မသိတာလား မသိချင်ယောင်ဆောင် နေတာလား သူတို့ပဲသိပါတယ်။ ကိုယ့်နိုင်ငံကပိုလျှံလို့ သူများကိုပေးတယ်ဆိုရင် ကြားကောင်းသေးတယ်။ အခု ကကိုယ့်နိုင်ငံမှာ ဒီလောက် လိုအပ်နေတဲ့နေရာတွေ အများကြီးရှိနေရဲ့သားနဲ့ သူများကိုရောင်းစားတော့ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ။ အမှောင်ထဲမှာ နေရုံပဲ ရှိတော့တာပေါ့။ ပြည်သူတွေဘက်ကိုလည်း နည်းနည်းလောက် ပြန်ကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်”ဟု ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတစ်ခုမှ ဦးဝင်းနိုင်က ဆိုပါသည်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေကြောင်း သိရှိရသည်။
ယင်းစာရင်းဇယားများအရ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၃ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် ပထမနေရာ၌ ဦးဆောင်နေကာ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆၁ ခု လာရောက်ရင်းနှီးမြှုပ် နှံထားပြီး စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာ ၉၅၆၈ ဒသမ ၀၉၃သန်း ဖြင့် ဒုတိယနေရာနှင့် ဟောင်ကောင်မှ ကုမ္ပဏီပေါင်း ၃၈ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏ ၆၃၀၈ ဒသမ ၄၉၅ သန်း ရှိကြောင်း သိရှိရသည်။
လတ်တလော အခြေအနေတွင် ရင်းနှီးမြုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြုပ်နှံသည့် နယ်ပယ်များကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် အများဆုံး ဖြစ်နေပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၇၂၀ သန်းဖြင့် ပထမ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ ၁၃၈၁၅ ဒသမ ၃၇၅ ဖြင့် ဒုတိယ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် စုစုပေါင်းပမာဏ ၂၇၉၄ ဒသမ ၄၆၃ ဖြင့် တတိယ စသည်ဖြင့် အသီးသီးရှိနေကြောင်း သိရသည်။
“လျှပ်စစ်မီးတွေ အလှည့်ကျပျက်တဲ့ အချိန်ဟာ FDI စီးဝင်ဖို့ စီးပွားရေး ဖွံ့ဖြိုးဖို့၊ စက်မှုဖွံ့ဖြိုးဖို့ အာဆီယံ အိမ်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် နိုင်ငံပုံရိပ်ကို ထိခိုက်စေတာကတော့ သေချာတာပေါ့။ အရင်တုန်းက စက်မှုလုပ်ငန်းရှင်တွေက လျှပ်စစ်မီးမရတဲ့ ကိစ္စကို အိုးအိမ်နဲ့ တစ်လျှောက်လုံး ပြောလာခဲ့ရတာ အခုလိုအချိန်မှာက အားလုံး နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ၊ စက်မှုလက်မှု အရပါ အားယူပြီး အင်နဲ့အားနဲ့ လုပ်ရမယ့်အချိန်မှာ အလှည့်ကျ မီးပေးတဲ့စနစ်က သေချာပေါက် ထိခိုက်နစ်နာတယ်။ လျှပ်စစ်မီးမှာ နည်းပညာပိုင်းက ကြည့်ရင် Supply Management နဲ့ Demand Management ဆိုတာရှိတယ်။ လျှပ်စစ်မီးမရတာ၊ ထုတ်လုပ်မှု မလောက်လို့ ဆိုတာမျိုး တစ်ခုတည်း မဟုတ်ဘူး။ ရတာကို စီမံခန့်ခွဲနိုင်ဖို့လည်း အရေးကြီးပါတယ်”ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြုပ်နှံမှု တိုးတက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ သန်း ၄၀၀၀၀ ကျော်ရှိကာ လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု ၄၆ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ တွင် ၃၄ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင် နှုန်း ပါဝင်နေပြီး အခြားထုတ်လုပ်မှု ၀န်ဆောင်မှုကဏ္ဍတွင် နည်းနေသေးကြောင်း သိရှိရသည်။
“အဓိက က ကျွန်တော်တို့ နိုင်ငံမှာလိုနေတာ Policy ကြီးသုံးခု ခိုင်ခိုင်မာမာ၊ ညီညီညွတ်ညွတ်ပေါ်ဖို့ လိုတယ်။ (၁)က စီးပွားရေးပေါ်လစီ၊ (၂)က ပတ်ဝန်းကျင်ရေးရာ ပေါ်လစီ၊ (၃)က စွမ်းအင်ပေါ်လစီ၊ ဒီသုံးခု အခြေခိုင်ဖို့ လိုတယ်။ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ရေးရာကို လွှမ်းမိုးနေတာက စွမ်းအင်မူဝါဒက လွှမ်းမိုးနေတာ။ စွမ်းအင်မူဝါဒမှာ လက်ရှိက ၀န်ကြီးဌာနလေးခုက တစ်ပြိုင်နက် ကိုယ်ကောင်းမယ် ထင်တာ ကိုယ်လုပ်နေတာ။ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒဆိုတာ ပေါ်မလာသေးဘူး။ ဒါပေါ်မလာသေးတော့ ကောင်းနိုးရာရာ လုပ်တဲ့အခါ လစ်ဟာနေတာတွေ၊ တစ်ခါတလေမှာ အပြိုင်သဘောမျိုး တစ်ဖက်နဲ့ တစ်ဖက်ပြိုင်ဆိုင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့ သာမန်ဝန်ကြီးဌာန တစ်ခုတည်းက လုပ်လို့ရတဲ့ ကိစ္စမျိုးလည်းမဟုတ်ဘူး။ နိုင်ငံတော်သမ္မတကအစ ဦးဆောင်ပြီးတော့ ဒါကို ညှိနှိုင်းဆောင်ရွက်ဖို့က လိုတယ်။ သို့ သော်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လုပ်ရမယ့်ဟာက များနေတော့ ဒီကိစ္စကို မသိလို့ မလုပ်တာတော့ မဟုတ်ဘူးလို့ ထင်တယ်။ အချိန် အတိုင်းအတာတစ်ခုမှာ ဆက်လက် ဆောင်ရွက်မယ်လို့ ထင်တယ်။
အခုဟာက သန့်စင်စွမ်းအင် သုံးဖို့ဆိုတာ တအားလိုသွားပြီ။ သန့်စင်စွမ်းအင်သုံးဖို့ လိုတဲ့အချိန်မှာ ကျွန်တော်တို့က ရှိနေတဲ့မြစ်တွေကို လျှပ်စစ်ထုတ်ပြီး သူများကို ရောင်းစားတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်မီးသွေး စက်ရုံတွေနဲ့ မီးစက်တွေ လည်မယ်ဆိုတော့ ဒါကြီးဟာ နိုင်ငံတကာ က သွားနေတဲပုံစံနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ အခုရှိနေတဲ့ လူတွေအတွက်ရော နောက်ရှိလာမယ့်လူတွေ အတွက်ရော စဉ်းစားပြီး ကြိုတင်ပြင်ဆင်နိုင်မှ တော်ကာကျမယ်။ နည်းပညာအသစ်တွေလည်း လိုမယ်။ ဥပမာ ဆိုလာစွမ်းအင် တင်မကဘဲ တခြားစွမ်းအင်တွေရော ရရှိဖို့အတွက် သုတေသန ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံမှု လိုတယ်။ လောလောလတ်လတ် မြင်တာကတော့ ရှိတဲ့ရေအားလျှပ်စစ်ကို အကောင်းဆုံးဖြစ်အောင် သုံးပေါ့။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်သုံး။ လိုအပ်ချက် မရသေးရင် နောက်ထပ် စွမ်းအင်အသစ်တွေ ဖော်ထုတ်ရဦးမှာပဲ။ အဲဒီအတွက်လည်း စီးပွားရေး ကောင်းဖို့လိုတယ်။ သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာဘာကြောင့်လာပြီး ရင်းနှီးမြုပ်နှံရမှာလဲ။ လက်ရှိမှာ နိုင်ငံတကာ ကုမ္မဏီတွေက ကြည့်တာက ပတ်ဝန်းကျင်ရေးရာ အမြတ်ထုတ်ရုံလောက် သက်သက်ပဲ”ဟု Eco Dev မှ ဦးဝင်းမျိုးသူက ဆိုပါသည်။
“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ် ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထုကပိုပြီး မကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီမီးစက်သံတွေ ကြားရဖန်များတော့ လူက ရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာတွေကို ပြောကြပါ။ လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက် ရပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီးပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ရောင်းချရတာက ဘယ်လိုဘယ်လို။ တကယ်တန်း လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ်တွေရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ်ဖွင့်လို့တောင် မရတော့ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားခဲ့သည်။
“ကျွန်တော်လည်း စဉ်းစားမရဘူး။ မနှစ်ကလည်း အခုလို အလှည့်ကျမဟုတ်ဘဲ ပေးလို့ရတယ်။ ပေးလည်း ပေးခဲ့တယ်။ အဲဒါကို အခုကျမှ ရုတ်ခြည်းပြောင်းသွားပြီး အလှည့်ကျ ဆိုတာ ဖြစ်လာတယ်။ စောစောပိုင်း က အဲလိုလုပ်လိမ့်မယ်လို့ ဘာသတင်းအစအနမှတောင် မရခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကြားဖြတ်ရွေးကောက်ပွဲ ကာလနဲ့ တိုက်နေချိန်မှာ အလှည့်ကျ မီးပေးစနစ် ပြန်လုပ်မယ် ဆိုတော့ ဘာရည်ရွယ်ချက်လဲဆိုတာ စဉ်းစားတယ်။ တွေးခေါ်ကြည့်တယ်။ ဒေါသဖြစ်စရာပဲ တွေ့လာတယ်။ ပေးလို့ရတဲ့နည်းတွေရှိပါတယ်။ ပေးလည်းပေးနိုင်ခဲ့တာပဲ။ အဲဒါကို မပေးနိုင်ဘူးဆိုတော့ လူထုကို ဒုက္ခပေးချင်တာလား။ ဒုက္ခတွေ ဆက်ပေးနေတာလား။ လူထုက အဲဒီလောက်အထိ စဉ်းစားပြီး ဒေါသထွက် လာတယ်။ အမှန်တကယ်ပဲ။ လူထုမှာ ဖောင်စီးရင်း ရေငတ်ဖြစ်နေတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ဆိုပါသည်။
“မီးအလုံအလောက် မပေးနိုင်ဘူးဆိုတာကို အကြောင်းအမျိုးမျိုး ပြနေတော့ မယုံချင်တော့ဘူး။ တော်ကြာ မိုးကြောင့်၊ မိုးရွာလို့၊ ရေကြီးလို့၊ ရေမရှိလို့ဆိုပြီး အကြောင်းတွေ ပြနေတာ ပျင်းရိခြင်းခြောက်ပါး လိုပဲ။ ရှေ့စကားနဲ့ နောက်စကားတွေက ဘယ်တော့မှမညီဘူး။ အခုခေတ်က အရင်ကလို ပြည်သူတွေက ငြိမ်ခံနေတဲ့ခေတ် မဟုတ်တော့ပါဘူး။ သူတို့မှာလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အမြင်တွေရှိပါတယ်။ စကတည်း က မပေးနိုင်ဘူးဆိုရင်လည်း ဘာကြောင့် မပေးနိုင်သလဲဆိုတာကို လက်ခံလောက်တဲ့အထိ ပြောပေါ့။ ပြီးပြီးရော ပြောတာမျိုးတွေ မလိုချင်ဘူး။ ကိုယ့်ဖာသာ အသိစိတ်နဲ့ မလုပ်နိုင်ဘူး ဆိုတာသိရင် ထွက်ရမှာပဲ။ ကိုယ့်တာဝန်ကိုယ် ယူရမှာပဲ။ ကိုယ့်တာဝန်ကိုယ်ယူနိုင်မှ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်မယ်။ တာဝန်ယူမှု မရှိဘူးဆိုရင်တော့ ထွက်လိုက်ပါ။ ပြည်သူက လုပ်နိုင်တဲ့သူကို ပြန်ခန့်ပါလိမ့်မယ်”ဟု သတင်းစာဆရာ ဦးကိုကိုကြီး(ကြေးမုံ)က ပြောဆိုခဲ့ပါသည်။
“ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါဦး။ နိုင်ငံတော် သမ္မတကြီးနဲ့ ဒုတိယသမ္မတ၊ လျှပ်စစ်ဝန်ကြီးတွေ ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအနေအထားကို စာနာပေးစေချင်ပါတယ်။ နိုင်ငံတကာမှာတော့ စွမ်းအင်ဝန်ကြီးဌာနပဲ ရှိပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန မရှိပါဘူး။ ဟိုဘက်ခြမ်းတွေ မှာ လင်းထိန်နေတာကို အမှောင်ထဲက ကြည့်နေရတာမျိုး နယ်ခြားဒသတွေမှာ ခံစားနေရပါတယ်။ စွမ်းအင် ရင်းမြစ်တွေရောင်းလို့ ကြွယ်ဝချမ်းသာတဲ့သူတွေ ကြွယ်ဝ ချမ်းသာကြပေမယ့် ပြည်သူတွေကတော့ ဆင်းရဲနေတုန်းပါပဲ။ ဆင်းရဲချမ်းသာ ကွာဟချက် ပိုပိုများလာပါတယ်။ ကျွန်တော်တို့နဲ့အတူ အမှောင်ထဲမှာ လာနေပြီး ပြည်သူတွေကို စာနာပေးကြပါဦး”ဟု Weekly Eleven News Jou rnal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့တင်ပို့နိုင်မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)

ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၂၉၄၇ .၃၀

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။ သံတွဲမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိ။
၂။ စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းထုတ်လွှတ်နိုင်မည်။
အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။ အမ်းမြို့အထက်ပိုင်း အရှေ့မြောက်ဘက် ၃ ဒသမ ၅ မိုင်အကွာတွင်ရှိ။
၂။ ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ကာ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်နေခြင်းဖြစ်။
၃။ ၂၀၁၁ ဇူလိုင်လကုန်အထိ စီမံကိန်းတစ်ခုလုံး၏ ၁၅ ဒသမ ၂၈ ရာခိုင်နှုန်းပြီးစီး။
၎။ စီမံကိန်းမှ တစ်နှစ်လျှင် ပျှမ်းမျှကီလိုဝပ်နာရီ ၄၄ သန်း ထုတ်လွှတ်နိုင်မည်။
လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း
၁။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်မည်ဖြစ်။
၂။ တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီနှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်။
၃။ လေးမြို့မြစ်စီမံကိန်း ၆၀၀ မဂ္ဂါဝပ်နှင့် လေးမြို့ (၂)စီမံကိန်း ၉၀ မဂ္ဂါဝပ်တည်ဆောက်မည် ဖြစ်။ လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၄၁၁၅ အထိထုတ် လုပ်နိုင်မည်ဖြစ်။
စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း
၁။ ဘူးသီးတောင်မြို့၏အရှေ့ဘက် ၁၀ မိုင်အကွာတွင်ရှိ။
၂။ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတောဒေသများသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်မည်ဖြစ်။

စဉ် အမျိုးအစား ခွင့်ပြုထားသည့် လုပ်ငန်း အရေအတွက် ခွင့်ပြုပမာဏ ရာခိုင်နှုန်း
စွမ်းအင် ၅ ခု ၁၈၈၇၃ ဒသမ ၇၂၀ ၄၆ ဒသမ ၆၈
ရေနံနှင့်သဘာဝဓာတ်ငွေ့ ၁၀၄ ခု ၁၃၈၁၅ ဒသမ ၃၇၅ ၃၄ ဒသမ ၁၇
သတ္တုတူးဖော်ရေး ၆၄ ခု ၂၇၉၄ ဒသမ ၄၆၃ ၆ ဒသမ ၉၁
ထုတ်လုပ်မှုလုပ်ငန်း ၁၆၄ ခု ၁၇၆၀ ဒသမ ၇၀၁ ၄ ဒသမ ၃၅
ဟိုတယ်နှင့် ခရီးသွားလာရေး ၄၅ ခု ၁၀၆၄ ဒသမ ၈၁၁ ၂ ဒသမ ၆၃
အိမ်ခြံမြေ ၁၉ ခု ၁၀၅၆ ဒသမ ၄၅၃ ၂ ဒသမ ၆၁
သားငါးကဏ္ဍ ၂၅ ခု ၃၂၄ ဒသမ ၃၅၈ ၀ ဒသမ ၈၀
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ၁၆ ခု ၃၁၃ ဒသမ ၉၀၆ ၀ ဒသမ ၇၈
စက်မှုဇုန် ၃ ခု ၁၉၃ ဒသမ ၁၁၃ ၀ ဒသမ ၄၈
၁၀ စိုက်ပျိုးရေး ၇ ခု ၁၇၃ ဒသမ ၁၀၁ ၀ ဒသမ ၄၃
၁၁ ဆောက်လုပ်ရေး ၂ ခု ၃၇ ဒသမ ၇၆၇ ၀ ဒသမ ၀၉
၁၂ အခြား ၆ ခု ၂၃ ဒသမ ၆၈၆ ၀ ဒသမ ၀၆

ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း

ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့် ရာခိုင်နှုန်း
DAEWOO ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
OVL ၁၇ ရာခိုင်နှုန်း
GAIL ၈.၅ ရာခိုင်နှုန်း
KOGAS ၈.၅ ရာခိုင်နှုန်း

ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL ၃၁.၂၄ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
UNOCAL ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP ၂၅ .၅၀ ရာခိုင်နှုန်း

ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PETRONAS ၄၀ .၇၅ ရာခိုင်နှုန်း
MOGE ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP ၁၉ .၄၀ ရာခိုင်နှုန်း

Ref;Weeklyeleven

 

From : ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာ့ စီးပွားရေး အ၀န်းအ၀ိုင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြဌာန်းချက် အမှတ်၎ ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့သတင်းဟ လှုပ်လှုပ်ရှားရှား ရှိတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မီရီလ် ကာရာဆူလူ Meral Karasulu (Deputy Division Chief’,Asia and Pacific Department ,International Monetary Fund) ခေါင်းဆောင်ပြီး ၂၀၁၂ခုနစ်၊ ဇန်န၀ါရီလ၊ ၉ရက်နေ့ကနေ ၂၅ရက်နေ့အထိ လာရောက်ခဲ့ရမှာ ခရီးစဉ်အပြီး ဇန်န၀ါရီလ ၂၅ရက်နေ့ နေ့စွဲနဲ့ ကျေညာချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ရက်နေ့၊ နေ့လည် ၃နာရီအချိန်၊ ရန်ကင်း ဘဏ်သင်တန်းကျောင်းမှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပထမဆုံး သဘာပတိရဲ့ နိဂုံးချုပ် မိန့်ခွန်းကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဦးမြင့်က “အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့မျိုးက မြန်မာနိုင်ငံအပေါ် အခုလို အပြုသဘော ရှုမြင်တာ ကြားသိရတဲ့အတွက် ကျေနပ်စရာလို့ မြင်ပါတယ်။”

အဖွဲ့ခေါင်းဆောင်ရဲ့ တင်ပြဆွေးနွေးချက်တွေထဲက ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု၊ အားလုံး သက်ဆိုင် အကျုံးဝင်တဲ့ စီးပွားရေး တိုးတက်မှု၊ ရရှိဖို့အတွက်၊ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နဲ့ စရပါမယ်။ အခုလဲ ဖလှယ်နှုန်း တစ်မျိုးထဲ ဖြစ်ဖို့၊ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်တွေကို ပယ်ဖျက်ဖို့ စတင်လုပ်နေတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အသိအမှတ်ပြုပါတယ်။

၂၀၁၁-၁၂ ဘဏာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်ဝင်ငွေ ၅.၅ရာခိုင်နှုန်း တက်ပြီး ၂၀၁၂-၁၃မှာတေ့ ၆ရာခိုင်နှုန်းအထိ တက်မယ်။ ချေးငွေတွေ တိုးပွားတာရယ်၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာတာရယ်ကြောင့် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ငွေဖောင်းပွမှုနှုန်းက ၂၀၁၁-၁၂မှ ၄.၂ရာခိုင်နှုန်း ရှိရာက နောင်နှစ်မှာ ၅.၈ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်လင့်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဈေးကျတာ ရပ်ပြီလို့ တွက်ပါတယ်။

၂၀၀၉-၁၀ ဘဏာရေးနှစ် အဆုံးကတည်းက မြန်မာကျပ်ငွေဟာ ၃၂ရာခိုင်နှုန်း အထိ တန်ဖိုး တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားက ငွေကြေး အမြောက်အများ ၀င်လာပြီး ပြန်ထွက်ဖို့ကျတော့ အချုပ်အချယ်၊ အတားအဆီးတွေ ရှိနေလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

တကယ်တော့ ၂၀၀၈ခုနစ် ကမ္ဘာ ဘဏာရေးအကြပ်အတည်းဟာ မြန်မာနိုင်ငံကို အနည်းငယ်သာ ထိခိုက်မှု ရှိစေခဲ့သလို ဒေသတွင်းမှာ ၀ယ်လိုအား ကျဆင်းတာဟာ မြန်မာနိုင်ငံကို အနည်းငယ်ပဲ ထိခိုက်နိုင်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်း တန်ဖိုး ဆက်တက်နေရင် မြန်မာပို့ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

တစ်ဖက်မှတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာ ပုဂ္ဂလိကကဏ ချေးငွေတွေ တိုးလာတာ နိုင်ငံခြားငွေနဲ့ အချုပ်အချယ်တွေ ဖယ်ရှားပြီး ဖလှယ်နှုန်းတစ်ခုတည်း ဖြစ်အောင် လုပ်ပေးမယ် ဆိုရင်တော့ တိုးတက်မှု ရနိုင်ပါတယ်တဲ့။
အလွန်တရာ ရှုပ်ထွေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ဖို့ကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ပို့ကုန်ပထမ (Export first) မူဝါဒကိုလဲ ပယ်ဖျက်ရပါမယ်။

တချို့ကန့်သတ်ချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ပါတယ်။ ဥပမာ ဘယ်စာရင်းနဲ့ပဲဖြစ်ဖြစ် သွင်းကုန်တင်သွင်းခွင့်ပြုတာ၊ သွင်းကုန်လိုင်စင် လွယ်အောင် လုပ်ပေးတာ၊ နိုင်ငံခြားငွေလဲကောင်တတွေမှ လဲခွင့်ရအောင် လုပ်ပေးတာမျိုးတွေပါ။
တကယ်တော့ ငွေလဲလှယ်နှုန်း တစ်မျိုးတည်း ဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေ အားလုံး တိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ချမှတ်ပေးရပါမယ်။
မကြာမီက ဘဏ်အတိုးနှုန်းတွေ ချပေးခဲ့တာကို ကြိုဆိုပေမယ့် ထပ်ချနိုင်မယ် မထင်ပါဘူး။ ထပ်ချရင် ဘဏ်မှာ မစုကြတေ့ဘဲ အိမ်ယာမြေလို ဈေးကစားနိုင်တဲ့ နေရတွေ ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ရင် အတိုးထပ်မချဘဲ ပုဂ္ဂလိကအတွက် အဟန့်အတားတွေ ဖယ်ပေးဖို့၊ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးဖို့အတွက် အကြံပေးတာ တွေ့ရပါတယ်။

အတိုးနှုန်းကို ဈေးကွက်က သတ်မှတ်တဲ့နှုန်း ဖြစ်စေဖို့၊ ငွေတိုက်စာချုပ်တွေလို လက်လီ လက်ကား တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ တိုက်တွန်းထားတာကိုလဲ တွေ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေက အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းကြပေါ့။
၂၀၁၂-၁၃ ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးကမယ့် ကိစ္စဟာ အသုံးစရိတ် ဦးစားပေးပုံ ပြန်လည် သတ်မှတ်ဖို့နဲ့ မြင်သာထင်သာဖို့ အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ပါ။ အရင်နှစ်က လိုငွေထက် ၁ရာခိုင်နှုန်း လျော့လို့ လိုငွေ ၄.၆ရာခိုင်နှုန်း ရှိနိုင်တဲ့ကြားက ပညာရေးနဲ့ ကျန်းမာရေးအတွက် တိုးသုံးဖို့ အစိုးရရဲ့ အစီအစဉ်ကိုလဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုဆိုပါတယ်။ ငွေလဲလှယ်နှုန်း ပြောင်းဖို့ ကြိုးစားနေတဲ့အချိန်မှ ဥာဏ်ပညာရှိတဲ့ ဘဏာရေးမူဝါဒတွေနဲ့ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းဟာ သွင်းကုန်ကို အားကိုးနေရတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ ဘယ်လောက် အရှုံးပြနေသလဲဆိုတကို ပေါ်လွင်သွားစေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဇောတိက ရေနံစီမံကိန်းက ဓါတ်ငွေ့တွေ ထွက်လာရင် ဘဏာရေးအခြေအနေ ကောင်းလာနိုင်ပါတယ်။ ရလာတဲ့ ၀င်ငွေတွေကို လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သုံးနိုင်ပါတယ်။

မြန်မာနိုင်ငံ သိသိသာသာ တိုးတက်ဖို့ အတွက်က ဘဏာတော် အရင်းအမြစ်တွေ ထပ်မံရရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေက ရတာ မဟုတ်၊ တခြား အရင်းအမြစ်တွေက ရမှသာ ဈေးအတက်အကျကြောင့် တန်ဖိုးအတက်အကျတွေဖြစ်၊ ကုန်ခမ်းသွားတော့ အရင်းအမြစ် မရှိတာမျိုးတွေကို ရှောင်ရှားနိုင်ပါမယ်။

ဘဏာငွေ တိုးပွားအောင် လုပ်ရာမှာ ဆင်းရဲသားတွေကို ကကွယ်စောင့်ရှောက်ဖို့အတွက် သွယ်ဝိုက်အခွန်ထက် တိုက်ရိုက်အခွန်ကို ဦးစားပေး ကောက်ရပါမယ်။ အခု မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အခွန်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီး အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဖို့နဲ့ အခွန်ရှောင်တာ လျော့ဖို့လဲ တိုက်တွန်းထားပါတယ်။
နိုင်ငံပိုင်လုပ်ငန်းတွေကို ထောက်ပံ့တာ တဖြည်းဖြည်းချင်း လျော့ချဖို့၊ ဒီလိုနဲ့ ထိခိုက်အလွယ်ဆုံး ဆင်းရဲသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြံပြုထားပြီး ပုဂ္ဂလိကပိုင်အဖြစ် ထပ်မံအသွင်ပြောင်းဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန် လည်ပတ်ရေးတို့ဟာ ပုဂ္ဂလိကက ဦးဆောင်တဲ့ တိုးတက်မှုကို ရရှိရေးအတွက် အခြေခံကျပါတယ်လို့ ဆိုပါတယ်။

ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖို့ဆိုရင် ဘဏ်စနစ်ကို ခေတ်မီတိုးတက်အောင် လုပ်ရမှာပါ။ အပ်ငွေနဲ့ အရင်းအချိုး သတ်မှတ်ထားတာ တဖြည်းဖြည်းချင်း လျော့ချပြီး အပေါင်ထားရမှာ သီးနှံအပါအ၀င် အမျိုးအမည်တွေ တိုးချဲ့ဖို့လဲ အကြံပြုထားပါတယ်။ ကျေးလက်ဒေသတွေမှာ ဘဏ်ကွန်ယက်တွေ၊ ဘဏ်ခွဲတွေ တိုးချဲ့ဖို့လဲ တိုက်တွန်းထားပါတယ်။ ဘဏ်အချင်းချင်း ဈေးနှုန်းပြိုင် (အတိုးနှုန်းပြိုင်)ပြီး ပြိုင်ဆိုင်မှုကို အားပေးစေချင်တယ်။ အပ်ငွေပေါ် အတိုးပေးတာကို လွတ်လွတ်လပ်လပ် သတ်မှတ်ခွင့်ပြုပြီးတဲ့နောက်မှာ ချေးငွေတွေ အပေါ် ကိုယ့်ဘဏ်နဲ့ ကိုယ် သတ်မှတ်စေချင်တယ်။ နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်လဲ တန်းတူ သဘောထားရမယ်။ စည်းကမ်းထိန်းချုပ်ရာ၊ ကြီးကြပ်ရာမှာ အတူတူပဲ ဆက်ဆံရမယ်။ ဒါမှ ပြိုင်ဆိုင်မှုတွေ မြင့်မားလာမယ်လို့ ဆိုပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ နိုင်ငံခြား ငွေဖလှယ်နှုန်း အဖြစ် ပြောင်းရာမှာ ဘဏ်တွေကို ထိန်းချုပ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ အရေးကြီးပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပြုရင် နည်းပညာ လွှဲပြောင်းရယူမှု မြန်ဆန်ပြီး ၂၀၁၅မှာ အာဆီယံ ဘဏ်လုပ်ငန်းတွေ ပေါင်းစည်းဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်မယ်။

စိုက်ပျိုးရေးကဏမှာ ထုတ်လုပ်မှု စွမ်းအားမြင့်မားဖို့နဲ့ လူနေမှုဘ၀ မြင့်မားဖို့ ချေးငွေတွေ ပိုပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ ချေးစေချင်ပါတယ်။ လယ်မြေလို အပေါင်ထားပြီး ငွေချေးသင့်တယ်။ ဒါပေမယ့် ချေးငွေတစ်ခုတည်းနဲ့ ကျေးလက်ဒေသ တိုးတက်ပြီး ဆင်းရဲလျော့ကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတွေ အပါအ၀င် ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုသုံးဖို့ အကြံပြုထားပါတယ်။

ပြင်ပ အလွတ်ဈေးကွက်မှ လုပ်ဆောင်နေတာတွေ လျော့ချဖို့နဲ့ ဈေးနှုန်းကျဆင်းစေဖို့ ဓါတ်ဆီနဲ့ စားသုံးဆီဈေးကွက်မှာ လုပ်သလို ပြိုင်ဆိုင်မှု တိုးလာတာကို ထောက်ခံအားပေးထားပါတယ်။ လိုင်စင်ထုတ်ပေးတာ မြင်သာထင်သာ ရှိစေချင်ပါတယ်။
စွမ်းအင်ကဏမှာလိုပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏတွေမှာလဲ ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးစေချင်တယ်။ ပစ္စည်းအမယ် တစ်ခု၊ နှစ်ခုကိုပဲ အားကိုးနေရတဲ့ ဘ၀ကနေ ပို့ကုန်အမယ်တွေ များလာစေချင်တယ်။

နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ ဖယ်ရှားပေးရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေဟာ လမ်းပန်းဆက်သွယ်ရေးတွေ ချို့တဲ့နေတာကို အဆင်ပြေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တိုးပွားစေနိုင်တယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်အာင် ကြိုးစားအားထုတ်ရမယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ လျော့အောင် လုပ်နိုင်ရင် အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ပေါ်ပေါက်ရှင်သန်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုခဲ့ပါတယ်။

Myanmar Express

Next Page »