နိုင်ငံခြား



Ko Sol May 7,12
Jet Star Asia မှ Special promotion အဖြစ် စင်္ကာပူ – ရန်ကုန် – စင်္ကာပူ ခရီးစဉ်ကို အောက်ပါ အသွား အပြန်ရက်များအတွက် ခရီးသည် (၂) ဦးအတွက် လေဆိပ်ခွန်အပြီးအစီး S$375  သာကျသင့် ပါသည်။ ခရီးသည် (၁) ဦးလျှင် ကီလို(၂၀)သယ်ယူခွင့်ရရှိပါမည်။ မေလ (၉) ရက် နေ့အထိသာ ရောင်းချမည် ဖြစ်ပါသည်။ အမြန်ဝယ်ထားနိုင်မှခုံအတွက် စိတ်ချရပါမည်။
စင်္ကာပူ မှ ရန်ကုန် သို့
စက်တင်ဘာ ၁၂၊ ၁၄၊ ၁၃၊ ၁၅၊ ၁၉၊ ၂၁၊ ၂၂၊ ၂၆၊ ၂၈၊ ၂၉
အောက်တိုဘာ ၃၊ ၅၊ ၆၊ ၁၂၊ ၁၇၊ ၁၉၊ ၂၄၊ ၂၆
ရန်ကုန် မှ စင်္ကာပူ သို
စက်တင်ဘာ ၂၁၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈၊ ၂၉၊
အောက်တိုဘာ ၁၊ ၃၊ ၅၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၃၊ ၁၅၊ ၁၇၊ ၁၉၊ ၂၀၊ ၂၂၊ ၂၄၊၂၆၊ ၃၁
နိုဝင်ဘာ ၂၊ ၃၊ ၅၊ ၇
Terms & Conditions
၁။ လေယာဉ်အချိန်နှင့် ရက်သည်လေကြောင်းလိုင်းပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။
၂။ ဝယ်ယူပြီး လက်မှတ်အတွက် လုံးဝ ငွေပြန်မအမ်းပါ။
၃။ Promotion အရောင်းအတွက် ထိုင်ခုံကြိုတင် ယူခွင့်မရှိပါ။
၎။ အသွားအပြန် (၂) ကြောင်းလုံး အတွက် ဝယ်ယူထားသော ခရီးသည် (၂) ဦး အတူခရီးသွားရမည်ဖြစ်သည်။
၅။ ဝယ်ယူပြီးလက်မှတ်အတွက် ခရီးစဉ် နှင့် ခရီးသည် အမည် အပြောင်းအလဲ လုံးဝ လုပ်ခွင့်မရှိပါ။
၆။ အခြားစည်းမျဉ်းစည်းကမ်း များ အကြုံးဝင်သည်။
      ဖော်ပြပါ Jetstar Pormotion အတွက် ခရီးသည်ကိုယ်တိုင် online မှ Credit/Debit Card များဖြင့်သော်လည်းကောင်း၊ (Jetstar သို့ ဝန်ဆောင်ခ ခရီးသည်တစ်ဦးလျှင်S$18 ပေးရသည်) offline payment ဖြစ်သည့် SAM Machine မှသော်လည်းကောင်း (ဝန်ဆောင်ခပေးရန်မလို) ကိုယ်တိုင် လက်မှတ်ဝယ်ယူနိုင်ပါသည်။
     ဖော်ပြပါ နည်းလမ်းများဖြင့် မဝယ်ယူလိုပါက မိမိခရီးသွားလိုသည့် ရက် SIN-YGN နှင့် YGN-SIN ရက်အတိအကျ၊ ခရီးသည်အမည်များ(inEnglish)၊ခရီးသည်၏ မွေးနေ့တို့ကိုပေးပို့ပြီးဘဏ်ငွေလွှဲစနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။
      လက်မှတ်ကို e-mail မှ (သို့မဟုတ်) စာတိုက်မှ (သို့မဟုတ်) ကိုယ်တိုင်ယူစနစ် ဖြင့် ယူဆောင်နိုင်ပါသည်။ ၂ဦးစာအသွားအပြန်လက်မှတ်အတွက် S$375 သာကျသင့်ပါသည်။မေးမြန်းလိုပါက   modern_sol15@live.com.sg သို့ e-mail ပို့နိုင်ပါသည်။

နောက်ဆက်တွဲသတင်း-

Ko Sol-May10,12
Singapore – Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
            စင်္ကာပူ နဲ့ ရန်ကုန်မြို့ကြား အသွားအလာများနေတာနဲ့ အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့် ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ် အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
           အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူး လို့ ထင်တာပါပဲ။ JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ စင်္ကာပူလာလာ၊ စင်္ကာပူ က နေရန်ကုန်ပဲ သွားသွား အနိုမ့်ဆုံးဈေး (၂) ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။ တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက် အလွန်သက်သာတယ်လို့ပြောရမှာပါပဲ။ 
        (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့အခါမှာတော့ JetStar က Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှဦးပဲသွားသွား ရန်ကုန်- စင်္ကာပူ၊ စင်္ကာပူ-ရန်ကုန် လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့ ထပ်ပြီး ဈေးချ လိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့ ရန်ကုန် -မန်းလေး လေပျံ လက်မှတ်တွေ၊ ရန်ကုန် – ဘန်ကောက်လေပျံလက်မှတ်တွေ ထက်တောင်သက်သာ သွားပါတယ်။ သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။ သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာ လေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင် မျှဝေပေးလိုက်ပါတယ်။ ခရီးသွားရမယ့် ရက်ကတော့သြဂုတ်လ (၈) ရက်နေ့နဲ့ နိုဝင်ဘာလ (၇) ရက်ကြားဖြစ်ရမှာဖြစ်ပြီး Promotion ပြီးတဲ့ရက်ကတော့ မေလ ၁၄ ရက်နေ မနက် ၁၀ နာရီပါတဲ့။

         တစ်ခုလေး သတိထားရမှာက Online ပေါ်မှာ ထိုင်ခုံရွေးမလား မေးရင် မရွေးပို့နဲ့၊ တကယ်လို့များ credit/debit (Master/Visa/Diners) ကဒ်များနဲ့ပေးမယ်ဆိုရင် ခရီးသည်တစ်ဦးကို S$18 ထပ်ပေးရမှာပါ။ မပေးချင်ဘူးဆိုရင်တော့ Singpost ကပေးနိုင်မယ့် Function ကိုရွေးပြီး SAM Machine ကနေသွားပေးရင် ဝန်ဆောင်ခထပ်ပေးစရာမလိုပါဘူး။
Ref:Myanmarinsingapore

Advertisements

ဧပြီလ၂၃ ရက်နေ့က မြန်မာသံရုံးရှေ့တွင် အခွန်ပေးဆောင်ရန်အတွက် တန်းစီ( Photo- Khin Kayalah Soe )
မြန်မာသံရုံး Website:http://www.mesingapore.org.sg/index.html

(၁)နိုင်ငံခြားငွေဖြင့် ပေးဆာင်ရသည့် ၀င်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုခြင်း
 ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြေားငွဖြင့်ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြေားငွ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်သည်။ အသေးစိတ်ကို အောက်ပါ Link တွင် Download ရယူနိုင်သည်။
Download Detail

(၂)ကောင်စစ်ကိစ္စအတွက် Online မှရက်ချိန်းရယူနိုင်ပြီ
မြန်မာသံရုံး(စင်ကာပူ)တွင် ၀င်ေငွခွန်ေပေးဆာင် ခြင်း ၊ နိုင်ငံကူးလက်မှတ် အသစ်လဲလှယ် ခြင်း ၊ ထောက်ခံစာအမျိုးမိုးတောင်းခံ ခြင်းနှင့် အခြားကောင်စစ်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ရက်ချိန်းရယူရန် သံရုံးသို့ ကိုယ်တိုင်လောရာက်ရန် မလိုအပ်ေတာ့ဘဲ Online မှတဆင့် ရက်ချိန်းရယူနိုင်ပြီ ဖြစ်သည်။ (သံရုံးတွင် Q နံပါတ်များ လုံးဝ ထုတ်ေပးမည်မဟုတ်ပါ) အေသးစိတ်လမ်းညွှန်ချက်ကို အောက်ပါ Link တွင် Download ရယူနိုင်သည်။
Download Instruction

(၃)အသိပေးကြော်ငြာချက် (၇-၃-၂၀၁၂)
– နိုင်ငံကူးလက်မှတ်များကို သက်တမ်းမကုန်ဆုံးမီ (၆)လ ကြိုတင်၍ လဲလှယ်ရန်
– (WP,SP,EP,PR) ကဒ်ပြားများ သက်တမ်း မကုန်ဆုံးမီ (၂)လ ကြိုတင်၍ နိုင်ငံကူး လက်မှတ် 
   များအသစ်လဲလှယ်ရန်
– အကယ်၍ သက်တမ်းကုန်ဆုံးချိန်နီးမှ အကြောင်း အမျိုးမျိုးပြလျက် သံရုံး၌ အခွန်ဆောင်ရွက် ပေးရန်
   တင်ပြလာခဲ့ပါက ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းကြိုတင် အသေိပးအပ်ပါသည်။

စင်ကာပူနိုင်ငံ မြန်မာသံရုံး (Pls share this note if you think it is not fair )
by Ei Chaw Sanon Thursday, April 26, 2012 at 9:21am – pnsjapan.org ကူးယူဖော်ပြသည်
မြန်မာ မီဒီယာ အသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိ မြန်မာအမှုထမ်း အရာထမ်းများရှင့် ကျွန်မ စင်ကာပူနိုင်ငံ တွင်ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုး အများစုကြုံတွေ့နေရတဲ့ ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်း မရှိတဲ့ စင်ကာပူနိုင်ငံ မြန်မာသံရုံးအကြောင်း ပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်း မေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူ ဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကို ဖျက်ကာ သံရုံးကို ကိုယ်တိုင် သွားရပါတယ်။ သို့သော် ကောင်းမွန်ပျူငှါသော ဆက်ဆံရေးကိုမူ မည်သည့်အခါမျှ မျှော်လင့်၍မရနိုင်ပါ။
လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်ကသံရုံးဖုန်း?…



ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံမှာ လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွားတွေ အတွက် အွန်လိုင်းကနေ ဗီဇာလျှောက် ထားနိုင်အောင် Website ၂ခုကို စတင်စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို အွန်လိုင်းမှ တစ်ဆင့် visa လျှောက်ထားနိုင်ဖို့အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနကနေ www.myanmarevisa.gov.mm နဲ့ www.myanmarevisa.com စတဲ့ Website (၂)ခုကို စတင်စမ်းသပ် ဆောင်ရွက်လျက်ရှိ တာဖြစ်ပါတယ်။ အဆိုပါ e-visa စနစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည်ေ ဖာ် ဆောင်ရွက် ပါက ပြည်ပခရီးသွားတွေဟာ အွန်လိုင်းမှ တစ်ဆင့် visa လျှောက်ထားမှုကို အလွယ်တကူဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စမ်းသပ်နေတဲ့ Website (၂)ခုမှ အဆင်ပြေ မယ့် Websiteတစ်ခုကိုဝန်ကြီးဌာနမှ ထပ်မံကြော်ငြာပေး မှာဖြစ်ပြီ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ပြည်ပ ခရီးသွားတွေဟာ အဆိုပါ Website မှ e-visa ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Updated : 23 Jan, 2012-MRTV4


(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။

အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းကောင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Population Size and Growth in Singapore from 1980 to 2010
(www.singstat.gov.sg/pubn/popn/c2010acr/key_demographic_trends.pdf )

မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။

၎င်းကို ပိုပြီးထင်သာမြင်သာရှိစေရန် ရာခိုင်နှုံးဖြင့် ပြန်ပြောင်းလျှင် အောက်ပါဇယားအတိုင်းရပါသည်။

စင်ကာပူတွင် လာရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ဦးရေ (ရာခိုင်နှုံး)

ဤဇယားကို ကြည့်ခြင်းဖြင့် စင်ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါသည်။ ၁၉၈၀ ခုနှစ်များက စင်ကာပူနိုင်ငံတွင် ပီအာအပါအ၀င် နိုင်ငံခြားသားဦးရေမှာ ၁၀ ရာခိုင်နှုံးမျှသာ ရှိသော်လည်း ၂၀၁၀ ခုနှစ်သို့ရောက်သောအခါ စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံသားစစ်စစ်မှာ ၆၄ ရာခိုင်နှုံးမျှပင် မပြည့်တော့ပါ။

စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားဦးရေ တိုးတက်လာမှုမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှု (တိုးတက်နှုံး)

အထက်ပါဇယားကို ကြည့်လျှင် စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာခဲ့ရာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၁၅ ရာနှုံးမှ ၁၉ ရာနှုံးထိ မြင့်တက်လာသည်ကို တွေ့နိုင် ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဤမျှများပြားလာသော နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကျေမနပ်ဖွင့်အံလာချက်များကြောင့် ပြန်လည်လျှော့ချခဲ့ရာ ၂၀၁၀ တွင် ၄.၁ ထိ ကျဆင်းသွားခဲ့သည်ကို တွေ့နိုင်ပါသည်။ ဤသို့လျှော့ချလိုက်သည့် အတွက်ပင် စင်ကာပူသို့လာရောက် အလုပ်ရှာသူ မြန်မာများအနက် အလုပ်မရဘဲ ပြန်သွားရသူ တိုးတက်များပြား လာခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် လက်ရှိလုပ်နေသူများကိုပင် သက်တမ်းတိုးမပေးခြင်း၊ တိုးပေးသည့်တိုင် အကန့်အသတ်ဖြင့်သာ တိုးပေးခြင်း စသည်တို့ နှင့် ကြုံတွေ့ရလျှက် ရှိပါသည်။

၂၀၀၀ ပြည့်နှစ်များက စင်ကာပူ PR ရရန် အလွန်ခဲယဉ်းခဲ့ပါသည်။ သို့သော် ၂၀၀၄ ဇူလိုင်တွင် Work Pass အသစ် တစ်မျိုးဖြစ်သော S Pass ကို ချထားပေးလိုက်ပြီး S Pass holder များအား PR လျှောက်ခွင့်ပေးခဲ့ပါသည်။ ဤသည်မှစ၍ မြန်မာနိုင်ငံတွင် ဘွဲ့ရလာသူများ၊ GTI အောင်လာခဲ့သူ အများအပြား PR ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် PR ချထားပေးခဲ့မှုမှာ ၁၁.၅ % ထိ မြင့်တက်ခဲ့၏။ သို့သော် ဤကဲ့သို့ PR ချထားပေးခဲ့မှုများကို ၂၀၀၉ နှစ်တွင် ပြန်လည်တင်းကျပ် ခဲ့ရာ ယခင်က မြန်မာနိုင်ငံမှ GTI ပြီးလာခဲ့သူများပင် PR ရခဲ့သော်လည်း ယခုအခါ NTU, NUS တို့မှ M.Sc ပြီးသူများကိုပင် PR ရရန် မသေချာသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။

၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များက NTU တွင်တက်ရောက်ပညာသင်ကြားနေသူ မြန်မာနိုင်ငံသူ M.Sc ကျောင်းသူ တစ်ဦးအား ကျောင်းတက်နေစဉ်က PR Offer letter (ကျောင်းပြီးလျှင် PR လျှောက်နိုင်ခွင့်) ပေးထားခဲ့သော်ငြားလည်း အမှန်တကယ် ကျောင်းပြီးလာသည့်အခါ ၎င်း စာကို ပြန်လည်ရုပ်သိမ်းကာ သူမလျှောက်ထားသည့် PR လျှောက်လွှာကို reject လုပ်ခဲ့ပါသည်။ သူမမှာ စင်ကာပူနိုင်ငံ၊ အလွန်နာမည်ကြီးလှသော NTU (Nanyan Technological University) မှ M.Sc ဘွဲ့ရခဲ့သည့်တိုင် သင့်တော်သော အလုပ်တစ်ခုကို မရနိုင်ခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရပြီ ဖြစ်ပါ သည်။ သုံးနှစ်တာ ပညာသင်နှစ်အတွင်း ကုန်ဆုံးခဲ့သော ပညာသင်စရိတ် မြန်မာငွေ သိန်း ၂၀၀ ခန့် နှင့် သူမ၏ ကြိုးစား အားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ရပါသည်။

(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။

Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။

စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx

အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း

Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။

Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။

BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို ကျွန်တော်ရေးသော အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

MYE : Man Year Entitlement, Construction sector အတွက် MYE ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ၁၀% ထိ လျှော့ချလိုက်ပါသည်။ MYE အကြောင်းအသေးစိတ်သိလိုသူများ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

excempted from MYE : Construction တွင် အနည်းဆုံးလုပ်သက် ၂ နှစ်ရှိသူများမှ လျှောက်နိုင်ပါသည်။

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀% မှ ၃၅% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၅ % မှ ၅၀% ထိရှိခြင်း

S Pass များအတွက် Levy မှာ ယခင်က တစ်လလျှင် ၅၀ ဖြစ်သော်လည်း ယခုအခါ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

ယခု စင်ကာပူနိုင်ငံ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားများအား အလုပ်အကိုင် ခန့်ထားမှု အချိုးအစားကို လေ့လာကြည့် ပါမည်။

နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု အခြေအနေ (2010 Labor Force Survey Findings)

(Ref: http://www.mom.gov.sg/statistics-publications/national-labour-market-information/publications/Pages/report-labour-force-sg.aspx)

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။

ဤဇယားကိုကြည့်လျှင် စင်ကာပူနိုင်ငံသားများ အဘယ်ကြောင့် အလုပ်အကိုင်ခန့်ထားမှုအပေါ် ဒေါသထွက်နေ ရသနည်း ဆိုသည်ကို ထင်ရှားစွာ မြင်နိုင်ပါသည်။ အလုပ်အကိုင်အားလုံး၏ ၃၅ ရာခိုင်နှုံး (သုံးပုံတစ်ပုံ) ကို နိုင်ငံခြားသား များက နေရာယူထားသောကြောင့် ဖြစ်ပါသည်။ (နိုင်ငံခြားသားဟု ဆိုရာတွင်ပင် စင်ကာပူပီအာများ မပါသေး ဆိုသည်ကို သတိပြုရန် လိုပါသည်။)စင်ကာပူမှ အလုပ်လက်မဲ့နှုံး မှာ ဇွန်လ၊ ၂၀၁၁ စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။



သို့ဆိုလျှင် စင်ကာပူနိုင်ငံသားများ အမှန်တကယ် အလုပ်မရကြတော့ပြီလော ဆိုသည်ကို ဆန်းစစ်ရန် စင်ကာပူမှ အလုပ်လက်မဲ့အခြေအနေကို လေ့လာရန် လိုပါသည်။

(Ref: http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=373)

ဇွန်လ၊ ၂၀၀၉ – ၄.၅ % (ဦးရေအားဖြင့် – ၉၀၃၀၀)
ဇွန်လ၊ ၂၀၁၀ – ၃.၂ % (ဦးရေအားဖြင့် – ၆၅၅၀၀)
ဇွန်လ၊ ၂၀၁၁ – ၃.၀ % (ဦးရေအားဖြင့် – ၆၂၇၀၀)

ယခု ၂၀၁၁ ခုနှစ်တွင် ဇူလိုင်လ၌ မတ်လကထက်စာလျှင် အလုပ်လက်မဲ့နှုံး အနည်းငယ် မြင့်တက်လာ သည်။ အကြောင်းမှာ တက္ကသိုလ်ပညာပြီးဆုံးသူများ အလုပ်ရှာမှု ပိုမိုများပြားလာသည့်အတွက် ဟု ဖော်ပြထားပါသည်။ ထိုစာရင်းအရ စင်ကာပူတွင် အလုပ်လုပ်နေသူဦးရေ စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် ဒုတိယလေးလပတ်၌ ၃၁၅၆၉၀၀ (၃ သန်း ၁ သိန်းကျော်) ဖြစ်ကြောင်း သိရပါသည်။

ဤသည်ကို ကြည့်လျှင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ အတွင်း အလုပ်လက်မဲ့နှုံးမှာ လျော့ကျသွားသည်ကို တွေ့နိုင်ပါသည်။ သို့ဆိုလျှင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာမှုကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာမလာ လေ့လာကြည့်ပါမည်။

အထက်ပါဇယားအရ အလုပ်လက်မဲ့ဦးရေမှာ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ တွင်သာ အနည်းငယ် တိုးမြင့်လာပြီး နောက်ပိုင်းနှစ်များ၌ ပြန်လည်လျော့ကျသွားသည်ကို တွေ့မြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ နိုင်ငံခြားသားများ တိုးတက်ဝင်ရောက် လာသလောက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာခဲ့သည်။ သို့အတွက် ဌာနေ စင်ကာပူနိုင်ငံသားများ၏ အလုပ်အကိုင်ရရှိမှုအပေါ် ထိခိုက်မှုမရှိပါဟု သုံးသပ်နိုင်ပါသည်။

(၃)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာနေမှုကို ကန့်သတ်ရန် ဒုတိယအကြိမ် စင်ကာပူအစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ အခြေခံလစာများအား တိုးမြှင့်ခြင်း ဖြစ်ပါသည်။

စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်တည်းအတွင်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။

ယခင်က အခြေခံလစာ နှုံးထားများမှာ (၂၀၀၄ ခုနှစ်အလွန်နှစ်များက) –

S Pass Holder: S$1800
Q1 Pass (EP): S$2500
P2 Pass: S$3500
P1 Pass: S$7000 – ဖြစ်၏။

၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုနှုံးများကို အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်လိုက်ပါသည်။

S Pass Holder: S$2000
Q1 Pass (EP): S$2800
P2 Pass: S$4000
P1 Pass: S$8000

NDP 2011 (National Day Parade Rally) တွင် စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီဆင်လုံး ပြောသွားသည့် မိန့်ခွန်းမှ ကျွန်တော်တို့နှင့် တိုက်ရိုက်ပတ်သက်နေသော အကြောင်းများကို အောက်တွင် အတိုချုပ် ဖော်ပြလိုက်ပါသည်။ ၀န်ကြီးချုပ်၏ မိန့်ခွန်းမှာ အလွန်ရှည်လျှားလှသည်ဖြစ်ရာ လိုသလောက်သာ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ဝန်ကြီးချုပ်က အိမ်ဝယ်ခြင်း၊ ငှားခြင်း နှင့် ပညာရေးတွင် Singaporeans come first ဟုဆိုကာ ယခုနှစ်တွင် အိမ်သစ် ၂၅၀၀၀ ဆောက်ပေးမည်။ လာမည့်နှစ်တွင်လည်း အလားတူပင် အိမ်သစ် ၂၅၀၀၀ ထပ်မံဆောက်ပေးဦးမည်။ စင်ကာပူနိုင်ငံသားများ အိမ်ဝယ်နိုင်ရန် မည်သို့ စီစဉ်ထားသည်။ အိမ်မ၀ယ်နိုင်သည့် အနည်းငယ်သော နိုင်ငံသားများ အတွက်လည်း ငှားနေနိုင်ရန် အိမ်ခန်း ၇၀၀၀ စီစဉ်ထားသည် စသည်ဖြင့် ကတိပေး ပြောကြားသွားပါသည်။

ထို့ပြင် တက္ကသိုလ်တက်ရမည့်အရွယ်ရှိသူ လေးဦးတွင် တစ်ဦးသည် တက္ကသိုလ်ပညာကို သင်ယူနေကြောင်း၊ လက်ရှိတွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၂၀၀၀ ရှိကြောင်း။ လွန်ခဲ့သည့် ၁၀ နှစ်ကမူ စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၉၀၀၀ မျှသာရှိကြောင်း။ နောင်လာမည့် ၄ နှစ်အတွင်း နိုင်ငံသားများအတွက် တက္ကသိုလ်တွင် နေရာ ၂၀၀၀ ထိ ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း။ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၄၀၀၀ ထိ ရှိလာမည်ဖြစ်ကြောင်း။

စင်ကာပူပိုလီကျောင်းသား တစ်ဦးက ၎င်းအား S Pass တစ်ဦးအနေနှင့် လခ ၁၈၀၀ ရနေချိန်တွင် ပိုလီကျောင်းဆင်း ဒီပလိုမာတစ်ဦးအနေနှင့် သည့်ထက်ပိုသော လခရကြောင်း၊ သို့သော် ထို S Pass များသည် အလုပ်ရှာချိန်တွင် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်နေခဲ့သည် ဟု ပြောခဲ့ကြောင်း။ ထို့ကြောင့်ပင် S Pass အခြေခံလစာများကို ၁၈၀၀ မှ ၂၀၀၀ သို့တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း။ သို့တိုင် လိုအပ်ချက်များကိုဖြည့်ဆည်းရန် နိုင်ငံခြားသား အလုပ်သမားများ ဆက်လက်လိုအပ်နေဦးမည် ဖြစ်ကြောင်း။

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် စင်ကာပူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ထိပ်ပိုင်းစီးပွားရေး လုပ်ငန်းများအတွက် ကျွမ်းကျင်သောစီးပွားရေးပညာရှင်၊ လုပ်ငန်းရှင်များလိုနေသေးကြောင်း။ မိမိတို့ အစိုးရလုပ်ကိုင်နေသည် များကို လေ့လာကြည့်လျှင် အောက်ခြေကိုသာ တင်းကျပ်နေသော်လည်း ထိပ်ပိုင်းကို ဖွင့်ပေးထားတာ တွေ့ရမည်ဖြစ်ကြောင်း။ ထိပ်ပိုင်းနှင့်အောက်ခြေအကြား အလယ်အလတ်တန်းစား ကျွမ်းကျင်သူပညာတတ်များအတွက်မူ ထပ်မံ ထိန်းညှိရန် လိုကြောင်း၊ ထိုသူအများစုမှာ Employment Pass (EP) holder များ ဖြစ်ကြောင်း။

အစိုးရအနေနှင့် နိုင်ငံခြားအလုပ်သမားများကို တင်သွင်းခြင်းတွင် လိုအပ်သည့်စီမံခန့်ခွဲမှု၊ ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်ရန် လိုသည့်တိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူ နိုင်ငံခြားသား အလုပ်သမားများမှာ မရှိမဖြစ် ဆက်လက်လိုအပ်နေဦးမည်သာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဝန်ကြီးချုပ်မိန့်ခွန်းပြောပြီး မရှေးမနှောင်းမှာပင် ယခုမှအသစ်စက်စက် ပြောင်းပြီးစ လခများအား ထပ်မံ ပြင်ဆင် လိုက်ပြန်ပါသည်။ ၀န်ကြီးချုပ်ပြောသကဲ့သို့ပင် EP အခြေခံလခများကို ပြင်ဆင်ခြင်း ဖြစ်၏။ အသစ်ပြင်ဆင်လိုက်သော အခြေခံလခများကား အောက်ပါအတိုင်း ဖြစ်ပါသည်။

(Ref: 1. Yahoo News: MOM tightens Employment Pass criteria on 16 Aug, 2011
2. http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=377)

MOM မှ ထုတ်ပြန်သော သြဂုတ်လ ၁၆၊ ၂၀၁၁ နေ့စွဲပါ ကြေငြာချက်

Enhancements to the Employment Pass Framework
(New assessment criteria to take effect from 1 January 2012)

S Pass Holder: S$2000
Q1 Pass (EP): S$3000
P2 Pass: S$4500
P1 Pass: S$8000

လက်ရှိ EP များကို တစ်နှစ်သာ သက်တမ်းတိုးပေးမည်။ ယခုနှစ်ကုန်လျှင် ၂၀၁၂ မှစကာ လခနှုံးထား အသစ်ဖြင့် ထပ်မံလျှောက်ရမည်ဟု ဖော်ပြထားသည်။ ဤအပြောင်းအလဲသည် ၃ သောင်းမျှသော အချို့ EP များအား အကျိုးသက်ရောက်မည် ဖြစ်သည်။ သို့သော် MOM က နိုင်ငံခြားသား အလုပ်သမားခန့်ထားမှုကိုမူ စုစုပေါင်း လုပ်သားဦးရေ၏ သုံးပုံတစ်ပုံ၌ ထိန်းထားမည်ဟု ဆိုပါသည်။

၎င်းတို့အဆိုအရ စင်ကာပူစီးပွားရေး ဦးမော့လာချိန် ၂၀၁၀ တွင် EP လျှောက်ထားမှု သိသာစွာ မြင့်တက်လာပြီး ၂၀၁၀ ဇွန်လမှ ၂၀၁၁ ဇွန်လအတွင်း ၁၄% မှ ၂၈ % ထိ နှစ်ဆမျှ မြင့်တက်လာသည်။ ၎င်းကို ထိန်းရန် ယခုကဲ့သို့ လခများ ပြင်ရပါသည် ဟု ဆို၏။ ယခုအခါ EP Holder ၁၄၂၀၀၀ ထိ ရှိသည်ဟု ဖော်ပြထားပါသည်။

သို့သော်လည်း ၀န်ကြီးချုပ်က ဤကဲ့သို့ နိုင်ငံခြားသားများ၏ လည်ပင်းကိုညှစ်လိုက်ခြင်းသည် စင်ကာပူနိုင်ငံသားများ အား အော်တိုမက်တစ် လခကောင်းကောင်း၊ နေရာကောင်းကောင်းသို့ ရောက်ရပါစေမည်ဟု အာမခံခြင်းမဟုတ်ကြောင်း၊ သင်းတို့ ယှဉ်ပြိုင်ရမည်မှာ စင်ကာပူရောက် နိုင်ငံခြားသားများသာမဟုတ်ပဲ ကမ္ဘာ့အဆင့် လုပ်သားများဖြစ်ကြောင်း ထည့်သွင်း ပြောသွားတာလည်း တွေ့ရပါလေသေး၏။

အမှန်ဆိုရလျှင် ဤကဲ့သို့ အခြေခံလစာ ပြောင်းလဲမှုများကို သူရို့ စင်ကာပူနိုင်ငံသားများ အပါအ၀င် တော်တော် များများမှာ မနှစ်သက်ကြပါ။

အထက်ပါသတင်း ထွက်ပေါ်လာပြီးနောက် ထိုသတင်းအပေါ် ဆွေနွေးချက် ၅၀၀ ခန့်ထွက်ပေါ်လာပါသည်။ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ မူရင်းဖတ်လိုသူများ http://sg.news.yahoo.com/blogs/singaporescene/mom-tightens-employment-pass-criteria-111607991.html တွင် ဖတ်နိုင်ပါသည်။ အသေးစိတ်ဆိုလျှင် ပျင်းစရာကြီးဖြစ်မှာစိုးပါသဖြင့် လိုတိုရှင်းပဲ ရေးလိုက်ပါ သည်။

– ဒါဆို လခကို ၁၈၀၀ ဆိုပြီး အလုပ်ရှင်ကို ပြန်ပေးနေရတဲ့ သူတွေကျတော့ ဘယ်လိုပြောမလဲ။ ဆိုလိုတာက ပေးတဲ့ လစာကတော့ ၁၈၀၀ ဟုတ်ပါရဲ့။ ဒါပေမဲ့ တကယ်ရတာက ၁၅၀၀ ပဲဖြစ်ပြီး ၃၀၀ ကို အလုပ်ရှင်ကို ပြန်ပေးလိုက်ရတာ။ S Pass ဆိုပေမဲ့ တချို့ဆို ၁၂၀၀ ပဲရတယ်။ တချို့ ၁၀၀၀ ပဲရတယ်။


– ဒီလို လခတိုးလိုက်တဲ့အပေါ် အလုပ်ရှင်တွေကတော့ ပျော်နေမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က လခ ၃၀၀၀ ပေး ပါတယ်လို့ ပြမယ်။ တကယ့်တကယ်ကျတော့ ၂၂၀၀ ပဲပေးမယ်။ သူတို့က သပိတ်ဝင်အိတ်ဝင် တစ်လကို ၈၀၀ အမြဲ ပြန်ရနေမယ်။ တစ်ခါ Income Tax ပေးဘို့ကျတော့ အဲဒီ ၈၀၀ ပါ ထပ်သက်သာသွားပြန်တယ်။ ဒီလို လခ ပြောင်းလိုက်ရုံနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ၀င်လာမှုကို ထိန်းနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပဲ။


– အလုပ်သမားတွေက အလုပ်ရှင်ကို ဒီလိုပြန်ပေးနေရတယ် ဆိုတာ MOM အရာရှိတွေ သိနိုင်တာပဲ။ ဒါဖြင့် ဒီကိစ္စ ဘာကြောင့် အရေးမယူဘဲ ရေငုံနေကြသလဲ။


– သူတို့ဘယ်လိုပြောင်းပါတယ် ဆိုစေ။ ဒီလို လိမ်ညာမှုတွေကတော့ အလုပ်ခန့်ထားရေးမှာ ရှိနေဦးမှာပဲ။ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံခြားအလုပ်သမားတွေကို ထိန်းနိုင်တယ် လို့ပြောတာ ဦးဏှောက်မရှိတဲ့သူတွေကိုပဲ ညာလို့ ရမှာပေါ့ကွယ်။ ဒါပေမဲ့ ငါတို့မှာလည်း တွေးတတ်ခေါ်တတ်တဲ့ ဦးဏှောက်ရှိတယ်ဆိုတာ မေ့မထားစေချင်ဘူး။


– ဒီမှာ အလုပ်သမားတွေကို အလိမ်အညာ လခတွေနဲ့ခန့်နေတယ် ဆိုတာ MOM လူကြီးမင်းများကလွဲလို့ တစ်နိုင်ငံ လုံးသိတယ်။ MOM လူကြီးမင်းများခင်ဗျာ၊ စင်ကာပူတစ်ကျွန်းလုံးက ကော်ဖီဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆီက ပြည်ကြီးတရုတ် ၀န်ထမ်းတွေဆီက ပိုက်ဆံတွေကို ပြန်ယူနေပါတယ်။ လူကြီးမင်းတို့ စားပွဲမှာထိုင်ပြီး ငိုက်မျဉ်းနေ မဲ့အစား အရေးယူဆောင်ရွက်ကြဘို့ တိုက်တွန်းလိုပါတယ်။


– ဒီနေရာမှာ မစ္စတာ Tharman ကျန်ခဲ့တာတစ်ခု ပြောချင်ပါတယ်။ သူက နိုင်ငံခြားသားလို့သာ ပြောတာပါ။ တကယ်ဆို PR တွေနဲ့ ခုမှ ဖြစ်လာတဲ့ အသစ်ကျပ်ချွတ် စင်ကာပူနိုင်ငံသားတွေကိုရော ထည့်မတွက်သင့်ဘူးလား။ သူတို့လဲ ကျုပ်တို့ကို ပြိုင်နေတာပဲ။ ငါတို့မှာ စင်ကာပူနိုင်ငံသားတွေနဲ့ လည်ပတ်နေတဲ့ ဟာတွေ ရှိပြီးသားပဲ။ ဘာနောက်ထပ်မှ hawkers, lounge hostesses, KTV hostesses, cleaners, bartenders, sales assistants, warehouse workers etc တွေမလိုတော့ပါဘူး။ ခင်ဗျားတို့ဟာ တကယ့်စင်ကာပူနိုင်ငံသားစစ်စစ်တွေအတွက် ထည့်သွင်းစဉ်းစားတာများရှိပါသလား လူကြီးမင်းများ ခင်ဗျား။

(မစ္စတာ Tharman မှာ စင်ကာပူ MOM ၀န်ကြီး ဖြစ်သလို ဒုဝန်ကြီးချုပ်လည်း ဖြစ်ပါသည်။ သူက EP များ လခတိုး ရခြင်းအကြောင်း ရှင်းလင်းတင်ပြချက်အပေါ် ပြန်လည်ဝေဖန်တာ ဖြစ်ပါသည်။)



– ၂၀၁၀ မှာ စင်ကာပူမှာ မွေးတဲ့သူ စစ်စစ်ဟာ 57.36% ပဲ ရှိပါတယ်။ 43% က နိုင်ငံခြားသားလို့ ခေါ်ရမဲ့ ဟာတွေပါ။ အလဲ့ကွယ်၊ သဟာဖြင့် Singapore လို့ခေါ်မဲ့အစား Chinapore, Indiapore and Earthpore လို့ပဲ ခေါ်လိုက်ကြပါ စို့ရဲ့ အရပ်ကတို့။

Silverman 10 hours ago

JOB OPENING FOR ALL TRUE SINGAPOREAN ONLY
( PR and FT may apply using back door)

Position: MINISTER

Requirement:

1 ) Able to Alibaba talking convincingly is a MUST.
2 ) Uniform provided- white shirt and pants.

Job Scope

1) Always Smile.
2) Overtime work – (Field Allowance & TV Crew provided)

a- Go to field – Wet market and hawker center.
b- Shake anyone hand and “Say hello and how are you”
and quickly go to next person or next table…repeat again.
Salary : 1 million – Singapore Dollars

(တစ်ယောက်က ကလေးချီပြီး ဓါတ်ပုံအရိုက်ခံရမယ် ဆိုတာပါ ထပ်ထည့်ထားလိုက်သေး)။

(၄)

အထက်ပါသတင်းများအပေါ် စင်ကာပူနိုင်ငံမှ သြဇာရှိသူ လုပ်ငန်းအကြီးအကဲများမှ ဝေဖန်သုံးသပ်ချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(CNA News on 16 Aug 2011)
ASME disappointed over stricter Employment Pass criteria

Singapore Business Federation (SBF) ၏ CEO ဖြစ်သူ Mr. Ho Meng Kit က Levy များကို မြှင့်တင်ပြီး မကြာမတင်မီမှာ ပင် ယခုကဲ့သို့ လုပ်ခလစာများကို ပြင်ဆင်ခြင်းဖြင့် နိုင်ငံခြားသား လုပ်သားများ သိသာစွာကျဆင်းလိမ့်မည်မဟုတ်ပဲ အလုပ်ရှင် များ များသောအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) ကို ကုန်ကျ စရိတ်များသာ တိုးမြင့်လာစေမှာဖြစ်ကြောင်း၊ အစိုးရအနေနှင့် စင်ကာပူနိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာစေရန် ဖန်တီးပေးရာတွင် PME (professional, manager, executive) အပါအင် အချို့အလုပ်များမှာ စင်ကာပူ နိုင်ငံသားများကို ဆွဲဆောင်မှုအားနည်းနေသေးတာကို လက်ခံရန်လိုကြောင်း ၊ EP နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အသံကိုလည်းနားထောင်ရန်လိုကြောင်း၊ EP များခန့်ထားမှုကို လျော့ကျသွားစေမည့် ပြင်၊ EP များခန့်ထားသည့် လုပ်ငန်းများကိုပါ ထိခိုက်သွားလိမ့်မည်ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

Tighter Employment Pass criteria could make S’pore less attractive
(CNA News on 15 Aug 2011)

DBS မှ senior economist ဖြစ်သူ Irvin Seah က ဒီလိုလုပ်လိုက်တာဟာ သူရမဲ့လခနဲ့ သူ့အရည်အချင်း၊ လုပ်ငန်းအတွေ့ အကြုံတွေကို ညီမျှအောင်လုပ်ပေးတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေခံလစာတွေကို ငွေဖောင်းပွမှုနှုံးနဲ့အညီ ပြင်မပေးခဲ့တာ ခုဆို ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပါပြီ။ ဒီလိုလုပ်တာဟာ နိုင်ငံခြားသားတွေ ၀င်လာမှုကို ဟန့်တားတာမှန်ပေမဲ့ တစ်ဖက်မှာ သူတို့ရဲ့ အရည်အချင်းကို ပိုမြင့်လာအောင် ကြိုးစားစေဘို့ တွန်းအားတစ်ခုဖြစ်ပါတယ် ဟု ပြောပါသည်။

Singapore Business Federation (SBF) က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် လက်ရှိတွင် သူတို့လုပ်ငန်း ကို ချဲ့ထွင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်၌ ယခုလို လုပ်လိုက်ခြင်းသည် ပိုမို၍ ခက်ခဲစေကြောင်း ပြောပါသည်။

ထို့ပြင် လုပ်ခများတိုးမြှင့်ရန် ဖိအားပေးခြင်းသည် ငွေဖောင်းပွမှုနှင့် နေထိုင်မှုစရိတ်မြင့်မားစေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

CIMB Research မှ Regional economist ဖြစ်သူ Song Seng Wun က နာ့စ်ကဲ့သို့သော အလုပ်များတွင် ပေးထားသည့်လခ မှာ စင်ကာပူနိုင်ငံသားများအတွက် ဆွဲဆောင်မှုမရှိသော်လည်း နိုင်ငံခြားသားများကိုမူ ဆွဲဆောင်နိုင်စွမ်းရှိနေသေးကြောင်း၊ ကျန်းမာရေးလုပ်ငန်းကို တိုးချဲ့ရာတွင် ရာထူးအများအပြားကိုလည်း တိုးချဲ့ခန့်ထားရမှာ ဖြစ်သည့်အတွက် ကျန်းမာရေး အသုံးစရိတ် ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောပါသည်။

အချို့ကတော့လည်း ဤကဲ့သို့လုပ်ခြင်းဖြင့် ရေရှည်မှာ အကျိုးရှိမည်ဟု မျှော်လင့်ကြပါသည်။

မစ္စတာလီ (၀န်ကြီးချုပ်) အား စင်ကာပူပိုလီကျောင်းသားတစ်ဦးက Work Permit ထက် တစ်ဆင့်မျှသာ ပိုမြင့်သည့် S Pass တစ်ဦးကို လခ ၁၈၀၀ ပေးရန် အဘယ်ကြောင့် သတ်မှတ်ထားပါသနည်း ဟု မေးသည် ဆို၏။ ဆိုလိုသည်မှာ ထို S Pass များအနေနှင့် လခ ၁၈၀၀ သာရသော်လည်း ထို့ထက်မကပိုရနေသော ဒီပလိုမာလက်မှတ်ကိုင် ၎င်းတို့နှင့် အလုပ်အကိုင် ရှာဖွေရာတွင် ပြိုင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှင့် တိုက်ရိုက်ရင်ဆိုင် ယှဉ်ပြိုင်ခိုင်းပါ ဟု ဆိုသတည်း။

ဝန်ကြီးချုပ်ကတော့ သူတို့ ခံစားချက်ကို မိမိနားလည်ပါသည်။ သို့သော်လည်း စင်ကာပူနိုင်ငံသားများနှင့် မလုံလောက်သော နေရာများတွင်မူ နိုင်ငံခြားသားများကို မလွှဲမရှောင်သာ သုံးနေရဦးမည် ဟု ပြောခဲ့ကြောင်းပါ ခင်ဗျား။

(၅)

စင်ကာပူရောက် ကျွန်တော်တို့၏ အနေအထားမှာ စင်ကာပူအစိုးရချမှတ်သော မူဝါဒများအပေါ် လုံးဝ မှီခိုနေရ ပါသည်။ ဥပမာပြရလျှင် ၂၀၀၅ ခုနှစ်မတိုင်မီနှစ်များက စင်ကာပူပီအာ ဖြစ်ဖို့ရန် ခဲယဉ်းခဲ့သော ကျွန်တော်တို့မှာ အစိုးရ မူဝါဒ ပြောင်းလိုက်သည်နှင့် မြန်မာအများအပြား ပီအာများ ဖြစ်၊ မိမိတို့မိသားစုကို မြန်မာပြည်မှခေါ်။ ကလေးများကို စင်ကာပူတွင် ကျောင်းထား။ အိမ်များဝယ်ကြ စသဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ပီအာချထား ပေးမှုများ တင်းကြပ်လိုက်သည့် ၂၀၁၀ နောက်ပိုင်းနှစ်များတွင်မူ ပညာရေး၌ အဆင့်မြင့်ဘွဲ့ရခဲ့သူများပင် စင်ကာပူနိုင်ငံတွင် ရပ်တည်ဘို့ရာ မနည်းရုန်းကန်ရသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။

ပညာရဲရင့် ပွဲလယ်တင့် ဟူသော မြန်မာစကားပုံမှာ သွေးထွက်အောင် မှန်လှပါသည်။ မိမိအနေနှင့် အတတ်ပညာ တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် (professional) တတ်မြောက်ထားပါမူ စင်ကာပူတွင်သာမက မည်သည့်နိုင်ငံသို့ သွားသည် ဖြစ်စေ သင့်တော်သောရာထူးတွင် အခြားသူများရရှိသောလခထက် မနည်းပဲ အလုပ်အကိုင်များရရှိနိုင်ပါသည်။ လက်ရှိတွင် လည်း မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ စသော အာရှနိုင်ငံများတွင်သာမက ဥရောပ၊ အနောက်နိုင်ငံများတွင်ပါ အလုပ်လုပ်နေကြသော မြန်မာလူမျိုး ပါမောက္ခများ၊ ကထိကများ၊ မန်နေဂျာများ၊ စီနီယာအင်ဂျင်နီယာများ၊ အင်ဂျင်နီယာများ၊ IT ပညာရှင်များ၊ စာရင်းအင်းပညာရှင်များ များစွာရှိပါသည်။

အဆိုးထဲမှ အကောင်းကို ရှာရလျှင် စင်ကာပူနိုင်ငံအနေနှင့် ယခုကဲ့သို့ အခြေခံလစာများ တိုးမြှင့်လိုက်ခြင်းသည် ကျွန်တော်တို့အား ထိုလခနှင့်ထိုက်တန်မည့် အရည်အချင်းများရှိလာအောင် ကြိုးစားစေဘို့ရန် တွန်းအားတစ်ခု ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအနေနှင့် နိုင်ငံကငယ်ပြီး လူအင်အားအရင်းအမြစ်အပေါ် လုံးဝနီးပါး အားထားနေရခြင်း ဖြစ်သည့်အတွက် ယခု ကဲ့သို့ နိုင်ငံသား၊ နိုင်ငံခြားသားများအား ၎င်းတို့၏ အရည်အသွေးများတိုးတက်လာအောင် တွန်းအားပေးရခြင်းမှာ သဘာဝ ကျပါသည်။

အားလုံးကို ချုပ်ရလျှင် စင်ကာပူတွင် ရေရှည်ရပ်တည်ရန် စိတ်ကူးထားသူများ၊ စင်ကာပူတွင် အလုပ်လာလုပ်ရန် စိုင်းပြင်းနေသူများအနေနှင့် တိုးလိုက်သောလခများအားလျော်စွာ မိမိတို့ အသိပညာ၊ အတတ်ပညာများ တိုးမြင့်လာစေရန် အစွမ်းကုန် ကြိုးစားကြရမည် ဖြစ်ကြောင်း။ အတတ်ပညာမရှိသူ၊ လုပ်ငန်းမကျွမ်းကျင်သူများ အနေနှင့်မူ ရေရှည်ရပ်တည် ဘို့ရန် ခဲယဉ်းလိမ့်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

စင်ကာပူရောက်လာ ဒို့မြန်မာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

အစိုးရရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
မြန်မာအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း
၂၁ သြဂုတ်၊ ၂၀၁၁ ညနေ ၆ နာရီ ၅၆ မိနစ်

Ref: http://shwenyein.blogspot.com


စင်္ကာပူ မြန်မာသံရုံးမှာ ကိုယ်စားလှယ် စနစ် မထားသင့်
2011-10-17

စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။

(Photo: AFP)
စင်ကာပူနိုင်ငံ လမ်းတခုပေါ်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ဖြစ်ပါသည်။ 
မကြာခင်က မြန်မာသံရုံး နဲ့ အေးဂျင့် တစ်ဦးဟာ အခွန်ဆောင်ပေးရမယ့် ငွေတွေကို ယူပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း အာအက်အေ က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
ငွေတွေ လိမ်လည်သွားသူ ကိုစံဦး ဆိုသူဟာ မြန်မာ နိုင်ငံသားတွေ ကိုယ်စား သံရုံးမှာ လစဉ်အခွန် ကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး အခွန်ငွေ စင်္ကာပူ ဒေါ်လာ တစ်သိန်းလောက် လိမ်လည် သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့  သံရုံးအကြား ကိုယ်စားလှယ် အေးဂျင့် ထားတဲ့ စနစ် မရှိသင့်တော့ဘူး ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း မြန်မာ နိုင်ငံသားတစ်ဦး က ပြောပါတယ်။
လိမ်လည်သွားခဲ့တဲ့ ငွေကြေး ပမာဏ ကတော့ ခန့်မှန်း ပြောဆိုတာသာ ဖြစ်ပြီး အတိအကျ သိဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ စင်္ကာပူမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ မြန်မာ သံရုံးမှာ ကိုယ်တိုင် သွားရောက် အခွန်ဆောင်မယ် ဆိုရင် အချိန်ကြန့်ကြာလွန်းပြီး၊ ရက်ချိန်းတွေ ပေးလွန်းတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာ၊ ဆက်ဆံရေး ညံ့ဖျင်းတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မဆက်ဆံချင်တာ စတာတွေကြောင့် ကြားခံ ကိုယ်စားလှယ်တွေက တဆင့် လစဉ်အခွန် တွေ ပေးဆောင် နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသား တစ်ဦးဟာ လစာငွေရဲ့ ၁၀% လောက်ကို မြန်မာသံရုံးမှာ အခွန် ပေးဆောင်ရတာ ဖြစ်ပါတယ်။ ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့် ပါမစ် အဆင့် အပေါ်မှာ မူတည်ပြီး အနိမ့်ဆုံး လစဉ် စင်္ကာပူဒေါ်လာ ၄၀ ၊ ၈၀ အစရှိသဖြင့် ပေးဆောင် ရသလို၊ ကြားခံ ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ် ကိုလည်း ၀န်ဆောင်ခပေးရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံက မြန်မာ နိုင်ငံသားနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
Link- http://www.rfa.org/burmese/news/singapore-embassy-10172011083720.html

Ref:rfaburmese news


ဂျပန် ငလျင်နှင့် ဆူနာမီဘေးအတွက် အင်တာနက်များကို အခမဲ့ သုံးခွင့်ပေးထားပါတယ်။

ကွန်ပြူတာရှိရုံနဲ့ အင်တာနက်သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ အခမဲ့ ဆက်သွယ်လို့ရအောင် ဖြစ်ပါတယ်။

ငလျှင်ဒဏ်သင့်ခဲ့သော ဂျပန်အရှေ့ပိုင်းဒေသတွင် တယ်လီဖုံးနှင့်ဆက်သွယ်ရေး ပြတ်တောက်
မှုများ ဖြစ်ပေါ်နေသဖြင့် Softbank နှင့် Live Door ဆက်သွယ်ရေးကုမ္ပဏီများမှ အများပြည်သူများ အခမဲ့သုံး အင်တာနက် LAN ကွန်ယက်ကို စတင် အသုံးပြုခွင့် ပေးထားပါတယ်။

အင်တာနက်အသုံးပြုရန် ယင်းကုမ္ပဏီများနှင့် စာချူပ် မချူပ်ထားသူများလည်း အင်တာနက်

ချိတ်ဆက်နိုင်သောစနစ်ရှိသည့်ကွန်ပျူတာနှင့် လက်ကိုင်ဖုံး အသုံးပြုသည့် မည်သူမဆို ယင်းအင်တာနက်ကွက်ယက်အား အခမဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Softbank အင်တာနက်ကွန်ယက်ကို အသုံးပြုလိုလျှင် –

ネットワーク名 (Network အမည်) ကို FON ဟု ရိုက်ထည့်လျှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Live Door အင်တာနက်ကွန်ယက် ကိုအသုံးပြုလျှင် –

ログインID (Log In ID) : 01@free@lw

パスワード (Password): livedoor

ログインID (Log In ID) : 02@free@lw

パスワード (Password) : livedoor

ログインID (Log In ID) : 03@free@lw

パスワード (Password) : livedoor

ထို့ အပြင် ဂျပန်နိုင်ငံတွင် ငလျင်ဘေးဒဏ်နှင့် ဆူနာမီဘေးဒဏ်တို့ နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်သတင်းအား ရှာဖွေလိုပါက အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် အမည်ရိုက်သွင်း၍ စုံစမ်းကြည့်နိုင်ကြောင်းလည်း သိရှိရပါတယ်။

http://japan.person-finder.appspot.com/query?lang=en&role=provide

 facebook-Myanmar-i-report

ဂျပန် နိုင်ငံရောက် မြန်မာ ပြည်သူများ အခက်အခက် မရှိ ရေး မိသား စု နှင့် ပြန်လည် ဆုံ

စည်း နိုင် ရေး အတွက် မြန်မာ အိုင်ရီပို့ အမည် ရှိ ဖေ့ဘွတ် စာမျက် နှာ တစ်ခု မှ တတ် နိုင်
သမျှ အကူအညီ ပေး နေသည် ။

ဂျပန် နိုင်ငံ၏ အခြေအနေ၊ သင်၏ အခြေအနေ ၊ မိသားစု မိတ်ဆွေ များ နှင့် ဆုံစည်း နိုင်ရန်
မြန်မာ အိုင် ရီ ပို့  စာမျက် နှာ တွင် သတင်း ပို့ ပါ။

https://www.facebook.com/pages/Myanmar-i-Report/151790078193151
မြန်မာ အိုင်ရီပို့  သည် ဂျပန် ရောက် မြန်မာ များ ဘေး အန္တရယ် ကင်းရှင်း ရေး အတွက် အရေး
ပေါ် သတင်းများ ကို အချိန် နှင့် တပြေးညီ တင်ဆက် ပေးသွား မည် ဖြစ်ပါသည်။

သံရုံးဖွင့်ပြီး လုပ်ငန်းများ ၁၅-၃-၂၀၁၁ နေ့  ၁၃၀၀ မှ စပြီး ပုံမှန်ဆောင်ရွက် နေပါတယ်လို့  http://www.myanmar-embassy-tokyo.net/ မှာ ကျေညာထားပါတယ်။

http://www.myanmar-embassy-tokyo.net/ကျေညာထားပါတယ်။

http://www.myanmar-embassy-tokyo.net


2011-03-14

ဂျပန်နိုင်ငံမှာ ဒီလ ၁၁-ရက်နေ့က ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆုနာမိ ဒီရေလှိုင်း ဒဏ်တွေကြောင့် နောက်တနေ့မှာ အနုမြူ ဓာတ်အားပေး စက်ရုံ အမှတ် ၁ ပေါက်ကွဲခဲ့အပြီး နောက်ထပ် ဓာတ်အားပေးစက်ရုံ အမှတ် ၂ နဲ့ ၃ တို့လည်း ပေါက်ကွဲနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတဲ့ အတွက် ဂျပန် တနိုင်ငံလုံး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

(Photo: AFP / HO / NHK)

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က အင်အား အလွန် ပြင်းသော ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံထားရသည့် အနုမြူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများအနက်မှ ဖုကုရှီးမား အမှတ် (၁) စက်ရုံ၏ နံပါတ် ၃ ဓာတ်ပေါင်းဖို မတ်လ ၁၄ ရက်နေ့က ပေါက်ကွဲနေပုံ ဖြစ်ပါသည်။

ငလျင်ဒဏ်ကြောင့် အနုမြူဓာတ်အားပေး စက်ရုံတွေကနေ ဓာတ်အား မထုတ်လုပ်နိုင်တော့တဲ့ အတွက် တိုကျိုမြို့မှာ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်ပြီး အလှည့်ကျ မီးပေးနေရတယ်လို့ သိရပါတယ်။

ဒါအပြင် နောက်ထပ် ငလျင်ကြီးတခု လှုပ်နိုင်သေးတယ်လို့ တရားဝင် သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ဂျပန်မှာ ရှိတဲ့ မြန်မာတွေ အပါအဝင် လူတွေအားလုံး တုန်လှုပ် ခြောက်ခြားနေကြတယ်လို့ ဂျပန်မှာ နေထိုင်တဲ့ မိုင်ကျော်ဦးက RFA ကို ပြောပါတယ်။

“ဂျပန်လူထုက တော်တော်လေး တုန်လှုပ်တယ်။ ဒီ ဂျပန်ကျွန်းမှာ ရှိနေတဲ့ ကျွန်တော်တို့ ဗမာတွေလည်း တော်တော် စိုးရိမ်ထိတ်လန့်နေတယ်။ ဘာဖြစ်လဲဆိုတော့ သုံးရက်အတွင်း ငလျင်ကြီး လာမယ်ဆိုတာလည်း တရားဝင် ပြောသားတဲ့ ကိစ္စရယ်၊ ဖြစ်နိုင်ခြေပေါ့၊ လှုပ်နိုင်တယ် ၇၀ ရာခိုင်နှုန်း၊ သူတို့ ခန့်မှန်းတယ်။ စလှုပ်တဲ့ ၁၁ ရက်နေ့ကနေပြီးတော့ ကျွန်တော်တို့ဆီမှာ ၁၀ နှစ်ခြား တကြိမ်လောက် လှုပ်နေတော့လေ။ ဒီကနေ့ထိဆိုရင် ကျွန်တော် ထင်တယ်၊ အကြိမ် တထောင်ကျော်လောက် ရှိတယ်။ ငလျင် လှုပ်တယ်။ ကျွန်တော်တို့ တိုကျိုလည်း ဒီလို ခံစားရတယ်။ တွေ့နေရတယ်။ မနေ့ကတည်းကစပြီး သောက်ရေသန့် ဝယ်လို့ မရဘူး။ ကျွန်တော်က တိုကျို တကဲ့ မြို့လယ်မှာ၊ ကျွန်တော့ ပတ်ဝန်းကျင်မှာတောင်မှ သောက်ရေ ထွက်ရှာတာ မတွေ့ဘူးဗျ။ တထိတ်တလန့်တော့ ဖြစ်တာတော့ အမှန်ပဲ။”

တိုကျိုမြို့မှာ အခုဆိုရင် လူအများဟာ မီးမသုံးရတဲ့ ပေါင်မုန့်၊ ကိတ်ခြောက် အပါအဝင် အလွယ်အသင့် စားလို့ရတဲ့ အစားအစာတွေကို ရသလောက် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved

Next Page »